The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

သတင်းထုတ်ပြန်ချက်


(၃၀.၉.၂၀၂၆) ရက်နေ့ လျှပ်စစ်ဓာတ်အား စုစုပေါင်းထုတ်လုပ်ခဲ့မှုမှာ (၆၈၅၂၄.၆) မဂ္ဂါဝပ်နာရီဖြစ်ပါသည်။
(၃၀.၉.၂၀၂၆) ရက်နေ့ လျှပ်စစ်ဓာတ်အား စုစုပေါင်းထုတ်လုပ်ခဲ့မှုမှာ (၆၈၅၂၄.၆) မဂ္ဂါဝပ်နာရီဖြစ်ပါသည်။


Read More...

: 01-Oct-2026
၃၃ ကေဗွီ တောင်ညို ဓာတ်အားလိုင်း ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်ခြင်းအား အများပြည်သူသိရှိနိုင်ပါရန် သတင်းထုတ်ပြန်ခြင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ဓာတ်အားလိုင်းများတစ်လျှောက် မလွတ်ကင်းသော သစ်ပင် သစ်ကိုင်းများ၊ခြုံနွယ်များခုတ်ထွင်ရှင်းလင်းခြင်းနှင့် ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက် နိုင်ရန် ၂၃၀ ကေဗွီ ပင်မ(၁)ဓာတ်အားခွဲရုံမှ ဓာတ်အားဖြန့်ဖြူးပေးထားသော  ၃၃ ကေဗွီ တောင်ညို ဓာတ်အားလိုင်းကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်၊ ၁၀ ရက်၊ ၁၇ ရက်များတွင် နံနက် ၈ နာရီ မှ ညနေ ၃ နာရီအထိ ဓာတ်အားပိတ် ဆောင်ရွက်သွားမည်ဖြစ်ရာ လုပ်ငန်းများဆောင်ရွက်မည့် အဆိုပါ နေ့ရက်များတွင် ရွှေနံသာရပ်ကွက်နှင့် ကျေးရွာ(၅၁)ရွာတို့တွင် ယာယီဓာတ်အားပြတ်တောက်နေမည် ဖြစ်ကြောင်း၊ ဓာတ်အားပြတ်ဧရိယာများရှိ ရုံးဌာနများနှင့် အများပြည်သူများကို ကြိုတင်အသိပေးထားပြီး ဖြစ်ပါ ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရရှိပါသည်။


Read More...

: 01-Oct-2026
(၂၉.၉.၂၀၂၆) ရက်နေ့ လျှပ်စစ်ဓာတ်အား စုစုပေါင်းထုတ်လုပ်ခဲ့မှုမှာ (၆၈၄၃၀.၂) မဂ္ဂါဝပ်နာရီဖြစ်ပါသည်။
(၂၉.၉.၂၀၂၆) ရက်နေ့ လျှပ်စစ်ဓာတ်အား စုစုပေါင်းထုတ်လုပ်ခဲ့မှုမှာ (၆၈၄၃၀.၂) မဂ္ဂါဝပ်နာရီဖြစ်ပါသည်။


Read More...

: 30-Sep-2026
(၂၈.၉.၂၀၂၆) ရက်နေ့ လျှပ်စစ်ဓာတ်အား စုစုပေါင်းထုတ်လုပ်ခဲ့မှုမှာ (၇၀၅၂၆.၄) မဂ္ဂါဝပ်နာရီဖြစ်ပါသည်။
(၂၈.၉.၂၀၂၆) ရက်နေ့ လျှပ်စစ်ဓာတ်အား စုစုပေါင်းထုတ်လုပ်ခဲ့မှုမှာ (၇၀၅၂၆.၄) မဂ္ဂါဝပ်နာရီဖြစ်ပါသည်။


Read More...

: 29-Sep-2026
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ သီရိခေမာရပ်ကွက်၊ ခတ္တာလမ်း၊ အမှတ်(၂၃)၊ ရှိ ရွိုင်ရယ်ခတ္တာဟိုတယ်သည် ဓာတ်အားခိုးယူသုံးစွဲနေကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဥပဒေနှင့်အညီအရေးယူဆောင်ရွက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် တရားမဝင် ဓာတ်အားခိုးယူသုံးစွဲမှုများကို စဉ်ဆက် မပြတ် စောင့်ကြည့်စစ်ဆေးဖော်ထုတ်လျက်ရှိရာ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၊ ရုံးချုပ်၊ ခရိုင်၊ မြို့နယ်  ပါဝင်သော အဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးစဉ် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက် နေ့ တွင် စမ်းချောင်းမြို့နယ်၊ သီရိခေမာရပ်ကွက်၊ ခတ္တာလမ်း၊ အမှတ်(၂၃) ၊ ရွိုင်ရယ်ခတ္တာဟိုတယ် သည် လျှပ်စစ်မီးခိုးယူသုံးစွဲထားကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် မီတာအား ချက်ခြင်းဖြုတ်ယူသိမ်းဆည်းခဲ့ပြီး နိုင်ငံတော်မှနစ်နာဆုံးရှုံးခဲ့သည့် ကျပ် ၁၃၈.၂၃၆ သန်းကို ပြန်လည်ပေးသွင်းစေရေးနှင့် လျှပ်စစ်ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်နိုင်ရန် ပိုင်ရှင်ဖြစ်သူ ဦးထက်အောင်လှိုင် ၊ ဦးကျော်ခိုင် တို့နှင့် မန်နေဂျာ ဦးနေမင်းအောင် တို့အား စမ်းချောင်းမြို့မရဲစခန်းတွင် အမှုအမှတ် (ပ-၃၉၉/၂၀၂၆) ဖြင့် အမှုဖွင့်လှစ် ဆောင်ရွက်ထားရှိပြီးဖြစ်ပါသည်။


Read More...

: 28-Sep-2026