The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

နောက်ဆုံးရသတင်း


သတင်းထုတ်ပြန်ချက်
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စူးကျိုးမြို့သို့ ရောက်ရှိနေသော လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် ၂၀၂၅ ခုနှစ်၊အောက်တိုဘာလ(၂၅)ရက်နေ့တွင် ကျန်းစုပြည်နယ်၊ ရုဒုံမြို့၊ ဟွန်ကျန်း ပင်လယ် ကွေ့အပြင်ဘက်ရှိ ဒီရေတောကမ်းခြေတွင် China Longyuan Power Group Corporation Limited မှတည်ဆောက်ထားသော ကုန်းတွင်း၊ ဒီရေတောနှင့် ကမ်းလွန်တို့တွင် တပ်ဆင် အင်အား (၄၈၀)မဂ္ဂါဝပ်ရှိသည့် Ru Dong Huan Gang Offshore Wind Farm ကမ်းလွန် လေအားလျှပ်စစ်စက်ရုံသို့ သွားရောက် လေ့လာခဲ့ကြပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 26-Oct-2025
သတင်းထုတ်ပြန်ချက်
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စူးကျိုးမြို့သို့ ရောက်ရှိနေသော လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက် နေ့တွင် တရုတ်အမျိုးသားစွမ်းအင်စီမံခန့်ခွဲမှုဌာနနှင့် International Renewable Energy Agency (IERNA) တို့မှ ကြီးမှူးကျင်းပသော စွမ်းအင်အသွင် ကူးပြောင်းမှု အပြည်ပြည်ဆိုင်ရာဖိုရမ် ၂၀၂၅ သို့ တက်ရောက်ခဲ့ကြပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 25-Oct-2025
သတင်းထုတ်ပြန်ချက်
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တရုတ်အမျိုးသားစွမ်းအင်စီမံခန့်ခွဲမှုဌာန အကြီးအကဲ မစ္စတာ ဝမ်ဟုန်ကျင့် ၏ ဖိတ်ကြား ချက်အရ တရုတ်နိုင်ငံ၊ စူးကျိုးမြို့တွင် ကျင်းပသော စွမ်းအင်အသွင်ကူးပြောင်းမှု အပြည်ပြည်ဆိုင်ရာဖိုရမ် ၂၀၂၅ သို့ တက်ရောက်ရန် နှင့် လေအားလျှပ်စစ် ဓာတ်အား ထုတ်လုပ်နေမှုများကို လေ့လာနိုင်ရန် တရုတ်ပြည်သူ့သမ္မတ နိုင်ငံသို့ ရောက်ရှိနေသော လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက် နေ့မှ ၂၃  ရက်နေ့ထိ တရုတ်နိုင်ငံ၊ နန်ကျင်းမြို့နှင့် စူးကျိုးမြို့များသို့ သွားရောက် ခဲ့ကြပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 24-Oct-2025
ဒုတိယဝန်ကြီး ဦးအေးကျော် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်း မြို့နယ်အတွင်းရှိ တီကျစ်ကျောက်မီးသွေးသုံးရေနွေးငွေ့စက်ရုံတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျောက်မီးသွေးအခြောက်ခံစက်တည်ဆောက်တပ်ဆင်မှုလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခြင်းနှင့် စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကလောမြို့နယ်အတွင်းရှိ ၁၃၂ ကေဗွီ ကလောပင်မဓာတ်အားခွဲရုံမှ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှုအခြေအနေကြည့်ရှုစစ်ဆေးသည့်သတင်း
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာလ ၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်း မြို့နယ်အတွင်းရှိ တီကျစ်ကျောက်မီးသွေးသုံးရေနွေးငွေ့စက်ရုံတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျောက်မီးသွေးအခြောက်ခံစက်တည်ဆောက်တပ်ဆင်မှုလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခြင်းနှင့် စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကလောမြို့နယ်အတွင်းရှိ ၁၃၂ ကေဗွီ ကလောပင်မဓာတ်အားခွဲရုံမှ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှုအခြေအနေတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 22-Sep-2025
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၂၀၂၄ ၊၂၀၂၅ ခုနှစ်များတွင် စိုက်ပျိုးခဲ့သော ရတနာတန်းဝင်ကျွန်းပင်များအား အစားထိုးစိုက်ပျိုးခြင်းနှင့် ပေါင်းမြက်များ ရှင်းလင်းခြင်းအခမ်းအနား ကျင်းပပြုလုပ်သည့်သတင်း
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၂၀၂၄ ၊၂၀၂၅ ခုနှစ်များတွင် စိုက်ပျိုးခဲ့သော ရတနာတန်းဝင် ကျွန်းပင်များကို အစားထိုးစိုက်ပျိုးခြင်းနှင့် ပေါင်းမြက်များ ရှင်းလင်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ ဗဟိုသင်တန်းကျောင်းဝင်းအတွင်း ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန၊ လုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲ များနှင့် အရာထမ်း/အမှုထမ်းများ တက်ရောက်ကြပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 20-Sep-2025