The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

ပြည်သူသို့ပန်ကြားလွှာ


၂၃၀/၆၆/၁၁ကေဗွီ ဘားအံပင်မဓာတ်အားခွဲရုံ၏ ၆၆ကေဗွီ ဘားအံဖီဒါ(၃) နှင့်(၄) ဓာတ်အားပိတ်ဆောင်ရွက်ခြင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ကရင်ပြည်နယ်၊ ဘားအံမြို့၊ ၂၃၀/၆၆/၁၁ကေဗွီ ဘားအံ ပင်မ ဓာတ်အားခွဲရုံမှ ဓာတ်အားဖြန့်ဖြူးပေးထားသော ၆၆ကေဗွီ ဘားအံဖီဒါ (၃) နှင့် ဘားအံဖီဒါ (၄) ဓာတ်အား လိုင်းများအား လျှပ်စစ်အန္တရာယ်ကင်းရှင်းစွာ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး၊ ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရေးနှင့် မိုးရာသီအကြိုကာလ ဓာတ်အားလိုင်းကြံ့ခိုင် ကောင်းမွန်စေရေးတို့အတွက် ဓာတ်အားလိုင်း ပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ရာ အဆိုပါ လုပ်ငန်းများ ဆောင်ရွက် ရန်အတွက် ၂၀၂၆ ခုနှစ်၊ မေလ ၂၄ ရက်နေ့ နံနက် ၈:၀၀ နာရီ မှ ညနေ ၅:၀၀ နာရီအထိ ဓာတ်အား ပိတ်၍ လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။


Read More...

: 22-May-2026
၁၃၂ ကေဗွီ မကွေး-တောင်တွင်းကြီး ဓာတ်အားလိုင်း၏ လက်ရှိ ACSR ဓာတ်အားလိုင်း ကြိုးအား ဝန်အား (၂) ဆကျော်အထိ တိုးမြှင့် သယ်ဆောင်နိုင်သည့် နည်းပညာမြင့် ဖိုင်ဘာအူတိုင် အလူမီနီယံကြိုးဖြင့် အစားထိုးလဲလှယ်ခြင်းနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် မကွေးတိုင်းဒေသကြီးအတွင်းရှိ တည်ဆောက်ပြီးနှင့် တည်ဆောက်ဆဲ ဓာတ်အားပေးစက်ရုံစီမံကိန်းများ၏ ဓာတ်အားထုတ်လုပ်မှုများအား နိုင်ငံတော် ဓာတ်အားစနစ်ကွန်ယက်သို့ ပိုမိုသယ်ဆောင်နိုင်ရန်၊ ဓာတ်အားစနစ်တည်ငြိမ်စေရန်နှင့် ဗို့အား တိုးတက်ကောင်းမွန်စေရန်တို့အတွက် ၁၃၂ ကေဗွီ မကွေး-တောင်တွင်းကြီး ဓာတ်အားလိုင်း၏ လက်ရှိ ACSR ဓာတ်အားလိုင်းကြိုးကို ဝန်အား(၂)ဆကျော်အထိ တိုးမြှင့် သယ်ဆောင်နိုင်သည့် နည်းပညာမြင့် ဖိုင်ဘာအူတိုင် အလူမီနီယံ ဓာတ်အားလိုင်းကြိုးဖြင့် ဓာတ်အားပိတ်၍ အစားထိုးလဲလှယ်ခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။


Read More...

: 22-May-2026
လျှပ်စစ်ဓာတ်အားသုံးစွဲသူပြည်သူများသို့ အသိပေးတင်ပြခြင်း
၁။   လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ပြည်သူများသို့ လျှပ်စစ်ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်ရန် အတွက် စွမ်းအင်အရင်းအမြစ်မျိုးစုံမှ ဓာတ်အားများကို စိစစ်ထုတ်လုပ်၍ ၂၀၂၆ ခုနှစ်၊ ဧပြီလ (၂၂) ရက်နေ့မှ စတင်ပြီး အဆင့်ဆင့်တိုးမြှင့် ထုတ်လုပ်ပေးခဲ့ရာ ယနေ့အချိန်အထိ နေ့စဉ် ယူနစ် ၁၀ သန်းခန့်ထိ တိုးမြှင့်ဖြန့်ဖြူး ပေးလျက်ရှိပါသည်။


Read More...

: 21-May-2026
ကလော ၁၃၂ ကေဗွီ ခွဲရုံတွင် ၁၀၀ အမ်ဗွီအေ ထရန်စဖော်မာ တိုးချဲ့တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်ခြင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ခရိုင်၊ မြို့ ဧရိယာများသို့ ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်ရန်၊ ဗို့အားကောင်းမွန်စေရန်နှင့် ထရန်စဖော်မာများ ထိန်းသိမ်း ပြုပြင်ခြင်း ဆောင်ရွက်ချိန်များတွင် ဓာတ်အားပြတ်တောက်မှုအနည်းဆုံးဖြစ်အောင် ဆောင်ရွက်နိုင် စေရန်အတွက် ၁၃၂ ကေဗွီ ကလောပင်မဓာတ်အားခွဲရုံတွင် ၁၃၂ ကေဗွီ ၁၀၀ အမ်ဗွီအေ ထရန်စဖော်မာအသစ်အား တိုးချဲ့တည်ဆောက်ခဲ့ပါသည်။ ယခုအခါ ၁၀၀ အမ်ဗွီအေ ထရန်စဖော်မာ အသစ် ရာနှုန်းပြည့် တည်ဆောက်ပြီးစီး၍ ဓာတ်အားသုံးစွဲနိုင်စေရန် 66 kV Bus Gantry များ၊ ကြိုးများ ချိတ်ဆက်ခြင်းများကို ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ပါသည်။


Read More...

: 16-May-2026
မိဘပြည်သူများသို့ အသိပေးပန်ကြားခြင်း
၁။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် နိုင်ငံတော်၏ ဓာတ်အားစနစ် တည်ငြိမ်ရေးနှင့် ပြည်သူလူထုထံသို့ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ ဖြန့်ဖြူးပေးနိုင်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။


Read More...

: 14-May-2026