The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

တင်ဒါခေါ်ယူခြင်း


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ ထုတ်လုပ်သည့် ဓာတ်ဆီ၊ ဒီဇယ်ဆီနှင့် စီဂျီအို(CGO)များအား ရောင်းချမည့်ပုံစံနှင့် ဝယ်ယူသူမှ လိုက်နာရမည့် စည်းကမ်းချက်များ
၁။ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ကြီးကြပ်မှုအောက်ရှိ မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်တွင် တည်ရှိသော ရေနံဓာတုဗေဒစက်ရုံစု (သံပရာကန်) စက်ရုံမှ ထုတ်လုပ်သည့် ဓာတ်ဆီ၊ ဒီဇယ်ဆီနှင့် စီဂျီအို(CGO)များကို MOPS နှင့် ပြည်တွင်းကုမ္ပဏီတို့၏ လက်ကားရောင်းဈေးနှုန်း တို့အပေါ် အခြေခံတွက်ချက်သတ်မှတ်၍ ပြောင်းလဲသတ်မှတ်သည့် ရောင်းဈေးနှုန်းဖြစ်သည့် ဓာတ်ဆီ တစ်ဂါလန်လျှင် ၂,၂၅၀ကျပ် (ကျပ် နှစ်ထောင့်နှစ်ရာငါးဆယ်တိတိ) နှုန်းဖြင့် ဂါလန် (၁.၀)သန်း (ဂါလန်တစ်သန်း) အားလည်းကောင်း ၊ ဒီဇယ်ဆီ တစ်ဂါလန်လျှင် ၂,၄၀၀(ကျပ် နှစ်ထောင့်လေးရာတိတိ)နှုန်းဖြင့် ဂါလန်(၁.၀)သန်း(ဂါလန်တစ်သန်း)တို့အား စက်သုံးဆီအရောင်းဆိုင်များ၊ စက်သုံးဆီ တင်သွင်း/ရောင်းချ ဖြန့်ဖြူး ကုမ္ပဏီများ၊ ရေယာဉ်လုပ်ငန်းရှင်များ၊ လမ်းတံတားလုပ်ငန်း၊ တည်ဆောက်ရေးလုပ်ငန်း၊ ပို့ဆောင်ရေးလုပ်ငန်း၊ စက်ရုံအလုပ်ရုံများ၊ သတ္တုတွင်းလုပ်ငန်း၊ စက်သုံးဆီအသုံးပြု၍ လုပ်ငန်း ဆောင်ရွက်လျက် ရှိသည့် လုပ်ငန်းရှင်များသို့လည်းကောင်း၊ စီဂျီအို(CGO)တစ်ဂါလန်လျှင် ၂,၂၀၀ ကျပ်(ကျပ်နှစ်ထောင့်နှစ်ရာတိတိ) နှုန်းဖြင့် ဂါလန် (၅.၀)သိန်း (ဂါလန်ငါးသိန်းတိတိ)အား ရေယာဉ်လုပ်ငန်းရှင်များ၊ စီဂျီအို(CGO) အသုံးပြု၍ မီးထိုးဆောင်ရွက်သည့် လုပ်ငန်းရှင်များသို့ ၂-၁-၂၀၂၁ ရက်နေ့မှ ၃-၁-၂၀၂၁ ရက်နေ့အထိလျှောက်လွှာလက်ခံပြီး လွတ်လပ်စွာ ရောင်းချမည်ဖြစ်ပါ၍ မည်သူမဆို ရေနံဓာတုဗေဒစက်ရုံစု (သံပရာကန်)သို့ တိုက်ရိုက်လျှောက်ထား ဝယ်ယူနိုင်ပါသည်။


Read More...

Post under by : မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း(MPE)
: 30-Dec-2020
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန အိတ်ဖွင့်တင်ဒါခေါ်ဆိုခြင်း
၁။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဉီးစီးဌာနမှ ကနောင်ပင်မဓာတ်အားခွဲရုံရှိ ချို့ယွင်းသွားသော 230 / 33 / 11kV, 33.33 MVA Single Phase Transformer (1) No ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းကို တင်ဒါအမှတ် - 40 (T)/ DPTSC (PSD)/ 2020-2021 (မြန်မာကျပ်ငွေ) ဖြင့် တင်ဒါခေါ်ဆို ဆောင်ရွက်လိုပါသည်။


Read More...

Post under by : လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန(DPTSC)
: 30-Dec-2020
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း (အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း)
၁။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် အောက်ပါလုပ်ငန်းများအား မြန်မာကျပ်ငွေ (Kyat) ဖြင့် လုပ်ငန်းအပ်နှံ၊ ဝယ်ယူလိုပါသည်။


Read More...

Post under by : လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း(ESE)
: 30-Dec-2020
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်း၊ ပြည့်ဖြိုးမြဲစွမ်းအင်နှင့်ရေအားစက်ရုံများဌာန လက်အောက်ရှိ ရဲရွာဓာတ်အားပေးစက်ရုံ၏ Chiller System (Ventilation And Air Conditioning System) Upgrading ပြုလုပ်ခြင်း လုပ်ငန်းအား (မြန်မာကျပ်ငွေ)ဖြင့် လုပ်ငန်းဆောင်ရွက်ရန် (DDP At Site) ဖြင့် အိတ်ဖွင့်တင်ဒါ ခေါ်ယူလိုပါသည် -


Read More...

Post under by : လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း(EPGE)
: 30-Dec-2020
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်း၊ ပြည့်ဖြိုးမြဲစွမ်းအင်နှင့်ရေအားစက်ရုံများဌာန လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများ၏ Excitation System အဆင့်မြှင့်တင်ခြင်းများနှင့် ပေါင်းလောင်းဓာတ်အားပေးစက်ရုံအတွက် Water Cooled Chiller ဝယ်ယူအစားထိုးလဲလှယ်တပ်ဆင်ခြင်းများအား (မြန်မာကျပ်ငွေ)ဖြင့် လုပ်ငန်းဆောင်ရွက်ရန် (DDP At Site) ဖြင့် အိတ်ဖွင့်တင်ဒါ ခေါ်ယူလိုပါသည် -


Read More...

Post under by : လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း(EPGE)
: 29-Dec-2020