အင်္ဂပူမြို့နယ်ရှိ ထူးကြီးဒေသ၊ ချောင်းခွ၊ ညောင်ပင်ကြီးကွင်း၊ တစ်တီတူးကွင်း စသည့်ကျေးရွာအုပ်စု များ၌ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ရန်အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ ထူးကြီးဒေသအတွင်းရှိသည့် ချောင်းခွအုပ်စုတွင် ချောင်းခွ၊ အရိုးကုန်း၊ ကညွတ်ကွင်း၊ တောဇာကုန်းနှင့် ထောက်ကြံ့ကွင်းစသည်ဖြင့် ကျေးရွာ ၅ ရွာ၊ ညောင်ပင်ကြီးကွင်းကျေးရွာအုပ်စုတွင် ညောင်ပင်ကြီးကွင်း၊ ဘန့်ဘွေးကုန်း၊ ဂုံမင်းကွင်း၊ မကျီးပင်ဆိပ်၊ ရှားတော၊ လက်ပံခုံ စသဖြင့် ကျေးရွာခွဲ ၆ ရွာ၊ တစ်တီတူးကွင်းကျေးရွာအုပ်စုတွင် တစ်တီတူးကွင်း၊ လယ်ကြီးကွင်း၊ ငါးပြေမအင်း စသည်ဖြင့် ကျေးရွာခွဲ ၃ ရွာ စုစုပေါင်း ကျေးရွာအုပ်စု ၃ ခုတွင် ကျေးရွာခွဲပေါင်း ၁၄ ရွာ၊ အိမ်ခြေပေါင်း ၁,၁၇၇ အိမ်၊ လူဦးရေ ၄၆,၅၃ ဦးရှိ၍ တစ်ဆက်တည်း လျှပ်စစ်မီးသုံးစွဲလိုသူပေါင်း၊ အိမ်ခြေပေါင်းသည် ၅၇၁ အိမ်ရှိပါကြောင်း၊ လျှပ်စစ်မီးရရှိရန် ဆန္ဒပြင်း ပြလျက် လျှပ်စစ်မီးမရှိသည့်အတွက် ညောင်ပင်ကြီးကွင်း အ.ထ.က ခွဲ ကျောင်းတွင်ရှိသည့် ကျောင်း သား ကျောင်းသူများ စာပေသင်ကြားရာ၌ အခက်အခဲများရှိခြင်း၊ ဒေသခံပြည်သူများ စီးပွားရေး၊ ကျန်းမာရေးနှင့် လုံခြုံရေးလုပ်ငန်းများအတွက် လျှပ်စစ်မီးလိုအပ်ခြင်းစသည့် ဒုက္ခပေါင်းစုံနှင့် ကြုံတွေ့ ရပါကြောင်း။
Read More...