The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

နောက်ဆုံးရသတင်း


ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်သည့်သတင်း
ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့၊ မွန်းလွှဲပိုင်းတွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 27-Apr-2025
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ၅၀၀ ကေဗွီ လှိုင်သာယာ(အနောက်ပိုင်းတက္ကသိုလ်) ဓာတ်အားခွဲရုံ တည်ဆောက်ရေးစီမံကိန်း လုပ်ငန်းတိုးတက်မှုအခြေအနေအား ကြည့်ရှုစစ်ဆေးသည့်သတင်း
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ  ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် အတွင်း လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ၅၀၀ ကေဗွီ လှိုင်သာယာ(အနောက်ပိုင်းတက္ကသိုလ်) ဓာတ်အားခွဲရုံ တည်ဆောက်ရေးစီမံကိန်း၏ လုပ်ငန်းတိုးတက်မှုအခြေအနေများအား  သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 26-Apr-2025
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါန ငါးလွှတ်ခြင်း၊ ငှက်လွှတ်ခြင်းနှင့် စတုဒိသာကျွေးမွေးခြင်းအခမ်းအနား ကျင်းပပြုလုပ်သည့်သတင်း
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါန ငါးလွှတ်ခြင်း၊ ငှက်လွှတ်ခြင်းနှင့် စတုဒိသာ ကျွေးမွေးခြင်း အခမ်းအနားကို ဧပြီလ ၁၇ ရက် နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန နေပြည်တော် ဗဟိုသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 18-Apr-2025
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း အလှူရှင်များမှ လာရောက်လှူဒါန်းသည့် ငလျင်ဘေးကယ်ဆယ်ရေးပစ္စည်း ရွက်ဖျင်တဲများကိုလက်ခံပြီး ရွက်ဖျင်တဲများ တပ်ဆင်တည်ဆောက်နေမှု၊ ငလျင်ဘေးသင့် ဝန်ထမ်းများနှင့် မှီခိုမိသားစုများအား ဗဟိုသင်တန်းကျောင်း၊ပေါင်းလောင်းရေအားလျှပ်စစ် အမှတ် (၁) တည်ဆောက်ရေးဝင်းနှင့် နေပြည်တော်ပင်ပဓာတ်အားခွဲရုံ(၂)တို့တွင် နေရာချထားမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည့်သတင်း
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် မှီခိုမိသားစုများအား ယာယီနေထိုင်နိုင်ရန်အတွက် ဉတ္တရသီရိမြို့နယ် နေပြည်တော်ဗဟိုသင်တန်းကျောင်းတွင် ဝန်ထမ်းနှင့် မှီခိုမိသားစုဦးရေ စုစုပေါင်း ၁၀၆၉ ဦးအား လည်းကောင်း၊ ပေါင်းလောင်း ရေအား လျှပ်စစ် အမှတ် (၁) တည်ဆောက်ရေးဝင်းတွင် ဝန်ထမ်းနှင့် မှီခိုမိသားစုဦးရေ စုစုပေါင်း ၄၀၅ ဦးအား လည်းကောင်း ယာယီစုစည်း၍ နေရာချထား ဆောင်ရွက်ပေးလျက်ရှိရာ ပြည်ထောင်စု ဝန်ကြီး ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီး ဦးအေးကျော်၊ တာဝန်ရှိသူများနှင့်အတူ ဧပြီလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ဗဟိုသင်တန်းကျောင်း၌ အလှူရှင်များမှ လာရောက် လှူဒါန်းသည့် ငလျင်ဘေးကယ်ဆယ်ရေးပစ္စည်း ရွက်ဖျင်တဲများအား လက်ခံပြီး ငလျင်ဘေးသင့် ဝန်ထမ်းများနှင့် မှီခိုမိသားစုများ ယာယီနေထိုင်နိုင်ရန် ရွက်ဖျင်တဲများ အမြန်တပ်ဆင် တည်ဆောက်နေမှု၊ သင်တန်းဆောင် အဆောက်အဦခန်းမအတွင်း အခန်းများဖွဲ့စည်း၍ နေရာ ချထားမှုနှင့် Modular House များ တည်ဆောက်နိုင်ရန် မြေနေရာပြုပြင်ဆောင်ရွက်နေမှု၊ ပေါင်းလောင်းရေအားလျှပ်စစ် အမှတ် (၁) တည်ဆောက်ရေးဝင်းနှင့် နေပြည်တော်ပင်မဓာတ်အား ခွဲရုံ(၂)တို့တွင် နေရာချထားနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 17-Apr-2025
မန္တလေးငလျင်ကြီးကြောင့် နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းမြို့တို့တွင် ထိခိုက်ပျက်စီးမှုများ ဖြစ်ခဲ့သည့် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများကို ပြန်လည်ပြုပြင် ပြင်ဆင်၍ လျှပ်စစ်ဓာတ်အားပြန်လည်ရရှိရေးလုပ်ငန်းများကို ဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့ကြသော ကျွမ်းကျင်ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့် ထောက်ပံ့ငွေ ပေးအပ်ခြင်းနှင့် ငလျင်ဘေးသင့်ဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်သည့်သတင်း
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၁ ရက်နှင့် ၁၂ ရက်နေ့တို့တွင် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သော ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများ ပြင်ဆင်၍ အချိန်တိုအတွင်း ပြန်လည်ပြုပြင်နိုင်ရန် အတွက် နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းမြို့တို့တွင် လျှပ်စစ်ဓာတ်အားပြန်လည်ရရှိရေးလုပ်ငန်းများတွင် ဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့ကြပြီး မိမိတို့၏သက်ဆိုင်ရာရုံးဌာနနေရပ်ဒေသများသို့ ပြန်လည်ထွက်ခွာတော့မည့် ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းနှင့် တိုင်းဒေသကြီး/ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာရုံးများမှ ကျွမ်းကျင်ဝန်ထမ်းများအား လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇) ယာဉ်ရပ်နားကွင်း နှင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၀၀ တိုးဂိတ်အနီးတို့တွင် ပြည်ထောင်စုဝန်ကြီးမှ သွားရောက်တွေ့ဆုံနှုတ်ဆက်၍ ဂုဏ်ပြုအမှာစကားပြောကြားပြီး ဂုဏ်ပြုထောက်ပံ့ ချီးမြှင့်ငွေများနှင့်စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကာ နေပြည်တော် ဗဟိုသင်တန်းကျောင်းတွင် ငလျင်ဘေးသင့်ဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 12-Apr-2025