လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံခရီးစဉ်အတွင်း မြန်မာ - တရုတ် နှစ်နိုင်ငံ အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိသော လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေး
လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရန် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပေကျင်းမြို့သို့ ရောက်ရှိနေသော လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် သြဂုတ်လ ၁၉ ရက်နေ့၊ နံနက်ပိုင်းတွင် CNPC International ကုမ္ပဏီဥက္ကဌနှင့် Petro China ကုမ္ပဏီ ဒုတိယဥက္ကဌဖြစ်သူ Mr. Wang Zhongcai နှင့် တာဝန်ရှိသူများ၊ Sino Pipeline International ကုမ္ပဏီမှ တာဝန်ရှိသူများ၊ Petro China Gas Marketing ကုမ္ပဏီမှတာဝန်ရှိသူများ၊ Chinnery Assets Limited ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ထိုသို့ဆွေးနွေးရာတွင် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက် လျက်ရှိသော ရေနံနှင့်သဘာဝဓာတ်ငွေ့စီမံကိန်းဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ဆိုင်ရာ အသစ်တိုးချဲ့ ဆောင်ရွက်ရန် အလားအလာနှင့် အခွင့်အလမ်းများကိုလည်းကောင်း၊ အနာဂတ်ကာလတွင် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရန် အစီအစဉ်များကိုလည်းကောင်း ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။
Read More...
Post under by : ဝန်ကြီးရုံး
: 20-Aug-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ ပြည်သူ့လွှတ်တော် လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဌ ဦးကြည်မိုးနိုင်နှင့် အဖွဲ့ဝင်များသည် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ သောက်ရေခပ် (၂) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် ၂၃၀ ကေဗွီ တောင်ငူပင်မဓာတ်အားခွဲရုံတို့အား ကြည့်ရှုစစ်ဆေး
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် ပြည်သူ့ လွှတ်တော် လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဌ ဦးကြည်မိုးနိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၈ ခုနှစ်၊ ဩဂုတ်လ (၁၈) ရက်နေ့တွင် ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ သောက်ရေခပ် (၂) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် ၂၃၀ ကေဗွီ တောင်ငူပင်မဓာတ်အားခွဲရုံတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
Read More...
Post under by : ဝန်ကြီးရုံး
: 18-Aug-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ မြစ်ငယ်မြစ်ပေါ်ရှိ ဒီးဒုတ်ရေအားလျှပ်စစ်စီမံကိန်း ဆက်လက်အကောင်အထည်ဖော် တည်ဆောက်နိုင်ရန်အတွက် Notice to Proceed ပေးအပ်သည့်အခမ်းအနား ကျင်းပပြုလုပ်သည့်သတင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်ငယ်မြစ်ပေါ်ရှိ ဒီးဒုတ်ရေအားလျှပ်စစ်စီမံကိန်း ဆက်လက်အကောင်အထည်ဖော် တည်ဆောက်နိုင်ရန်အတွက် Notice to Proceed ပေးအပ်သည့်အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်နေ့၊ ညနေ ၀၆:၀၀ နာရီအချိန်တွင် Park Royal Hotel ၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
Read More...
Post under by : ဝန်ကြီးရုံး
: 16-Aug-2018
တင်ဒါပိတ်ရက် ပြောင်းလဲပြင်ဆင်သတ်မှတ်ခြင်း ကမာနတ်ပင်မဓာတ်အားခွဲရုံ)
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ Web Portal (www.moee.gov.mm) တွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၀) ရက်နေ့တွင် ထည့်သွင်းကြေငြာ၍ တင်ဒါခေါ်ယူခဲ့သော လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ ကမာနတ်ပင်မဓာတ်အားခွဲရုံရှိ
Read More...
Post under by : လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန(DPTSC)
: 15-Aug-2018
ရန်ကုန်တိုင်းဒေသကြီးအတွင်း၊ လျှပ်စစ်ဓာတ်အားတိုးတက်ဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်မှုအခြေအနေများအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ကြည့်ရှုစစ်ဆေး
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်အားသုံးစွဲသူပြည်သူများ လျှပ်စစ်ဓာတ်အားတိုးတက် ကောင်းမွန်စွာသုံးစွဲနိုင်ရေး၊ ဓာတ်အားစနစ်တည်ငြိမ်မှုရှိစေရေး၊ ဓာတ်အားပျောက်ဆုံးမှုလျှော့ချနိုင် ရေး တို့အတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဒုတိယ ဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန်နှင့် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပို ရေးရှင်းမှ တာဝန်ရှိသူများ လိုက်ပါလျက် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်အားဖြန့်ဖြူး ပေးထားမှု အခြေအနေများနှင့် သင်္ဃန်းကျွန်းမြို့နယ်အတွင်း ဆောင်ရွက်နေသော ၆.၆ ကေဗွီ ကောင်းကင် ဓာတ်အားလိုင်းအား 15 kV SAC Cable ဖြင့် ပြောင်းလဲတည်ဆောက်ခြင်းလုပ်ငန်း၊ မရမ်းကုန်း မြို့နယ်အတွင်း ၄၀၀ ဗို့ဓာတ်အားလိုင်းအား ABC Cable ဖြင့် ပြောင်းလဲ တည်ဆောက်ခြင်း လုပ်ငန်းနှင့် ဗဟန်းမြို့နယ်အတွင်း ၃၃ ကေဗွီ သူရဲကောင်းဓာတ်အားခွဲရုံအား ၆၆ ကေဗွီ ဓာတ်အား ခွဲရုံသို့ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
Read More...
Post under by : ဝန်ကြီးရုံး
: 11-Aug-2018