The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

နောက်ဆုံးရသတင်း


ပြည်တွင်းထုတ်ဓာတ်ဆီများကို နိုင်ငံပိုင်စက်သုံးဆီအရောင်းဆိုင် (၈) ဆိုင်မှ ဖြန့်ဖြူးရောင်းချ ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိ
နိုင်ငံတကာစက်သုံးဆီဈေးနှုန်းနှင့် နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်လာခြင်းကြောင့် ပြည်တွင်းစက်သုံးဆီဈေးနှုန်း မြင့်တက်လာနိုင်သဖြင့် ဈေးနှုန်းထိန်းညှိရန်ရည်ရွယ်၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ ရေနံဓာတုဗေဒစက်ရုံစု(သံပရာကန်)မှ ထုတ်လုပ်သည့် ပြည်တွင်းထုတ်ဓာတ်ဆီများအား သင့်တော်သော ဈေးနှုန်းဖြင့် ၁-၇-၂၀၁၈ ရက်နေ့မှစတင်၍ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း၏ နိုင်ငံပိုင်စက်သုံးဆီ အရောင်းဆိုင် ၈ ဆိုင်များဖြစ်သည့်


Read More...

Post under by : ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)
: 28-Jun-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်နှင့် အလုံမြို့နယ်များရှိ ဓာတ်အားခွဲရုံများအား ကြည့်ရှုစစ်ဆေးသည့် သတင်း
ပြည်သူများ လျှပ်စစ်ဓာတ်အားတည်ငြိမ်ပြည့်ဝစွာ ရရှိစေရေးနှင့် ဓာတ်အားစနစ် ကြံ့ခိုင် ကောင်းမွန်စေရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနနှင့် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပို ရေးရှင်းမှ တာဝန်ရှိသူများ လိုက်ပါလျက် ၂၃.၆.၂၀၁၈ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ လှိုင်သာယာမြို့နယ်နှင့် အလုံမြို့နယ်တို့ရှိ ဓာတ်အားခွဲရုံများသို့ ရောက်ရှိစစ်ဆေးခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 24-Jun-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ အင်ဂျင်နီယာများမွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၁၈) ဆင်းပွဲအခမ်းအနားကျင်းပပြုလုပ်ခြင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ အင်ဂျင်နီယာများ မွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၁၈) ဆင်းပွဲအခမ်းအနားကို ၂၀၁၈ခုနှစ်၊ ဇွန်လ (၂၂) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ လျှပ်စစ်နှင့််စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်၊ ဒုတိယ ဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ ဦးစီးဌာန၊ လုပ်ငန်း၊ ကော်ပိုရေးရှင်းများမှ ဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 22-Jun-2018
တောင်ငူ-လိပ်သို ၃၃ ကေဗွီဓာတ်အားလိုင်း တည်ဆောက်ရာတွင် ဖြတ်သန်းသွားသော ကျေးရွာ (၉) ရွာအား ဓာတ်အားရရှိနိုင်ရေးအတွက် ဆောင်ရွက်ခဲ့သော CSR လုပ်ငန်းများ
တောင်ငူ-လိပ်သို ၃၃ ကေဗွီဓာတ်အားလိုင်း တည်ဆောက်ရာတွင် ဖြတ်သန်းသွားသော ကျေးရွာ (၉) ရွာအား ဓာတ်အားရရှိနိုင်ရေးအတွက် ဆောင်ရွက်ခဲ့သော CSR လုပ်ငန်းများ


Read More...

Post under by : လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း(ESE)
: 12-Jun-2018
ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်သည့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်းတွင် အသုံးပြုမည့် ပစ္စည်းများဝယ်ယူခြင်းစာချုပ်နှင့် အကြံပေးဝန်ဆောင်မှုစာချုပ်များ လက်မှတ်ရေးထိုးခြင်းအခမ်းအနားကျင်းပပြုလုပ်
ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်သည့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း တွင် အသုံးပြုမည့် ပစ္စည်းများဝယ်ယူရန် တင်ဒါအောင်မြင်သောကုမ္ပဏီများနှင့် ပစ္စည်း ဝယ်ယူရေးစာချုပ်၊ အကြံပေးဝန်ဆောင်မှုစာချုပ်များ လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ ၁၄:၀၀ နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇) ၊ ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 06-Jun-2018