မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ ထုတ်လုပ်သည့် စက်သုံးဆီ(ဓာတ်ဆီ) ရောင်းချမည့်ပုံစံနှင့် ဝယ်ယူသူမှ လိုက်နာရမည့်စည်းကမ်းချက်များ
၁။ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ကြီးကြပ်မှုအောက်ရှိ မကွေးတိုင်းဒေသကြီး၊ အထက် မင်းလှမြို့နယ်တွင် တည်ရှိသော ရေနံဓာတုဗေဒစက်ရုံစု (သံပရာကန်) စက်ရုံမှ ထုတ်လုပ်သည့် ဓာတ်ဆီများကို ပြည်တွင်းကုမ္ပဏီတို့၏ လက်ကားရောင်းဈေးနှုန်း ၊ ပြည်ပ MOPS တို့နှင့် ချိန်ညှိဈေးနှုန်းသတ်မှတ်ပြီး ပြောင်းလဲသတ်မှတ်သည့် ရောင်းဈေးနှုန်းဖြစ်သည့် ဓာတ်ဆီ တစ်ဂါလန်လျှင် ၁,၇၅၀ ကျပ် (ကျပ် တစ်ထောင့်ခုနှစ်ရာငါးဆယ်တိတိ) နှုန်းဖြင့် ဂါလန် (၁.၀)သန်း (ဂါလန်တစ်သန်းတိတိ) အား စက်သုံးဆီအရောင်းဆိုင်များ၊ စက်သုံးဆီ တင်သွင်း/ရောင်းချ ဖြန့်ဖြူး ကုမ္ပဏီများ၊ ရေယာဉ်လုပ်ငန်းရှင်များ၊ လမ်းတံတားလုပ်ငန်း၊ တည်ဆောက်ရေးလုပ်ငန်း၊ ပို့ဆောင်ရေးလုပ်ငန်း၊ စက်ရုံအလုပ်ရုံများ၊ သတ္တုတွင်းလုပ်ငန်း၊ စက်သုံးဆီအသုံးပြု၍ လုပ်ငန်း ဆောင်ရွက်လျက် ရှိသည့် လုပ်ငန်းရှင်များသို့ ၂၀-၁၁-၂၀၂၀ ရက် နေ့မှ ၂၁-၁၁-၂၀၂၀ ရက်နေ့အထိလျှောက်လွှာလက်ခံပြီး လွတ်လပ်စွာ ရောင်းချမည်ဖြစ်ပါ၍ မည်သူမဆို ရေနံဓာတုဗေဒစက်ရုံစု (သံပရာကန်)သို့ တိုက်ရိုက်လျှောက်ထား ဝယ်ယူနိုင်ပါသည်။
Read More...
Post under by : မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း(MPE)
: 20-Nov-2020
မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ ထုတ်လုပ်သည့် စက်သုံးဆီ(Naphtha) ရောင်းချမည့်ပုံစံနှင့် ဝယ်ယူသူမှ လိုက်နာရမည့်စည်းကမ်းချက်များ
၁။မြန်မာ့ရေနံဓာတုဗေဓလုပ်ငန်းကြီးကြပ်မှုအောက်ရှိ မကွေးတိုင်းဒေသကြီး ၊ မင်းဘူးမြို့နယ်တွင် တည်ရှိသော အမှတ်(၁)ရေနံသဘာဝဓာတ်ငွေ့ရည်စက်ရုံ(မင်းဘူး)မှ ထုတ်လုပ်သည့် Naphtaများကို ပြည်တွင်းကုမ္ပဏီတို့၏ လက်ကားရောင်းဈေးနှုန်း ၊ ပြည်ပ MOPS တို့နှင့် ချိန်ညှိဈေးနှုန်းသတ်မှတ်ပြီး ပြောင်းလဲသတ်မှတ်သည့် ရောင်းဈေးနှုန်းဖြစ်သည့် Naphtha တစ်ဂါလန်လျှင် ၁,၉၀၀ ကျပ် (ကျပ် တစ်ထောင့်ကိုးရာတိတိ) နှုန်းဖြင့် ၄၀,၀၀၀ ဂါလန်(ဂါလန်လေးသောင်းတိတိ) အားစက်သုံးဆီအရောင်းဆိုင်များ ၊ စက်သုံးဆီ တင်သွင်း/ရောင်းချဖြန့်ဖြူးရေးကုမ္ပဏီများ ၊ ရေယာဉ်လုပ်ငန်းရှင်များ ၊ လမ်းတံတားလုပ်ငန်း၊ တည်ဆောက်ရေးလုပ်ငန်း ၊ ပို့ဆောင်ရေးလုပ်ငန်း၊ စက်ရုံအလုပ်ရုံများ ၊ သတ္တုတွင်းလုပ်ငန်း ၊ စက်သုံးဆီအသုံးပြု၍ လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းရှင်များသို့ ၂၀-၁၁-၂၀၂၀ ရက်နေ့မှ ၂၁-၁၁-၂၀၂၀ ရက်နေ့အထိ လျှောက်လွှာလက်ခံပြီး လွတ်လပ်စွာရောင်းချမည်ဖြစ်ပါမည်ဖြစ်ပါ၍ မည်သူမဆို အမှတ်(၁)ရေနံဓာတ်ငွေ့ရည်စက်ရုံ(မင်းဘူး)သို့ တိုက်ရိုက်လျှောက်ထားဝယ်ယူနိုင်ပါသည်။
Read More...
Post under by : မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း(MPE)
: 20-Nov-2020
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း(အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း)
မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ အောက်ဖေါ်ပြပါ ပစ္စည်းများအား မြန်မာကျပ်ငွေဖြင့် ဝယ်ယူ လိုပါသဖြင့် အိတ်ဖွင့်တင်ဒါများ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်-
Read More...
Post under by : မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)
: 20-Nov-2020
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း (အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း)
မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းလက်အောက်ရှိ အမှတ်(၄)ဓာတ်မြေဩဇာစက်ရုံ(မြောင်းတကာ)မှ ယူရီးယားဓာတ်မြေဩဇာများအောက်ပါအတိုင်း တင်ဒါခေါ်ယူရောင်းချမည်ဖြစ်ပါသည်-
Read More...
Post under by : မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း(MPE)
: 17-Nov-2020
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း)
၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများတွင် အောက်ဖော်ပြပါ မြို့ပြထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများနှင့် တည်ဆောက်ရေးလုပ်ငန်း(၅၃)ရပ်ကို မြန်မာကျပ်ငွေဖြင့် တင်ဒါခေါ်ဆိုဆောင်ရွက်မည်ဖြစ်ပါသည် -
Read More...
Post under by : လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း(EPGE)
: 12-Nov-2020