The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

ဝန်ထမ်းခေါ်စာများ


လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ အငယ်တန်းအင်ဂျင်နီယာ(၂)(စက်မှု)/(လျှပ်စစ်)ရာထူးနေရာများအတွက် ရွေးချယ်ခံရသူအမည်စာရင်းထုတ်ပြန်ခြင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းတွင် လစ်လပ်လျက်ရှိသော လစာနှုန်းကျပ်(၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀)တန်း၊ အငယ်တန်းအင်ဂျင်နီယာ(၂)(စက်မှု)/ (လျှပ်စစ်) စုစုပေါင်း ၂၅ နေရာ၌ ဖြည့်တင်းခန့်ထားရေးအတွက် ၂၄-၁-၂၀၂၆ ရက်တွင် ရေးဖြေစာမေးပွဲ နှင့် ၂၅-၁-၂၀၂၆ ရက်တွင် လူတွေ့စစ်ဆေးခြင်းများပြုလုပ်ခဲ့ပြီး ရွေးချယ်ခံရသူ ၂၅ ဦး၏ အမည်စာရင်း များအား အောက်ပါအတိုင်း ထုတ်ပြန်ကြေညာလိုက်သည်-


Read More...

: 09-May-2026
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ရေးဖြေစာမေးပွဲဖြေဆိုခွင့်ရရှိသူစာရင်း ကြော်ငြာခြင်း
၁။ မြန်မာ့အလင်းသတင်းစာနှင့် ကြေးမုံသတင်းစာတို့၌ ၂၆.၁၁.၂၀၂၅ ရက်တွင် ကြော်ငြာခေါ်ယူခဲ့သော လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းတွင် အငယ်တန်းအင်ဂျင်နီယာ -၂ (စက်မှု)/ (လျှပ်စစ်)ရာထူး ၂၅ နေရာခန့်ထားရန်အတွက် အရည်အချင်းစစ် ရေးဖြေစာမေးပွဲကို ၂၄.၁.၂၀၂၆ ရက်တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ ရေးဖြေစာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို ၂၂.၁.၂၀၂၆ရက် နံနက်(၀၉:၀၀) နာရီမှ ညနေ (၁၆:၀၀) နာရီအထိ ရုံးချိန်အတွင်း ရုံးအမှတ် (၂၇)၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ စီမံခန့်ခွဲရေးဌာနသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်အတူ လူကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ပါသည်။


Read More...

: 09-Jan-2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲ‌ရေးဦးစီးဌာန ဒု-ဦးစီးမှူး(စက်/လျှပ်)/(မြို့ပြ)ရာထူးနေရာများအတွက် ရွေးချယ်ခံရသူများစာရင်းထုတ်ပြန်ခြင်း ကြော်ငြာစာအမှတ် ( ၄ / ၂၀၂၅ )
၁။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၏ ၆.၈.၂၀၂၅ ရက်စွဲပါကြော်ငြာစာအမှတ်(၃/၂၀၂၅)ဖြင့် ကြော်ငြာခေါ်ယူခဲ့သည့် ဒု-ဦးစီးမှူး(စက်/လျှပ်)/ (မြို့ပြ)ရာထူး ၉ နေရာအတွက် အတည်ပြုရွေးချယ်ခံရသူများ၏ ခုံအမှတ်များအား အောက်ဖော်ပြပါ အတိုင်းကြေညာလိုက်သည် -


Read More...

: 24-Dec-2025
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒု-ဦးစီးမှူး(စက်လျှပ်)/(မြို့ပြ) ရာထူး ၉နေရာတွက် လျှောက်လွှာခေါ်ယူခြင်း
၁။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန ကွပ်ကဲမှုအောက်တွင် လစ်လပ်လျက်ရှိသော လစာနှုန်း (၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) တန်း ဒု- ဦးစီးစီး (စက်/လျှပ်) /(မြို့ပြ) ရာထူး ၉နေရာအတွက် အောက်ဖော်ပြပါသတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသူများလျှောက်ထားနိုင်ပါသည်-


Read More...

: 06-Aug-2025
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော ဒု-ဦးစီးမှူး(အင်ဂျင်နီယာ)ရာထူး (၃) နေရာ ခေါ်ယူခြင်း
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော လစာနှုန်းကျပ် (၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀)တန်း ဒု-ဦးစီးမှူး(အင်ဂျင်နီယာ)ရာထူး (၃) နေရာအတွက် အောက်ဖော်ပြပါ သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံကိုက်ညီသူများ လျှောက်ထားနိုင်ပါသည် -


Read More...

: 17-Jan-2025