၁။ ပြည်ထောင်စုဝန်ကြီးရုံး၏ အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်ခြင်း၊
၂။ ဝန်ကြီးဌာနစီမံခန့်ခွဲမှုအစည်းအဝေးကိစ္စရပ်များ ဆောင်ရွက်ခြင်း၊
၃။ ဝန်ကြီးဌာန ဝန်ထမ်းစီမံရေးနှင့် အထွေထွေစီမံခန့်ခွဲမှု ကိစ္စရပ်များကို တာဝန်ယူညွှန်ကြားခြင်း၊
၄။ မှတ်ပုံတင်လုပ်ငန်းများနှင့် ဝန်ကြီးဌာန၏ လုပ်ငန်းလိုင်စင်နှင့် အခွန်အခဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ခြင်း၊
၅။ ဝန်ကြီးဌာနဆိုင်ရာ ဌာနပိုင်မြေအမည်ပေါက်ရရှိရေးကိစ္စရပ်များ ဆောင်ရွက်ခြင်း၊ ဌာနပိုင်မြေပေါ်ရှိ ကျူးကျော်များ ဖယ်ရှင်းလင်းနိုင်ရေးဆောင်ရွက်ခြင်း၊
၆။ ဝန်ထမ်းဖွဲ့စည်းပုံအသစ် ဖွဲ့စည်းခြင်း၊ တိုးချဲ့ဖွဲ့စည်းခြင်းနှင့် ပြောင်းလဲ ဖွဲ့စည်းခြင်း ကိစ္စရပ်များကို ဆောင်ရွက်ခြင်း၊
၇။ ဝန်ထမ်းများအတွက် ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်းဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ခြင်း၊
၈။ စီမံကိန်း၊ စက်ရုံများတွင် နိုင်ငံခြားသားများ ဝင်/ထွက် သွားလာခြင်းများအတွက် လုံခြုံရေးကိစ္စရပ်များ တင်ပြဆောင်ရွက်ခြင်း၊
၉။ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ အစည်းအဝေး၊ အခမ်းအနားတက်ရောက်မှုနှင့် ကင်းလွတ်ခွင့်တောင်းခံသည့်ကိစ္စရပ်များ ဆောင်ရွက်ခြင်း၊
၁၀။ ဝန်ကြီးဌာန တစ်ခုလုံး၏ ဝန်ထမ်းရေးရာ ကိစ္စရပ်များနှင့် ဝန်ထမ်းများ၏ အုပ်ချုပ်မှုဆိုင်ရာကိစ္စများကို ဆောင်ရွက်ခြင်း၊
၁၁။ ဝန်ကြီးဌာနဆိုင်ရာ မော်တော်ယာဉ်၊ စက်ယန္တရားကိစ္စရပ်များ ဆောင်ရွက်ခြင်း။

