မိုးသက်လေပြင်းနှင့်အတူ
မိုးဦးအကြိုကာလ နှင့် မိုးနှောင်းကာလများတွင် လေပြင်းတိုက်ခတ်မှု၊ လေပွေ၊ လေဆင်နှာမောင်း များ ဖြစ်ပေါ်မှု နှင့်အတူ မြန်မာပြည် အနှံ့အပြား၌ အဆောက်အဦများ ပျက်စီးမှု၊ သစ်ပင်သစ်ကိုင်းများ ပြိုလဲမှုများ ဖြစ်ပေါ်လေ့ရှိပါသည်။ အဆိုပါ ပျက်စီးမှုများတွင် ဓာတ်အားလိုင်းတိုင်များ ပျက်စီးမှုများသည် ပါဝင်လျက်ရှိပါသည်။ သဘာဝဘေးဒဏ်ကြောင့် ဓာတ်အားလိုင်းတိုင်များ ပျက်စီးမှုသည် နိုင်ငံတိုင်း ကြုံတွေ့ရပေသည်။ အထူးသဖြင့် မြန်မာပြည် မြို့တွင်း ဓာတ်အားဖြန့်ဖြူးရေး ဓာတ်အားလိုင်းများသည် သစ်ပင်ပေါများသော လမ်းများပေါ်တွင် စိုက်ထူထားရခြင်းကြောင့် သစ်ပင်သစ်ကိုင်းများ လဲပြိုရာတွင် ဓာတ်အားလိုင်းကြိုးပေါ်ပိရာမှ ဓာတ်အားလိုင်းများ ပြိုလဲမှု၊ ပျက်စီးမှုများ ဖြစ်ပေါ်ပါသည်။ ဗို့အားမြင့် တာဝါတိုင်များသည်လည်း လေပွေ၊ လေဆင်နှာမောင်းများ တိုက်ခတ်သည့်အခါ ယိုင်လဲ၊ ကျိုးကျမှုများ လည်း ဖြစ်တတ်ပေသည်။
Read More...