The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ဖွဲ့စည်းပုံ/လုပ်ငန်းတာဝန်


ရေနံနှင့်သဘာဝဓာတ်ငွေ့စီမံရေးဦးစီးဌာန

 

ဖွဲ့စည်းပုံ

          ရေနံနှင့်သဘာဝဓာတ်ငွေ့စီမံရေးဦးစီးဌာနကို အောက်ဖော်ပြပါ ဌာနခွဲ (၃)ခုဖြင့် ဖွဲ့စည်း ဆောင်ရွက်လျက်ရှိပါသည်-

                     (က)    စီမံကိန်းနှင့် စီးပွားရေးရာစီမံခန့်ခွဲရေးဌာနခွဲ

                     (ခ)     ဥပဒေစိစစ်ရေးနှင့်ထုတ်လုပ်မှုစီမံခန့်ခွဲရေးဌာနခွဲ

                     (ဂ)     အထွေထွေစီမံခန့်ခွဲရေးဌာနခွဲ

 

လုပ်ငန်းတာဝန်များ

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရေနံနှင့်သဘာဝဓာတ်ငွေ့စီမံရေးဦးစီးဌာနမှ ဆောင်ရွက် လျက်ရှိသော အဓိကလုပ်ငန်းတာဝန်များမှာ အောက်ဖော်ပြပါအတိုင်းဖြစ်ပါသည်-

(က) ဝန်ကြီးဌာန၏ မူဝါဒလုပ်ငန်းစဉ်၊ လမ်းညွှန်ချက်များနှင့်အညီ လုပ်ငန်း အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန် ကြီးကြပ်ခြင်း၊

(ခ)   စွမ်းအင်မူဝါဒကို အကောင်အထည်ဖော်ရေးဆွဲရာတွင်ပါဝင်ဆောင်ရွက်ခြင်း၊

(ဂ)   ဥပဒေ၊ နည်းဥပဒေများကို ဦးဆောင်၍ ဆွေးနွေးခြင်း၊ ရေးဆွဲပြုစုခြင်း၊

(ဃ) စွမ်းအင်ဆိုင်ရာလုပ်ငန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းခြင်း၊

(င)   ရေနံစာချုပ်စာတမ်းများ ပြုစုရေးဆွဲချုပ်ဆိုနိုင်ရေး ညှိနှိုင်းကြီးကြပ်ဆောင်ရွက်ခြင်း၊

(စ)   ကုန်းတွင်းနှင့် ကမ်းလွန်လုပ်ကွက်များနှင့်ပတ်သက်၍ လုပ်ငန်းများဆောင်ရွက်ရာတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ချမှတ်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခြင်း၊

(ဆ) ကုန်းပိုင်းရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်ခြင်းတွင် ဘဏ္ဍာရေးနှစ် အလိုက် တွင်းသစ်တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေကို စိစစ်ခြင်း၊

(ဇ)   စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှုကို စဉ်ဆက်မပြတ် စောင့်ကြည့် တည့်မတ်ပေးခြင်း၊

(ဈ)  နှစ်စဉ်ဘဏ္ဍာရေး လျာထားချက်များ၊ ရငွေ၊ သုံးငွေစာရင်းဇယားများကို လုပ်ငန်းဌာန များနှင့် ညှိနှိုင်းပူးပေါင်းရေးဆွဲ ဆောင်ရွက်ခြင်း၊

(ည) စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေတိုရေရှည်အစီအစဉ်များ ချမှတ်အကောင် အထည်ဖော်ဆောင်ရွက်ခြင်း၊

(ဋ)   ပုဂ္ဂလိကကဏ္ဍတိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် အစီအမံများ ချမှတ်ဆောင်ရွက်ခြင်း၊

(ဌ)   စွမ်းအင်ဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များပြုစုခြင်းနှင့် အနာဂတ်စွမ်းအင် လိုအပ် ချက်နှင့် ဖြန့်ဖြူးပေးနိုင်မှုများကို ခန့်မှန်းတွက်ချက်ခြင်း၊

(ဍ)   စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်း၊

(ဎ)   တင်ဒါလုပ်ငန်းများ မှန်ကန်မှုရှိစေရေး ကြီးကြပ်ကွပ်ကဲခြင်း၊

(ဏ) လူ့စွမ်းအားအရင်းအမြစ် မြှင့်တင်နိုင်ရေး အစီအမံများ ချမှတ်ဆောင်ရွက်ခြင်း၊

(တ) သဘာဝပတ်ဝန်းကျင်နှင့် လူမှု့စီးပွားလုပ်ငန်းများကို တွန်းအားပေးဆောင်ရွက်ခြင်း၊

(ထ) စွမ်းအင်ဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်ရာတွင် နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းရေးကိစ္စများကို ဆောင်ရွက်ခြင်း၊

(ဒ)   စွမ်းအင်ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှုရှိစေရေး ကြီးကြပ်ဆောင်ရွက်ခြင်း။