The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

နောက်ဆုံးရသတင်း


လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် ရန်ကုန်တိုင်းဒေသကြီး သီလဝါအထူးစီးပွားရေးဇုန်အတွင်း လျှပ်စစ်ဓာတ်အားတည်ငြိမ်စွာ ဖြန့်ဖြူးပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေး ပြုလုပ်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် သည် သီလဝါ အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးဆက်အောင်နှင့် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၁၉ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင် သီလဝါအထူး စီးပွားရေးဇုန်သို့ ရောက်ရှိပြီး သီလဝါအထူးစီးပွားရေးဇုန်မှ တာဝန်ရှိသူများက အစည်းအဝေးခန်းမ၌ လျှပ်စစ်ဓာတ်အားရရှိမှု၊ ဖြန့်ဖြူးသုံးစွဲမှု အခြေအနေများ၊ လိုအပ်ချက်များအား ရှင်းလင်းတင်ပြခဲ့ ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 08-Mar-2019
လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံပေးဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်
  လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်  အကြံပေးဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁ ရက်နေ့၊ နံနက် ၀၈:၀၀ နာရီအချိန် တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 07-Mar-2019
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ မြင်းခြံသံမဏိစက်ရုံအနီးရှိ ၉၀ မဂ္ဂါဝပ် ဓာတ်ငွေ့အင်ဂျင်သုံးဓာတ်အားပေးစက်ရုံဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နှစ်အလိုက်တိုးတက်သုံးစွဲလာမည့် လျှပ်စစ် ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး အထူးအလေးထား ဆောင်ရွက်လျက်ရှိရာ ယခုနှစ်နွေရာသီတွင် တိုးတက်သုံးစွဲလာမည့် ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် အတွက် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ မြင်းခြံသံမဏိစက်ရုံအနီးတွင် ဟောင်ကောင်အခြေစိုက်ကုမ္ပဏီဖြစ်သော VPower Holdings Limited နှင့် ၎င်းတို့၏ Local Partner ဖြစ်သော Zeya & Associates Co., Ltd က Independent Power Producer (IPP), Build - Operate - Own (BOO) စနစ်ဖြင့် အကောင်ထည်ဖော်တည်ဆောက်ခဲ့သည့် ၉၀ မဂ္ဂါဝပ် ဓာတ်ငွေ့အင်ဂျင်သုံး ဓာတ်အားပေးစက်ရုံဖွင့်ပွဲ အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ မတ်လ ၃ ရက်နေ့၊ နံနက် ၀၉:၀၀ နာရီအချိန်တွင် အဆိုပါဓာတ်အားပေးစက်ရုံ၌ ကျင်းပပြုလုပ် ခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 03-Mar-2019
မန္တလေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားတိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေး၊ ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းရေး၊ လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှုလျော့နည်းစေရေး နှင့် ဓာတ်အားစနစ်တည်ငြိမ် တိုးတက်ကောင်းမွန်စေရေးတို့အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် များသို့ လျှပ်စစ်ဓာတ်အားတိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေး၊ ဓာတ်အားပြတ်တောက်မှု လျော့နည်း ကျဆင်းစေရေး၊ လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှုလျော့နည်းစေရေး နှင့် ဓာတ်အားစနစ် တည်ငြိမ် တိုးတက်ကောင်းမွန်စေရေးတို့အတွက် ဝန်အားပြည့် ဓာတ်အားခွဲရုံများ အဆင့်မြှင့် တင်ခြင်း၊ ဓာတ်အားလိုင်းအပြစ် ဖြစ်ပွားခြင်းနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်း အစီအစဉ်များနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ မတ်လ ၂ ရက်နေ့၊ နံနက် ၀၉:၃၀ နာရီအချိန်တွင် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 02-Mar-2019
အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၁၉) ကျင်းပပြုလုပ်
အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၁၉) ကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁ ရက်နေ့၊ ၁၄:၀၀ နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 01-Mar-2019