The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

နောက်ဆုံးရသတင်း


မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းဒေသ လျှပ်စစ်မီးလင်းခြင်းအခမ်းအနား ကျင်းပပြုလုပ်
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းဒေသ လျှပ်စစ်မီးလင်းခြင်း အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် အဆိုပါဒေသ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။    အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ခင်မောင်ဌေး၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော် စက်မှု၊ စွမ်းအင်နှင့် လျှပ်စစ်ရေးရာကော်မတီ ဥက္ကဋ္ဌ ဦးလှိုင်ဝင်း၊ ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဌာနဆိုင်ရာအကြီးအကဲများ၊ ဂျပန်နိုင်ငံ Japan International Cooperation Agency (JICA) ၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Mr.Kojun NAKASHIMAနှင့် အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။        


Read More...

Post under by : ဝန်ကြီးရုံး
: 14-Oct-2018
ဂျပန်နိုင်ငံ ODA ​ချေးငွေဖြင့် အလုံးစုံ ပြုပြင်မွမ်းမံရေး ဆောင်ရွက်မည့် ဆည်တော်ကြီးဓာတ်အားပေးစက်ရုံသို့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် သွားရောက်ကြည့်ရှုစစ်ဆေး
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နှစ်အလိုက် တိုးတက်သုံးစွဲလာမည့် လျှပ်စစ်ဓာတ်အားကို ပြည့်ပြည့်ဝဝ ဖြည့်ဆည်းပေးနိုင်ရေး အထူးအလေးထား ဆောင်ရွက် လျက်ရှိရာ ဓာတ်အားပေးစက်ရုံအသစ်များ၊ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ တိုးချဲ့ တည်ဆောက်ခြင်းနှင့် စက်စွမ်းရည်ကျဆင်းနေသည့် ဓာတ်အားပေးစက်ရုံများအား အဆင့် မြှင့်တင် ပြင်ဆင်ခြင်းတို့ကို နိုင်ငံပိုင်ဘတ်ဂျက်မှ ကျခံဆောင်ရွက်ခြင်း၊ ပြည်ပချေးငွေ အထောက်အပံ့ရယူခြင်းများဖြင့် ဆောင်ရွက်လျက်ရှိပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 13-Oct-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဦးစီးအရာရှိ (စီမံ/ဘဏ္ဍာ)နှင့် လက်ထောက်အင်ဂျင်နီယာများ လုပ်ငန်းခွင်ဝင် အကြိုသင်တန်းအမှတ်စဉ် (၁/၂၀၁၈) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပပြုလုပ်
     လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဦးစီးအရာရှိ (စီမံ/ဘဏ္ဍာ) နှင့် လက်ထောက် အင်ဂျင်နီယာများ လုပ်ငန်းခွင်ဝင် အကြိုသင်တန်းအမှတ်စဉ် (၁/၂၀၁၈) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၁၈ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 12-Oct-2018
မြန်မာ-နယူးဇီလန် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ အစီအစဉ်ဖြင့် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနမှ အင်ဂျင်နီယာ အရာထမ်းများအတွက် ဖွင့်လှစ်သည့် “Grid Integration and Distributed Generation”သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်
မြန်မာ-နယူးဇီလန် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ အစီအစဉ်ဖြင့် လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာနအောက်ရှိ အင်ဂျင်နီယာအရာထမ်းဝန်ထမ်းများအတွက် ဖွင့်လှစ်သည့် Grid Integration and Distributed Generation သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၉) ရက်၊ နံနက် (၀၉:၀၀) နာရီတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 09-Oct-2018
၂၀၂၁ ခုနှစ်တွင် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်မှုအချိုး (Electrification Ratio) ၅၅% သို့ တိုးတက်စေရေးကို အထောက်အကူပြုမည့် ကမ္ဘာ့ဘဏ်၏ ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၃၁၀ ဖြင့် ဆောင်ရွက်နေသည့် (National Electrification Plan- NEP)
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် တာဝန်ရှိသူများ လိုက်ပါလျက် ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်နေသည့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်းမှ ပထမအဆင့်စာရင်းပါ ကျေးရွာ (၅၀၈၀) ရွာအတွက် လိုအပ်သည့် ထရန်စဖော်မာ (၅၃၈၉) လုံးကို ထုတ်လုပ် စမ်းသပ်နေသည့် ရန်ကုန်မြို့၊ တောင်ဒဂုံ စက်မှုဇုန်ရှိ ဂျပန်နိုင်ငံ Hitachi ကုမ္ပဏီနှင့် ဖက်စပ်ပူးပေါင်း ဆောင်ရွက်နေသော Hitachi Soe Electric & Machinery Co.,Ltd. စက်ရုံသို့ သွားရောက်ပြီး ထုတ်လုပ်လျက်ရှိသည့် ထရန်စဖော်မာများ စမ်းသပ်နေမှု အခြေအနေအား သွားရောက်ကြည့်ရှု စစ်ဆေးရာ Hitachi Soe Electric & Machinery Co.,Ltd. ၏ Chairman ဦးကျော်မင်းထွန်းနှင့် Managing Director Mr. Katsutoshi Inagaki တို့မှ ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များကို မှာကြားခဲ့ ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 07-Oct-2018