၁။ ဝန်ကြီးဌာနလက်အောက်ရှိ ဌာနအသီးသီး၏ ဘဏ္ဍာငွေ အရ /အသုံးများကို လစဉ်ရယူစိစစ်ခြင်း။
၂။ ရငွေ/သုံးငွေ သုံးစွဲမှုမှန်ကန်ရေး စောင့်ကြည့်လေ့လာခြင်းနှင့် စိစစ်ကြီးကြပ်ခြင်း။
၃။ လုပ်ငန်းများအား ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းနှင့် ညီ/မညီ စိစစ်ခြင်း။
၄။ ဝန်ကြီးဌာနအတွင်း စာရင်းစစ်လုပ်ငန်းများ (Internal Audit) ဆောင်ရွက်ခြင်း။
၅။ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ၏ စာရင်းစစ်ဆေးမှုခံယူရန် စီစဉ်ခြင်းနှင့်စာရင်းစစ် ကန့်ကွက်ချက်များကို သက်ဆိုင်ရာ ဌာနအလိုက်ဖြေရှင်းဆောင်ရွက်မှုအပေါ် ကြီးကြပ်ခြင်း။
၆။ ဝန်ထမ်းများ၏ လစာစရိတ်နှင့် အခြားခံစားခွင့်များအတွက် စီမံဆောင်ရွက်ခြင်း။

