The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

ရှမ်းပြည်နယ်၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့အတွင်းရှိ ခမရ  (၅၆၉) သို့ ပို့လွှတ် ထားသော ဓာတ်အားလိုင်းမှ အန္တရာယ်ရှိနေသော သစ်လုံးတိုင်များအား ခိုင်ခံ့သည့် ကွန်ကရစ်တိုင် များဖြင့် အမြန်ဆုံးအစားထိုးလဲလှယ်ပေးရန်နှင့်အဆိုပါဓာတ်အားလိုင်းအား မြို့ပတ်လမ်းသို့မဟုတ် မြို့ရှောင်လမ်းဘက်မှ လိုင်းလမ်းကြောင်း ပြောင်းလဲ သွယ်တန်းပေးရန် အစီအစဉ်ရှိ မရှိ သိရှိလို ပါကြောင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

မေးခွန်း

ဦးစိုင်းထွန်းလင်း(မိုးနဲမဲဆန္ဒနယ်)
ရှမ်းပြည်နယ်၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့အတွင်းရှိ ခမရ  (၅၆၉) သို့ ပို့လွှတ် ထားသော ဓာတ်အားလိုင်းမှ အန္တရာယ်ရှိနေသော သစ်လုံးတိုင်များအား ခိုင်ခံ့သည့် ကွန်ကရစ်တိုင် များဖြင့် အမြန်ဆုံးအစားထိုးလဲလှယ်ပေးရန်နှင့်အဆိုပါဓာတ်အားလိုင်းအား မြို့ပတ်လမ်းသို့မဟုတ် မြို့ရှောင်လမ်းဘက်မှ လိုင်းလမ်းကြောင်း ပြောင်းလဲ သွယ်တန်းပေးရန် အစီအစဉ်ရှိ မရှိ သိရှိလို ပါကြောင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ရှမ်းပြည်နယ်၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့အတွင်းရှိ အမှတ် (၅၆၉) ခြေမြန် တပ်ရင်း၏ ရေစုပ်စက်အတွက် အသုံးပြုထားသည့် လျှပ်စစ်ဓာတ်အားလိုင်းသည် အမှတ်(၁) ရပ်ကွက်အတွင်းရှိ ပြည်သူပိုင်လယ်ကွင်းများအတွင်းမှ ဖြတ်သန်းသွယ်တန်းထားခြင်း ဖြစ်ပါကြောင်း၊ အဆိုပါ ဓာတ်အားလိုင်းတွင် သုံးထားသည့် တိုင်အချို့မှာ ကွန်ကရစ်တိုင်များဖြစ်သော်လည်း စံချိန်စံညွှန်းမမှီသည့် သစ်လုံးတိုင်များအား ရောနှောအသုံးပြုထားပါကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဇွန်လ အတွင်း မိုးရွာသွန်းမှုကြောင့် သစ်လုံးတိုင်တစ်တိုင် အောက်ခြေပွပြီး လဲကျရာမှ ဓာတ်လိုက် မှုဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူပိုင် ကျွဲ ၆ ကောင် ဓာတ်လိုက်သေဆုံးခဲ့ရပါကြောင်း၊ ယခုအခါ ကျန်ရှိ နေသည့် သစ်လုံးတိုင်များမှာ ပိုမိုဆွေးမြည့်နေပြီဖြစ်၍ မကြာမီရောက်ရှိလာတော့မည့် မိုးရာသီ ကာလတွင် လယ်ယာလုပ်ငန်းခွင် ဝင်ရောက်လုပ်ကိုင်ကြမည့် ဒေသခံများအတွက် အသက်အန္တရာယ် စိုးရိမ်ရသည်ထိ အခြေအနေရောက်ရှိနေပါကြောင်း၊ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ၂၀၂၃ ခုနှစ် အတွင်း သက်ဆိုင်ရာနယ်မြေခံ လျှပ်စစ်အင်ဂျင်နီယာရုံး (GE) ထံသို့ အကြိမ်ကြိမ် တင်ပြခဲ့သော် လည်း ယနေ့အချိန်ထိ ပြုပြင်ဆောင်ရွက်ပေးမှုမျိုး မရှိသေးပါကြောင်း၊ ထို့ကြောင့် ဒေသခံ ပြည်သူများ အသက်အန္တရာယ် ကင်းဝေးစေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် အဆိုပါ အန္တရာယ်ရှိနေသည့် သစ်လုံးတိုင်များကို ခိုင်ခန့်သည့် ကွန်ကရစ်တိုင်များနှင့် အမြန်ဆုံး အစားထိုး လဲလှယ်ပေးရန် အစီအစဉ်ရှိ /မရှိ၊ အဆိုပါဓာတ်အားလိုင်းကို ပြည်သူပိုင် လယ်ကွင်း အတွင်းမှ မဟုတ်ဘဲ မြို့ပတ်လမ်း သို့မဟုတ် မြို့ရှောင်လမ်းဘက်မှ လိုင်းလမ်းကြောင်း ပြောင်းလဲ သွယ်တန်း ပေးရန် အစီအစဉ်ရှိ/ မရှိနှင့် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် လုပ်ငန်း စတင်ဆောင်ရွက်ပေးနိုင်မည်ကို သိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။ 

အဖြေ

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးအေးကျော်
ရှမ်းပြည်နယ်၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့  ခမရ(၅၆၉)တပ် ရေစက်၏ ၁၁/.၄ KV ၅၀ KV ထရန်စဖော်မာကို ဓာတ်အားပေးရန် ကျိုင်းတောင်းဓာတ်အားပေးစက်ရုံရှိ ၃၃/ ၁၁ KV  ၅ MBA  ဓာတ်အားခွဲရုံတွင် ဓာတ်အားပေးထားသည့် Eleven ၁၁KV ကျိုင်းတောင်းမြို့တွင်းရှိ ဓာတ်အားလိုင်း မှ ဟိုလန်မြို့အထက် ဓာတ်အားလိုင်းခွဲထွက်ပြီး တည်ဆောက်ထားသည့် ၁၁KV ဓာတ်အားလိုင်း ၂၀၀၀ပေ အပိုင်း ဖြစ်ပါကြောင်းနှင့် အဆိုပါ ၁၁KV ဓာတ်အားလိုင်းအပိုင်းတွင် ကွန်ကရစ်တိုင် ၇ တိုင်နှင့် သစ်သားတိုင် ၂ တိုင်၊ စုစုပေါင်း တိုင် ၉ တိုင်နှင့် သွယ်တန်းတည်ဆောက် ထားခြင်းဖြစ်ကြောင်း၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးအတွက် အဆိုပါ ဓာတ်အားလိုင်းအား မြို့ပတ်လမ်း သို့မဟုတ် မြို့ရှောင်လမ်းဘက်မှ လိုင်းအူကြောင်းပြောင်းလဲသွယ်တန်းရန် လိုအပ်မှု မရှိပါကြောင်းနှင့် ထိုသစ်သားတိုင် ၂ တိုင်အား ၁၀ မီတာ ကွန်ကရစ်တိုင်ဖြင့် အစားထိုး လဲလှယ်ခြင်း လုပ်ငန်းအား ၂၉-၄-၂၀၂၆ နေ့တွင် အခမ်းအနားအစီအစဉ်ဖြင့် အစားထိုးလဲလှယ်ပြီး ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။ 

https://www.pyithu.hluttaw.mm/qanda/12863

04-Jun-2026