The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

၀န်ကြီးဌာနသတင်း

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးခြင်းနှင့် တာဝန်ရှိသူများအား တွေ့ဆုံမှာကြားခြင်း

 လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် နိုင်ငံတော်တွင် လျှပ်စစ်ဓာတ်အားတိုးတက်ရရှိရေး၊ လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေးနှင့် ဓာတ်အားစနစ်တည်ငြိမ်၍ စဉ်ဆက်မပြတ် ပေးနိုင်ရေးတို့အား ဘက်စုံမှတွန်းအားပေးဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် သည် ဇူလိုင်လ ၂၀ ရက်နေ့ နံနက်တွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်းနှင့် တာဝန်ရှိသူများလိုက်ပါပြီး ပဲခူးတိုင်းဒေသကြီး၊ အင်းတကော်စက်မှုနယ်မြေသို့ သွားရောက်၍ ခေတ်မီ Smart Meter များ ပြည်တွင်းမှာပင် ထုတ်လုပ်နေသည့်စက်ရုံသို့ ကြည့်ရှုစစ်ဆေးခဲ့ပါသည်။


Read More...
21-Jul-2026
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်ရှိ အမှတ်(၅)ဓာတ်မြေဩဇာစက်ရုံစက်လည်ပတ်ထုတ်လုပ်နေမှုအခြေအနေအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး သွားရောက်ကြည့်ရှုစစ်ဆေး 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်းသည် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ထွန်းဇော်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ  ၁၉ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီး ထောင့်မြို့နယ်၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း လက်အောက်ရှိ အမှတ် (၅) ဓာတ်မြေဩဇာစက်ရုံ၏ စက်လည်ပတ်ထုတ်လုပ်နေမှုအခြေအနေအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။


Read More...
19-Jul-2026
နေရောင်ခြည်စွမ်းအင်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်မှုတွင် ဆိုလာဓာတ်အားစနစ် သိသာစွာတိုးမြှင့်ပါဝင် လာစေရန် ရည်ရွယ်သည့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Horizon Lake View Resort ၌ ကျင်းပပြုလုပ်ရာ  လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို လွင်က တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။


Read More...
15-Jul-2026

ဆောင်းပါးများ

ကိုကိုးကျွန်းမြို့နယ်တွင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံဖြင့် (၂၄)နာရီ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ပြီ

ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်သည် ကမ်းရိုးတန်းနှင့် အလှမ်းကွာဝေး သော ကပ္ပလီပင်လယ်တွင်းရှိ ကျွန်းမြို့နယ် တစ်ခု ဖြစ်ပြီး၊ ဆက်သွယ်သွားလာရေးလည်း ခက်ခဲသော နေရာတစ်ခု ဖြစ်ရာ ယခင်က ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးခဲ့သော်လည်း ယခုအခါ ရန်ကုန်တိုင်း ဒေသကြီးအစိုးရနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်းတို့၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် ကျွန်းပေါ်တွင် နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တစ်ခုကို တည်ဆောက်ကာ ၂၀၂၁ ခုနှစ်၊ နှစ်သစ်ကူးသည့်နေ့ (၁-၁-၂၀၂၁)ရက်နေ့တွင် ကျွန်းတစ်ခုလုံးသို့ လျှပ်စစ်ဓာတ်အား စတင် စမ်းသပ် ထုတ်လုပ်လျက် (၃-၁-၂၀၂၁)ရက်နေ့မှ စတင်၍ (၂၄)နာရီ ဖြန့်ဖြူး ပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။


Read More...
05-Jan-2021
ပြည်သူ့အတွက် လျှပ်စစ်အဟုန် နိုင်ငံ့ဂုဏ်

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရ၏ မူဝါဒဖြစ်သော ပြည်သူ လူထု၏ လူနေမှုအဆင့်အတန်း မြင့်မားစေရေးအတွက် အဓိကအချက်သည် လမ်းပန်းဆက်သွယ် ရေးနှင့် လျှပ်စစ်မီးရရှိရေး ဖြစ်သည်နှင့်အညီ ရည်မှန်းချက်ဖြစ်သည့် ပြည်သူများ ယုံကြည် စိတ်ချ ရသည့် တည်ငြိမ်သည့် လျှပ်စစ်ဓာတ်အား၊ ပြည့်ဝစွာသုံးစွဲနိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိသည့် အပြင် တိုင်းရင်းသားလူမျိုးပေါင်းစုံ သာတူညီမျှဖြစ်စေရန် ဖြည့်ဆည်းဆောင်ရွက်မှုများကို တိုင်း ဒေသကြီး၊ ပြည်နယ်အပါအဝင် နယ်စပ်ဒေသများပါမကျန် ဖြန့်ကြက် ဆောင်ရွက်ပေးလျက်ရှိသည်။


Read More...
25-Sep-2020

အခြားသတင်းများ

PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများက ပခုက္ကူမြို့နယ်၊ ပေါင်လောင်ကန်ကျေးရွာအနီး မဟာဓာတ်အားလိုင်း တိုင်အမှတ် (၃၃၈) အား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုကြောင့် ဒေသတွင်းလူမှုစီးပွားဘဝများ ထိခိုက်ဆုံးရှုံး

လျှပ်စစ်စွမ်းအားကဏ္ဍသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်၊ လူနေမှုဘဝမြင့်မားစေရန်နှင့် လူမှုစီးပွားဘဝ လုံခြုံတိုးတက်စေရန်အတွက် အဓိက အရေးကြီးသည်နှင့်အညီ နိုင်ငံတော်အစိုးရအနေဖြင့် လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် ဦးစားပေးဆောင်ရွက်ပေးလျက်ရှိသည်။ PDF အမည်ခံ အကြမ်းဖက်သောင်း ကျန်းသူများနှင့် အချို့သော EAOs အဖွဲ့များသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသည့် လျှပ်စစ်စွမ်းအားကဏ္ဍနှင့်အခြားသောလုပ်ငန်းများကို  နည်းလမ်း ပေါင်းစုံဖြင့် တိုက်ခိုက်ဖျက်ဆီးနေသည်ကို တွေ့ရှိရသည်။

Read More...

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ ၃၃ ကေဗွီ ဓာတ်အားခွဲရုံအမှတ်(၂)ရှိ ၃၃/၁၁ ကေဗွီ၊ ၁၀ အမ်ဗွီအေ ထရန်စဖော်မာလောင်ကျွမ်းမှုဖြစ်စဉ်နှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်

၁။ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ ၃၃ ကေဗွီ ဓာတ်အား ခွဲရုံအမှတ် (၂) ရှိ ၃၃/၁၁ ကေဗွီ၊ ၁၀ အမ်ဗွီအေ ထရန်စဖော်မာအမှတ်(၁)သည် ၂၀၂၆ခုနှစ်၊ မေလ ၂၁ ရက်နေ့ (၁၅:၄၂) နာရီတွင် ဓာတ်အားပြတ်တောက်ခဲ့ပြီး လျှပ်စစ်စမ်းသပ်ရေးဆိုင်ရာ စမ်းသပ်ချက် များအရ ထရန်စဖော်မာလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ဖော်ပြပါ ထရန် စဖော်မာလောင်ကျွမ်းမှုကို သိလျှင်သိခြင်း အဆိုပါ ထရန်စဖော်မာဖြင့် ဓာတ်အားဖြန့်ဖြူးထားသည့် အစိုးရဌာနရုံးများနှင့် အများပြည်သူဆိုင်ရာနေရာ အချို့အား ၎င်းဓာတ်အားခွဲရုံရှိ ကျန်ထရန်စဖော်မာ အမှတ် (၂) ဖြင့် ဝန်အားမျှ၍ လျှပ်စစ်ဓာတ်အား ယာယီပြန်လည်ဖြန့်ဖြူးပေးခဲ့ပါသည်။

Read More...

နိုင်ငံတော်ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားပေးစက်ရုံများမှ ဓာတ်အားကို ပို့လွှတ်ဖြန့်ဖြူးလျက်ရှိသော ဓာတ်အားလိုင်းများနှင့် သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ဓာတ်အားပေးစက်ရုံများအား အမြန်ဆုံးဓာတ်အားပြန်လည်ထုတ်လွှတ်ပို့လွှတ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများနှင့် လတ်တလောဓာတ်အားဖြန့်ဖြူးနိုင်မှုအခြေအနေများအား သတင်းထုတ်ပြန်ခြင်း

၁။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးလျက်ရှိသည့် ဓာတ်အား ပေးစက်ရုံများ၏ အရင်းအမြစ်အလိုက် စုစုပေါင်း တပ်ဆင်စက်အင်အားမှာ (၇၂၇၂) မဂ္ဂါဝပ်ရှိပြီး ၎င်းစက်များအား စွမ်းအားပြည့်မောင်းနှင်လည်ပတ်နိုင်ပါက ၄၀၀၀ မဂ္ဂါဝပ်ခန့်ထုတ်လုပ်ဖြန့်ဖြူးနိုင် မည်ဖြစ်ပါသည်။

Read More...
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)

မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ ခရိုင်/မြို့နယ်အလိုက် မီတာ ခွဲဝေ၊ ရရှိ၊ ထုတ်ပေး၊ လက်ကျန်စာရင်း (၃.၅.၂၀၂၄ ) မှ (၉.၅.၂၀၂၄) ထိ

မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ ခရိုင်/မြို့နယ်အလိုက် မီတာ ခွဲဝေ၊ ရရှိ၊ ထုတ်ပေး၊ လက်ကျန်စာရင်း (၃.၅.၂၀၂၄ ) မှ (၉.၅.၂၀၂၄) ထိ

Read More...
မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(MESC)

မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ ခရိုင်/မြို့နယ်အလိုက် မီတာ ခွဲဝေ၊ ရရှိ၊ ထုတ်ပေး၊ လက်ကျန်စာရင်း (၁၂.၄.၂၀၂၄ ) မှ (၂၅.၄.၂၀၂၄) ထိ

မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ ခရိုင်/မြို့နယ်အလိုက် မီတာ ခွဲဝေ၊ ရရှိ၊ ထုတ်ပေး၊ လက်ကျန်စာရင်း (၁၂.၄.၂၀၂၄ ) မှ (၂၅.၄.၂၀၂၄) ထိ

Read More...
မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(MESC)