The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ဆောင်းပါးများ


သတိပြုဖွယ် လျှပ်စစ်အန္တရာယ် (၃)
  သုံးတတ်လျှင် ဆေး ၊ မသုံးတတ်လျှင် ဘေး ဆိုရိုးစကား ရှိပါသည် ။ လျှပ်စစ်သည်လည်း သုံးတတ်လျှင် အကျိုးများစွာ ရှိသလို မသုံးတတ်လျှင် လျှပ်စစ်အန္တရာယ် နှင့် ကြုံတွေ့ကြရမည် ဖြစ်ပါသည် ။ လျှပ်စစ်အန္တရာယ်ဟူသည် ဓာတ်လိုက်၍ အသက်ဆုံးရှုံးမှု ၊ ခန္တာကိုယ် မသန်စွမ်းမှု ဖြစ်စဉ်များ ၊ Wire Short  ဖြစ်ပြီး မီးလောင်၍ ပစ္စည်း ဥစ္စာဆုံးရှုံးမှု ဖြစ်စဉ်များပင် ဖြစ်ပါသည် ။           ဓာတ်အားလိုင်းများ အနီးနှင့် ဓာတ်အားလိုင်းများ ​​အောက်တွင် ယာဉ်များ​​ပေါ်မှ သတိမထားဘဲ လုပ်ငန်း​ဆောင်ရွက်မှုများ​ကြောင့်……..၂၀၁၂ ခုနှစ် ဧပြီလ ၁၈ ရက်​နေ့က မန္တလေးမြို့တွင် ၁၃၂ ကေဗွီ ဓာတ်အားလိုင်းအောက်ရှိ အမှိုက်ပုံပေါ်သို့ စည်ပင်အမှိုက်သိမ်းယာဉ်မှ အမှိုက်များသွန်ချရာ သန့်ရှင်းရေး အလုပ်သမားမှ အုန်းလက်အစိုကိုင်းကို အပေါ်ထောင်၍ ကိုင်ဆောင်ပြီး ပစ်ချရာတွင် ၁၃၂ ကေဗွီ ဓာတ်အားလိုင်း လျှပ်စစ်စက်ကွင်းအတွင်းကျရောက်၍ သန့်ရှင်းရေး အလုပ်သမား ဓာတ်လိုက်သေဆုံးမှု ဖြစ်ပွားခဲ့……


Read More...

: 02-Jan-2018
သတိပြုဖွယ် လျှပ်စစ်အန္တရာယ် (၂)
သတိပြုဖွယ် လျှပ်စစ်အန္တရာယ် ဆောင်ပါးကို ဖတ်မိသော သူငယ်ချင်းတစ်ယောက်က “လျှပ်စစ်အန္တရာယ်က ပိုကြောက်စရာကောင်းတယ်ဆိုတာ ခုမှဘဲ သတိပြုမိတယ်ကွ…. ကုရာ နတ္ထိ ဆေးမရှိတဲ့ကွ၊ ဆောင်ရန် ရှောင်ရန် အချက်တွေကို ကြိုတင်သိရှိထားတဲ့ လူတစ်ယောက်အနေနဲ့တော့ မိမိအန္တရာယ်ကင်းနိုင်သလို တခြားသူတွေကိုလဲ ကာကွယ်ပေးနိုင်တာပေါ့ကွာ….. ဒါနဲ့ … တစ်နှစ် … တစ်နှစ် ဓာတ်လိုက်လို့သေဆုံး ဒဏ်ရာရတဲ့သူတွေ ဘယ်လောက်ရှိလဲကွ …… ဘယ်လို ဖြစ်စဉ်တွေ အဖြစ်များ လဲ?”


Read More...

: 02-Jan-2018
သတိပြုဖွယ် လျှပ်စစ်အန္တရာယ်
လူသားတစ်ယောက်၏ ဘဝတာ ကာလတွင် ရေဘေး ၊ မီးဘေး ၊ ရောဂါဘေး ၊ စစ်ဘေး ၊ မြေငလျင်ဘေး စသည့် ဘေးအန္တရာယ်များနှင့် ကြုံတွေ့ရမှုများ ရှိနိုင်သည် ။ အဆိုပါ ဘေးအန္တရာယ်များ ကြုံတွေ့ ခံစားရသူများ ထိခိုက်ဒဏ်ရာ ရရှိမှု ၊ ကိုယ်လက်အင်္ဂါ ချို့ယွင်းမှု ၊ အသက်ဆုံးရှုံးမှုများ ရှိကြမည် ဖြစ်ပေသည် ။ အဆိုပါ ဘေးအန္တရာယ်များ ကြုံတွေ့ရသူတိုင်းသည် အသက်ဆုံးရှုံးမှု မဖြစ်နိုင်ပေ။ သို့ရာ တွင် လျှပ်စစ်အန္တရာယ်နှင့် ကြုံတွေ့ရသူတိုင်းအတွက်မူ အသက်ဆုံးရှုံးမှုနှင့် ကြုံတွေ့ရပေမည် ။ "မြွေကိုက် လျှင် ဆေးရှိသည် ၊ ဓာတ်လိုက်လျှင် ဆေးမရှိ " တဲ့ ။


Read More...

: 02-Jan-2018