MINISTRY OF ELECTRIC POWER

Breaking News :

Articles


လျှပ်တားပစ္စည်းဖြင့်လျှပ်စစ်အန္တရာယ် ကြိုတင်ကာကွယ်
လျှပ်စစ်ဓာတ်အားသုံးစွဲသူ အများစုသည် ဗို့အားနိမ့် ၄၀၀/၂၃၀ ဗို့ ဓာတ်အားကိုသာ သုံးစွဲ၍ စက်မှု လုပ်ငန်းငယ်များ၊ အိမ်တွင်း လျှပ်စစ်ပစ္စည်းများ၊ အလင်းရောင်မီးများအတွက် အသုံးပြုကြပါသည်။ လျှပ်စစ်ဓာတ်အားသုံးစွဲသူများအတွက် ဓာတ်လိုက်မှု ဖြစ်စဉ်အများစုသည် ၄၀၀/၂၃၀ ဗို့ ဓာတ်အားသုံးစွဲမှုများကြောင့်ဖြစ်ပွားမှုသည် အများဆုံးဖြစ်ပါသည်။ လျှပ်စစ်ဓာတ်လိုက်မှုသည် ကိုင်တွယ် အသုံးပြုသော လျှပ်စစ်ပစ္စည်း၊ ဓာတ်အားလိုင်းကြိုးမှ တဆင့်လူ၏ခန္ဓာကိုယ်ကို ဓာတ်အား ဖြတ်သန်း စီးဆင်းခြင်းကြောင့်ဖြစ်ပါသည်။ လျှပ်စစ်ပစ္စည်းများ သုံးစွဲရာတွင် လည်းကောင်း၊ လျှပ်စစ်ဖြင့်လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်းကောင်း လျှပ်စစ်အသိ လျှပ်စစ်သတိဖြင့် ဆောင်ရွက်ရပါမည် ။ ရာဘာ လက်အိတ်၊ ရာဘာ ဖိနပ်စသည့်လျှပ်စစ် ဖြတ်သန်း မစီးဆင်းနိုင်သော လျှပ်တား ပစ္စည်းများ အသုံးပြု၍ ကိုင်တွယ်ဆောင်ရွက်ရပါမည်။


Read More...

: 03-Jan-2018
လျှပ်စစ်အလင်းတန်း မယ်စဲ့မြို့သို့ရောက်ပြီ
မယ်စဲ့မြို့သည် ကယားပြည်နယ်အတွင်းရှိ ထိုင်းနိုင်ငံနှင့် ကပ်လျက်ရှိသော နယ်စပ်မြို့ဖြစ်ပါ သည်။ ရာသီဥတုအနေဖြင့် ပူအိုက်စွတ်စိုသော ရာသီဥတုရှိပြီး မိုးရေချိန် ပျမ်းမျှ ၄၃.၀၄ လက်မခန့် ရွာသွန်းပါသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၁၄၅၀ ပေတွင် တည်ရှိပါသည်။ ရှမ်း၊ ကချင်၊ ကရင်၊ ချင်း၊ ဗမာ၊ ရခိုင် လူမျိုးများ နေထိုင်ကြပြီး လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများဖြင့် အသက် မွေးဝမ်းကျောင်းဆောင်ရွက်ကြပါသည်။ မယ်စဲ့မြို့ကို ၁၉၉၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကစ၍ ဒီဇယ်ဓာတ်အားပေးစက်ဖြင့် ညပိုင်း အချိန်အပိုင်းဖြင့်သာ ဓာတ်အားဖြန့်ဖြူးပေးခဲ့ရပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့်လျှပ်စစ်ဓာတ်အား ရရှိရေးလုပ်ငန်းကိုလည်း ဦးစားပေးလုပ်ငန်းအဖြစ် ဆောင်ရွက်လျက်ရှိရာတွင် ထိုင်းနိုင်ငံနှင့် နယ်စပ် ကုန်သွယ်ရေးမြို့ ဖြစ်လာမည့် မယ်စဲ့မြို့ဓာတ်အားပြည့်ဝစွာ ရရှိရေးကိုလည်း ဆောင်ရွက်ခဲ့ပါသည်။


Read More...

: 03-Jan-2018
မိုးကြိုးအန္တရာယ် သတိပြုဖွယ်
မိုးတွင်းကာလ ကလေး၊ လူကြီး ထိတ်လန့်တကြား ဖြစ်ရသော အသံ………အိပ်ပျော်စဉ် လန့်နိုး စေသော အသံသည်ကား မိုးကြိုးအသံပင်ဖြစ်ပါသည်။ ကြောက်စရာကောင်းသော အသံကို ပေးသည် သာမက တိုက်ရိုက်ထိတွေ့သော လူ၊ တိရစ္ဆာန်တို့၏ အသက်ဝိဉာဉ်ကိုချွေယူတတ်သော သူ…… အဆောက်အဦ၊သစ်ပင်များကို မီးလောင်ပျက်စီးတတ်သောသူကား……. မိုးကြိုးပင် ဖြစ်ပါသည်။ မိုးကြိုးဖြစ်ပေါ်မှုနှင့် မိုးကြိုးပစ်ခြင်းဆိုင်ရာများကို သိရှိထားခြင်းဖြင့် မိုးကြိုးအန္တရာယ်မှ ကာကွယ်နိုင်မည် ဖြစ်ပါသည်။


Read More...

: 03-Jan-2018
လျှပ်စစ်နှင့် မီးဘေးအန္တရာယ် သတိပြုဖွယ်
"သုံးတတ်လျှင် အကျိုးရှိ ၊ မသုံးတတ်လျှင် ဘေးဖြစ်" ဆိုစကားသည် လျှပ်စစ်မီးအသုံးပြု သူများ အတွက် သတိပြုရမည့် အချက်ဖြစ်ပေသည် ။ လျှပ်စစ်ဖြင့် လူနေမှုဘဝဖွံ့ဖြိုးတိုးတက်မှု ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၊ စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု ကောင်းကျိုးချမ်းသာများကို ခံစားရရှိကြသည် ။ လျှပ်စစ်အသိ ၊ လျှပ်စစ်သတိမရှိဘဲ သုံးစွဲကြပါက လျှပ်စစ်အန္တရာယ် ကြုံတွေ့ ရပေမည် ။ လျှပ်စစ်အန္တရာယ်ဟု ဆိုရာဝယ် အပိုင်း ၂ပိုင်း ပါဝင်ပါသည် ။ ပထမအပိုင်းအဖြစ်သော ဓာတ်လိုက်မှု ဖြစ်စဉ်များမှ ထိခိုက်ဒဏ်ရာ ရရှိမှု ၊ အသက်ဆုံးရှုံးမှုများဖြစ်ပြီး သတိပြုဖွယ် လျှပ်စစ်အန္တရာယ် ဆောင်းပါးများတွင် ရေးသားဖော်ပြခဲ့ပြီး ဖြစ်ပါသည် ။ ဒုတိယအပိုင်းမှာ လျှပ်စစ်အပူလွန်ကဲမှု ဖြစ်စဉ်များမှ မီးဘေးအန္တရာယ်ပင်ဖြစ်ပါသည် ။ လျှပ်စစ်အသုံးပြုနေသူများ အနေဖြင့် လျှပ်စစ်အပူလွန်ကဲမှု အကြောင်းအရာများကို သိရှိရန် လိုအပ်ပါသည် ။ လျှပ်စစ် အပူလွန်ကဲမှု ဖြစ်စဉ်များနှင့် ပတ်သက်၍ အမျိုးအစား ၃ မျိုး ခွဲခြားနိုင်ပါတယ်…..


Read More...

: 03-Jan-2018
သတိပြုဖွယ် လျှပ်စစ်အန္တရာယ် (၁၀)
အများပြည်သူ လျှပ်စစ်အန္တရာယ် သတိပြုနိုင်စေရန်အတွက် သတိပြုဖွယ်လျှပ်စစ်အန္တရာယ် (၂) တွင် ဖော်ပြထားသော ဓာတ်လိုက်မှု ဖြစ်စဉ် အမျိုးအစား ၈ မျိုး အနက်မှ အများဆုံးဖြစ်ပွားသော ဖြစ်စဉ် ၅ မျိုးကို လက်တွေ့ ဖြစ်စဉ်အချို့ ကောက်နုတ်ကာ ဖော်ပြပေးပြီး ဖြစ်ပါသည်။ ကျန်ဖြစ်စဉ် ၃ ခုကို ဖော်ပြရပါက - (က) မဟာဓာတ်အားလိုင်း နှင့် ဗို့အားမြင့် ဓာတ်အားလိုင်းများ၏ တိုင်ပေါ်သို့ တက်ခြင်း၊ ဓာတ်ကြိုးများကို စမ်းသပ်သည့် သဘော ဖြင့် ထိခြင်းတို့ကြောင့် ဓာတ်လိုက်ခြင်း။ (ဆဌမ အများဆုံး) (ခ) ဓာတ်ရုံအတွင်း လျှပ်စစ်ပြုပြင်ရာမှ လျှပ်ပန်း ခံရခြင်း။(သတ္တမ အများဆုံး) (ဂ) မြေအောက်ဓာတ်ကြိုးများ၊ ဓာတ်အားလိုင်း များနှင့် ပေါက်မိ၊ထိမိ၍ Flash Over ဖြစ်ရာမှ ဓာတ်လိုက်ခြင်း (အဌမ အများ ဆုံး) တို့ဖြစ်ပါသည်။ ဓာတ်အားလိုင်းတိုင်များပေါ်သို့ တက်ရောက်ခြင်း၊ ဓာတ်အားခွဲရုံဝင်းအတွင်းသို့ ဝင်ရောက်ခြင်း များကြောင့် ဓာတ်လိုက်မှု ဖြစ်စဉ်များသည် ကလေးသူငယ်များနှင့် စိတ်မနှံ့သူများတွင် ဖြစ်ပွားလေ့ရှိပါ သည်-


Read More...

: 03-Jan-2018