The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

နောက်ဆုံးရသတင်း


ဦးစီးအရာရှိ (စီမံ) များ မွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၁၉) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဦးစီးအရာရှိ (စီမံ) များ မွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၁၉) သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ ရတနာ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 15-Feb-2019
လာအိုနိုင်ငံတွင် ကျင်းပမည့် ဒုတိယအကြိမ် မြန်မာ-လာအို နှစ်နိုင်ငံအကြား လျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီ ဝန်ကြီးအဆင့် အစည်းအဝေးသို့တက်ရောက်ရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ လာအိုနိုင်ငံသို့ ထွက်ခွာ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံ၊ Luang Prabang (လန်ပရာဘန်) မြို့တွင် ကျင်းပမည့် မြန်မာ-လာအို နှစ်နိုင်ငံ စွမ်းအင်နှင့်လျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဝန်ကြီးအဆင့် ဆွေးနွေးပွဲနှင့် ဆက်စပ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်ရန် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ လာအိုနိုင်ငံသို့ ထွက်ခွာသွားရာ မြန်မာနိုင်ငံဆိုင်ရာ လာအိုနိုင်ငံသံရုံးမှ ပထမ အတွင်းဝန် Mr. Somphay VONGMAHACHACK နှင့် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဦးမောင်မောင်လတ်နှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 14-Feb-2019
၆၆ ကေဗွီ ရာဇဂြိုလ်-ကလေး-ကလေးဝ ဓာတ်အားလိုင်း (၄၈.၉၆) မိုင်နှင့် ၆၆/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ကလေးဝဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနား ကျင်းပ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ အကောင်အထည်ဖော် တည်ဆောက်ပြီးစီးခဲ့သည့် ၆၆ ကေဗွီ ရာဇဂြိုလ်-ကလေး-ကလေးဝ ဓာတ်အားလိုင်း (၄၈.၉၆) မိုင်နှင့် ၆၆/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ကလေးဝ ဓာတ်အားခွဲရုံဖွင့်ပွဲ အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀) ရက်နေ့၊ (၀၈:၃၀) နာရီအချိန်တွင် ကလေးဝမြို့ရှိ အဆိုပါဓာတ်အားခွဲရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 10-Feb-2019
စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေး နိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်
          စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူး ပေးနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀၁၉ ခုနှစ်၊   ဖေဖော်ဝါရီလ   ၉  ရက်နေ့၊ ၁၆:၀၀ နာရီ အချိန်တွင် ကလေးမြို့၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 09-Feb-2019
ဒေသန္တရရေနံချက်လုပ်ခြင်းလုပ်ငန်း လိုင်စင်သက်တမ်းတိုးလျှောက်ထားခြင်းနှင့် လုပ်ငန်းစတင်လုပ်ကိုင်လိုသူများ လိုင်စင်အသစ်လျှောက်ထားရန် နှိုးဆော်ခြင်း
၁။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ ခွင့်ပြုထုတ်ပေးထားသော ဒေသန္တရရေနံချက်လုပ်ခြင်းလုပ်ငန်းလိုင်စင်များသည် ၂၀၁၉ ခုနှစ် မတ် ၃၁ ရက်နေ့တွင် သက်တမ်း ကုန်ဆုံးမည်ဖြစ်ပါသဖြင့် သက်တမ်းကုန်ဆုံးသောနေ့ရက်မတိုင်မီ နောင်လာမည့်နှစ်အတွက် လိုင်စင် သက်တမ်းတိုးမြှင့်ခြင်းကို ဆောင်ရွက်ရမည် ဖြစ်ပါသည်။


Read More...

Post under by : မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း(MPE)
: 05-Feb-2019