MINISTRY OF ELECTRIC POWER

Breaking News :

Tender Regulation


တင်ဒါစိစစ်ရွေးချယ်မှုစည်းမျဉ်းများ

  • သတ်မှတ်ထားသည့် တင်ဒါပိတ်ရက်၊ အချိန်ထက် နောက်ကျပေးသွင်းလာသည့် တင်ဒါများကို လုံးဝ လက်ခံစဉ်းစားမည်မဟုတ်ပါ။
  • တင်ဒါပိတ်ရက်တွင် သတ်မှတ်ထားသည့်အချိန်၌ မပါမဖြစ်ပါဝင်ရမည့် စာရွက်စာတမ်း အထောက် အထားများပါရှိမှုအား တစ်ချိန်တည်း တင်ဒါစိစစ်ကြီးကြပ်ရေးကော်မတီနှင့် တင်ဒါတင်သွင်း သူများ၏ ရှေ့မှောက်တွင် ဖွင့်/ဖောက်စစ်ဆေး၍ တင်ပြကြေငြာသွားမည်ဖြစ်သည်။(မပါမဖြစ် ပါဝင်ရမည့်အချက်များ ပါဝင်မှုမရှိသော တင်ဒါတင်သွင်းမှုများအား ပယ်ဖျက်သွားမည်ဖြစ်ပါသည်။)
  • သတ်မှတ်ထားသော Bid Security or Bid Bond ပေးသွင်းသည့် Latter of Guarantee အား တင်ပြနိုင်ခြင်းမရှိသည့် တင်သွင်းမှုများအား လက်ခံစဉ်းစားမည်မဟုတ်ပါ။
  • ဈေးနှုန်းတွက်ချက်မှုမှားယွင်းခြင်း၊ မူလတင်ဒါတွင်ပါဝင်သည့် လုပ်ငန်းပမာဏအား လျော့၍ တွက်ချက်ခြင်း၊ ထည့်သွင်းတွက်ချက်မထားရှိမှုများကို စိစစ်တွေ့ရှိရပါက ၎င်းတင်သွင်းသည့် တင်ဒါအား ပယ်ဖျက်သွားမည်ဖြစ်ပါသည်။
  • တင်ဒါပေးသွင်းသူသည် မိမိတင်ဒါအောင်မြင်မှုအတွက် အစိုးရအရာရှိများထံမှလည်းကောင်း၊ သြဇာတိက္ကမရှိသော ပုဂ္ဂိုလ်များထံမှလည်းကောင်း အကူအညီရယူရန်ကြိုးစားလျှင် တင်ဒါအား ပယ်ဖျက်သွားမည်။
  • တင်ဒါခေါ်ယူရေးကော်မတီသည် သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့် မကိုက်ညီ၍သော် လည်းကောင်း၊ နိုင်ငံတော်နှင့် ဌာနမှသတ်မှတ်ပြဌာန်းထားသော စည်းကမ်း၊ ဥပဒေများ၊ ညွှန်ကြား ချက်များနှင့် ကိုက်ညီမှုမရှိ၍သော်လည်းကောင်း၊ ရရှိသော တင်ဒါတစ်ခုကိုဖြစ်စေ၊ အားလုံးကို ဖြစ်စေ၊ အကြောင်းတစ်စုံတစ်ရာဖော်ပြခြင်းမပြုဘဲ ပယ်ဖျက်ပိုင်ခွင့်ရှိကြောင်းကို တင်ဒါသွင်းသူများ သိရှိထားရမည်။
  • တင်ဒါစိစစ်အတည်ပြုရေးကော်မတီသည် တင်ဒါတင်သွင်းသူများမှ ပေးသွင်းလာသည့် Detail Technical Specification များနှင့် ကုမ္ပဏီနှင့်သက်ဆိုင်သည့် စာရွက်စာတမ်း အထောက်အထား များအား စစ်ဆေးရန် အောင်/ရှုံး သတ်မှတ်သွားမည်ဖြစ်သည်။
  • တင်ဒါစိစစ်ရွေးချယ်အတည်ပြုရေးကော်မတီမှ စိစစ်သုံးသပ်၍ အတည်ပြုပြီးသော တင်ဒါအောင်မြင် သူနှင့် မအောင်မြင်သူများအား စာဖြင့်အကြောင်းကြားခြင်းသော်လည်းကောင်း၊ ကုမ္ပဏီအားလုံး အားခေါ်ယူ၍ ရှင်းလင်းတင်ပြခြင်းသော်လည်းကောင်း ပြုလုပ်၍သွားမည် ဖြစ်ပါသည်။
  • စာဖြင့်အကြောင်းကြားခြင်းပြုလုပ်ခဲ့ပါက တင်ဒါမအောင်မြင်သူများအနေဖြင့် မကျေနပ်မှု၊ သိရှိ စုံစမ်းလိုမှုများရှိပါက တင်ဒါအောင်မြင်/ကျရှုံးကြောင်း အကြောင်းကြားသည့်ရက်မှ (၁၅)ရက် အတွင်း တင်ဒါစိစစ်ရွေးချယ်ရေးကော်မတီသို့ တရားဝင်စာဖြင့်ရေးသား၍ စုံစမ်းနိုင်ပြီး ကော်မတီမှ လည်း တရားဝင်စာဖြင့် ဖြေရှင်းအကြောင်းပြန်ကြားသွားမည်ဖြစ်ပြီး (၁၅)ရက်ထက်ကျော်လွန်မှ ရောက်ရှိလာသည့်စာများအား အကြောင်းပြန်ကြားသွားမည်မဟုတ်ပါ။
  • Detail Technical Specification များနှင့် ကုမ္ပဏီနှင့်သက်ဆိုင်သည့် အချက်အလက်များကို ဦးစွာ စိစစ်သုံးသပ်ပြီး တင်ဒါစိစစ်ရွေးချယ်ရေးကော်မတီမှ ဆုံးဖြတ်အတည်ပြုပြီးနောက် အောင်မြင်သည့်ကုမ္ပဏီများအား ဈေးနှုန်းဖွင့်ဖော်ခြင်း အခမ်းအနားသို့ ဖိတ်ကြားသွားမည်။ မအောင်မြင်သူများအား ဖိတ်ကြားခြင်းနှင့် ဈေးနှုန်းလွှာများအား ဖွင့်ဖောက်ခြင်းပြုလုပ်သွားမည် မဟုတ်ပါ။
  • စာရွက်စာတမ်းပြည့်စုံမှု၊ ကုမ္ပဏီ၏အတွေ့အကြုံ၊ ထုတ်လုပ်သူ၏ခွင့်ပြုချက်၊ တင်ဒါအာမခံကြေး ပေးသွင်းထားမှု၊ ပေးသွင်းမည့်ပစ္စည်းအရည်အသွေး၊ ဈေးနှုန်းသင့်တင့်မှုအပေါ်မူတည်၍ တင်ဒါ အောင်/ရှုံးအား သတ်မှတ်သွားမည်ဖြစ်ပါသည်။ (မှတ်ချက်။  အခြေအနေ၊ အချိန်အခါ၊ ပစ္စည်း ဝယ်ယူမှု၊ လုပ်ငန်းအပ်နှံမှုတို့အပေါ်လိုက်၍ တင်ဒါစည်းကမ်းချက်များ ပြင်ဆင်ဖြည့်စွက် နိုင်ပါသည်။)