The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

၀န်ကြီးဌာနသတင်း

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း မင်းဘူးမြို့ရှိ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံမှ ပထမအဆင့် (၄၀)မဂ္ဂါဝပ် ဓာတ်အားထုတ်လုပ်နေမှုနှင့် ဒုတိယအဆင့် (၄၀)မဂ္ဂါဝပ် ထုတ်လုပ်နိုင်ရေး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး၍ မကွေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေများနှင့် ပတ်သက်၍ တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည့်သတင်း

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူး မြို့နယ်ရှိ မင်းဘူးနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံမှ ပထမအဆင့် (၄၀)မဂ္ဂါဝပ် ဓာတ်အားထုတ်လုပ်နေမှုနှင့် ဒုတိယအဆင့် (၄၀)မဂ္ဂါဝပ် ထုတ်လုပ်နိုင်ရေး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး၍ မွန်းလွဲပိုင်းတွင် မကွေးမြို့ရှိ တိုင်းဒေသကြီးလျှပ်စစ် အင်ဂျင်နီယာရုံးတွင် မကွေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေ အနေများနှင့်ပတ်သက်၍ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် လျှပ်စစ်အင်ဂျင်နီယာများ၊ ဝန်ထမ်း များနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။


Read More...
27-Jul-2025
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း မကွေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ကဏ္ဍဆိုင်ရာလုပ်ငန်းများ ကြည့်ရှုစစ်ဆေးသည့်သတင်း

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ ဌာနဆိုင်ရာ တာဝန်ရှိသူ များနှင့်အတူ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့အနီးရှိ နေရောင်ခြည်စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့အင်ဂျင်ပေါင်းစပ်သုံး (Solar+ Gas Engine Hybrid)ဓာတ်အားပေးစက်ရုံ စီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် မကွေးပင်မ ဓာတ်အားခွဲရုံ၏ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး မွန်းလွဲပိုင်း တွင် ရခိုင်ပြည်နယ်မှ ယာယီနေရပ်စွန့်ခွါ၍ မကွေးမြို့ရှိရုံး/ဌာနများ၌ တွဲဘက်တာဝန် ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအား တွေ့ဆုံအားပေးစကားပြောကြား ခဲ့ပါသည်။


Read More...
26-Jul-2025
သတင်းထုတ်ပြန်ချက်

ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံသည့်သတင်း


Read More...
21-Jul-2025

ဆောင်းပါးများ

ကိုကိုးကျွန်းမြို့နယ်တွင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံဖြင့် (၂၄)နာရီ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ပြီ

ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်သည် ကမ်းရိုးတန်းနှင့် အလှမ်းကွာဝေး သော ကပ္ပလီပင်လယ်တွင်းရှိ ကျွန်းမြို့နယ် တစ်ခု ဖြစ်ပြီး၊ ဆက်သွယ်သွားလာရေးလည်း ခက်ခဲသော နေရာတစ်ခု ဖြစ်ရာ ယခင်က ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးခဲ့သော်လည်း ယခုအခါ ရန်ကုန်တိုင်း ဒေသကြီးအစိုးရနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်းတို့၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် ကျွန်းပေါ်တွင် နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တစ်ခုကို တည်ဆောက်ကာ ၂၀၂၁ ခုနှစ်၊ နှစ်သစ်ကူးသည့်နေ့ (၁-၁-၂၀၂၁)ရက်နေ့တွင် ကျွန်းတစ်ခုလုံးသို့ လျှပ်စစ်ဓာတ်အား စတင် စမ်းသပ် ထုတ်လုပ်လျက် (၃-၁-၂၀၂၁)ရက်နေ့မှ စတင်၍ (၂၄)နာရီ ဖြန့်ဖြူး ပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။


Read More...
05-Jan-2021
ပြည်သူ့အတွက် လျှပ်စစ်အဟုန် နိုင်ငံ့ဂုဏ်

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရ၏ မူဝါဒဖြစ်သော ပြည်သူ လူထု၏ လူနေမှုအဆင့်အတန်း မြင့်မားစေရေးအတွက် အဓိကအချက်သည် လမ်းပန်းဆက်သွယ် ရေးနှင့် လျှပ်စစ်မီးရရှိရေး ဖြစ်သည်နှင့်အညီ ရည်မှန်းချက်ဖြစ်သည့် ပြည်သူများ ယုံကြည် စိတ်ချ ရသည့် တည်ငြိမ်သည့် လျှပ်စစ်ဓာတ်အား၊ ပြည့်ဝစွာသုံးစွဲနိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိသည့် အပြင် တိုင်းရင်းသားလူမျိုးပေါင်းစုံ သာတူညီမျှဖြစ်စေရန် ဖြည့်ဆည်းဆောင်ရွက်မှုများကို တိုင်း ဒေသကြီး၊ ပြည်နယ်အပါအဝင် နယ်စပ်ဒေသများပါမကျန် ဖြန့်ကြက် ဆောင်ရွက်ပေးလျက်ရှိသည်။


Read More...
25-Sep-2020

အခြားသတင်းများ

နိုင်ငံတော်ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားပေးစက်ရုံများမှ ဓာတ်အားကို ပို့လွှတ်ဖြန့်ဖြူးလျက်ရှိသော ဓာတ်အားလိုင်းများနှင့် သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ဓာတ်အားပေးစက်ရုံများအား အမြန်ဆုံးဓာတ်အားပြန်လည်ထုတ်လွှတ်ပို့လွှတ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများနှင့် လတ်တလောဓာတ်အားဖြန့်ဖြူးနိုင်မှုအခြေအနေများအား သတင်းထုတ်ပြန်ခြင်း

၁။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးလျက်ရှိသည့် ဓာတ်အား ပေးစက်ရုံများ၏ အရင်းအမြစ်အလိုက် စုစုပေါင်း တပ်ဆင်စက်အင်အားမှာ (၇၂၇၂) မဂ္ဂါဝပ်ရှိပြီး ၎င်းစက်များအား စွမ်းအားပြည့်မောင်းနှင်လည်ပတ်နိုင်ပါက ၄၀၀၀ မဂ္ဂါဝပ်ခန့်ထုတ်လုပ်ဖြန့်ဖြူးနိုင် မည်ဖြစ်ပါသည်။

Read More...
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)

မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ ခရိုင်/မြို့နယ်အလိုက် မီတာ ခွဲဝေ၊ ရရှိ၊ ထုတ်ပေး၊ လက်ကျန်စာရင်း (၃.၅.၂၀၂၄ ) မှ (၉.၅.၂၀၂၄) ထိ

မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ ခရိုင်/မြို့နယ်အလိုက် မီတာ ခွဲဝေ၊ ရရှိ၊ ထုတ်ပေး၊ လက်ကျန်စာရင်း (၃.၅.၂၀၂၄ ) မှ (၉.၅.၂၀၂၄) ထိ

Read More...
မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(MESC)

မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ ခရိုင်/မြို့နယ်အလိုက် မီတာ ခွဲဝေ၊ ရရှိ၊ ထုတ်ပေး၊ လက်ကျန်စာရင်း (၁၂.၄.၂၀၂၄ ) မှ (၂၅.၄.၂၀၂၄) ထိ

မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ ခရိုင်/မြို့နယ်အလိုက် မီတာ ခွဲဝေ၊ ရရှိ၊ ထုတ်ပေး၊ လက်ကျန်စာရင်း (၁၂.၄.၂၀၂၄ ) မှ (၂၅.၄.၂၀၂၄) ထိ

Read More...
မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(MESC)

မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ ခရိုင်/မြို့နယ်အလိုက် မီတာ ခွဲဝေ၊ ရရှိ၊ ထုတ်ပေး၊ လက်ကျန်စာရင်း (၂၉.၃.၂၀၂၄ ) မှ (၄.၄.၂၀၂၄) ထိ

မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ ခရိုင်/မြို့နယ်အလိုက် မီတာ ခွဲဝေ၊ ရရှိ၊ ထုတ်ပေး၊ လက်ကျန်စာရင်း (၂၉.၃.၂၀၂၄ ) မှ (၄.၄.၂၀၂၄) ထိ

Read More...
မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(MESC)

မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ ခရိုင်/မြို့နယ်အလိုက် မီတာ ခွဲဝေ၊ ရရှိ၊ ထုတ်ပေး၊ လက်ကျန်စာရင်း (၂၂.၃.၂၀၂၄ ) မှ (၂၈.၃.၂၀၂၄) ထိ

မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ ခရိုင်/မြို့နယ်အလိုက် မီတာ ခွဲဝေ၊ ရရှိ၊ ထုတ်ပေး၊ လက်ကျန်စာရင်း (၂၂.၃.၂၀၂၄ ) မှ (၂၈.၃.၂၀၂၄) ထိ

Read More...
မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(MESC)