လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု၊ပို့လွှတ်မှု၊ ဖြန့်ဖြူးမှုဆိုင်ရာကဏ္ဍများအား လေ့လာ ဆွေးနွေးသည့်သတင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင် ဦးဆောင်သောမြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ယူနန်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု၊ ပို့လွှတ်မှု၊ဖြန့်ဖြူးမှုတို့အား ထိမ်းသိမ်းကွပ်ကဲနေသော Yunan Power Grid Company Limited ၏Control Center သို့ရောက်ရှိခဲ့ရာ China Southern Power Grid Co. Ltd ၏ Vice President Mr. Bi Ya Xiong နှင့် တာဝန်ရှိသူများက Control Center အတွင်းလိုက်လံရှင်းလင်းပြသခဲ့ပါသည်။ ယူနန်ပြည်နယ်၌ စက်တပ်ဆင်အင်အား ၈၇၀၀၀ မဂ္ဂါဝပ်ကျော်ရှိပြီး၊ ရေအားလျှပ်စစ် ၇၂ ရာခိုင်နှုန်း၊ အပူစွမ်းအင်မှ ၁၆ ရာခိုင်နှုန်း၊ လေအား ၉ ရာခိုင်နှုန်း၊ နေစွမ်းအင် ၃ ရာခိုင်နှုန်းဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်လျက်ရှိကြောင်း၊ ယူနန်ပြည်နယ်အတွင်းမဂ္ဂါဝပ် ၄ သောင်းကျော်သုံးစွဲပြီး၊ ကျန်လျှပ်စစ်ဓာတ်အားကို ပြည်နယ် များသို့ပေးပို့လျက်ရှိကြောင်းသိရပါသည်။ ယူနန်ပြည်နယ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အနေဖြင့် မဟာမဲခေါင်ဒေသတွင်း နိုင်ငံများနှင့်လျှပ်စစ်ဓာတ်အား ကုန်သွယ်ရေးအတွက် အဓိက ကျသော ပြည်နယ်တစ်ခုဖြစ်ပြီး၊ လာအို၊ဗီယက်နမ်နိုင်ငံတို့နှင့် အပြန်အလှန် လျှပ်စစ်ဓာတ်အား များ ပို့လွှတ်လျက်ရှိပြီး၊ မြန်မာနိုင်ငံနှင့်လည်းပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကို ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။
Read More...
Post under by : ဝန်ကြီးရုံး
: 25-Aug-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ဘဏ္ဍာရေး/ ငွေစာရင်းပိုင်းဆိုင်ရာဦးစီးအရာရှိများမွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၁၈) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ဘဏ္ဍာရေး/ ငွေစာရင်းပိုင်းဆိုင်ရာ ဦးစီးအရာရှိများ မွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၁၈) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၁၈ခုနှစ်၊ သြဂုတ်လ ၂၄ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ရုံးအမှတ် (၂၇)၊ ရတနာခန်းမ၌ကျင်းပပြုလုပ်ခဲ့ပါသည်။
Read More...
Post under by : ဝန်ကြီးရုံး
: 24-Aug-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ Guandong DaPeng LNG Terminal သို့ သွားရောက်လေ့လာခြင်းနှင့် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးသည့်သတင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စွမ်းအင်ဆိုင်ရာ အုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့ (National Energy Administration) ၏ ဒုတိယအကြီးအကဲ (Vice Administrator) ဖြစ်သူ Mr. Li Fanrong လိုက်ပါလျက် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်နေ့၊ နံနက်ပိုင်းက Guandong ပြည်နယ်ရှိ Guandong DaPeng LNG Terminal သို့ရောက်ရှိခဲ့ရာ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပါသည်။
Read More...
Post under by : ဝန်ကြီးရုံး
: 24-Aug-2018
ပြည်ပမှတင်သွင်းသည့်စက်ဆီချောဆီများအားနမူနာရယူ၍ အရည်အသွေးဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းကိစ္စနှင့်စပ်လျဉ်းသည့် အသိပေးကြေညာချက်
၁။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းသည် ပုဂ္ဂလိကလုပ်ငန်းရှင်/ကုမ္ပဏီများ၏ ပြည်ပမှစက်ဆီချောဆီတင်သွင်းခြင်းနှင့်ပတ်သက်၍ စိစစ်ခွင့်ပြု ဆောင်ရွက်လျက်ရှိရာတွင် စက်ဆီချောဆီ New Brand ပထမအကြိမ်တင်သွင်းမှုကိုသာနမူနာရယူ၍ အရည်အသွေးဓာတ်ခွဲစမ်းသပ်စစ်ဆေးပြီး အရည်အသွေးမှန်ကန်ပါက ထုတ်ယူဖြန့်ဖြူးသုံးစွဲခွင့်ပြုခဲ့ ပါသည်။
Read More...
Post under by : ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)
: 23-Aug-2018
ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ၏ ၃/၂၀၁၈ ကြိမ်မြောက် အစည်းအဝေး ကျင်းပပြုလုပ်
ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ၏၃/၂၀၁၈ ကြိမ်မြောက် အစည်းအဝေးအား ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့၊ နံနက်ပိုင်းတွင်လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇) ၊အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးသို့ ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ ဒုတိယဥက္ကဋ္ဌ(၁)၊ တနင်္သာရီတိုင်းဒေသကြီး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၊ ဦးဖြိုးဝင်းထွန်း၊ဒုတိယဥက္ကဋ္ဌ(၂)၊ ဒေါက်တာမြင့်ဆန်း၊ အတွင်းရေးမှူး၊ဒေါက်တာတင်ထူးနိုင်နှင့်အဖွဲ့ဝင်များ၊ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက်(Special Purpose Vehicle-SPV)မြန်မာမှ ဒါရိုက်တာများတက်ရောက်ခဲ့ကြပါသည်။
Read More...
Post under by : ဝန်ကြီးရုံး
: 21-Aug-2018