လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ဒေသတွင် တည်ဆောက်မည့် ၁၄၅ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံအတွက် Gas Engine များ အလုံ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းသို့ ရောက်ရှိမှုအား စစ်ဆေးကြည့်ရှုသည့်သတင်း
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ဒေသ ၊ ဘဲလင်း ၂၃၀ ကေဗွီ ဓာတ်အား ခွဲရုံတွင် Powergen Kyaukse Company Limited မှ အကောင်အထည်ဖော် ဆောင်ရွက်မည့် ၁၄၅ မဂ္ဂါဝပ် Gas Engine ဓာတ်အားပေးစက်ရုံ တည်ဆောက်ခြင်းလုပ်ငန်းအတွက် အီတလီနိုင်ငံတွင် တည်ဆောက်ထုတ်လုပ်ခဲ့သော Wartsila ကုမ္ပဏီမှ ၁၈မဂ္ဂါဝပ် အင်ဂျင်စက် (၈) လုံးသည် အီတလီ နိုင်ငံ၊ Trieste ဆိပ်ကမ်းမှ မြန်မာနိုင်ငံ ၊ ရန်ကုန်မြို့၊ အလုံ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းသို့ ၁.၉.၂၀၁၈ ရက်နေ့တွင် ဆိုက်ရောက်ခြင်းအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်မှ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
Read More...
Post under by : ဝန်ကြီးရုံး
: 02-Sep-2018
ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေးနှင့် ဓာတ်အားစနစ် တည်ငြိမ်တိုးတက်ကောင်းမွန်စေရေးအတွက် ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းများ ပြင်ဆင်ဆောင်ရွက်မည့် အစီအစဉ်များနှင့်ပတ်သက်သည့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည့်သတင်း
ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေးနှင့် ဓာတ်အားစနစ် တည်ငြိမ်တိုးတက်ကောင်းမွန်စေရေးအတွက် ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းများ ပြင်ဆင်ဆောင်ရွက်မည့် အစီအစဉ်များနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
Read More...
Post under by : ဝန်ကြီးရုံး
: 01-Sep-2018
အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း၏ Pre-Bid Meeting တက်ရောက်နိုင်ရန်အတွက် ဖိတ်ကြားခြင်း
ကမ္ဘာ့ဘဏ်ချေးငွေဖြင့်ဆောင်ရွက်မည့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်းအတွက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဓာတ်အားလိုင်းနှင့်ထရန်စဖော်မာ တည်ဆောက်ရေးလုပ်ငန်းများ တည်ဆောက်ရန် တင်ဒါခေါ်ယူခဲ့သည့် National Competitive Bidding (NCB) No.MOEE- NEP/C1-W1/18 (15.8.2018) Installation for Distribution Lines and Transformers for Sagaing နှင့်ပတ်သက်၍ Pre-Bid Meeting အား အောက်ဖော်ပြပါ အစီအစဉ်အတိုင်း ပြုလုပ်မည်ဖြစ်ပါသဖြင့် တင်ဒါရယူထားသည့် တည်ဆောက်ရေးကုမ္ပဏီများနှင့် စိတ်ပါဝင်စားသည့် ကုမ္ပဏီများမှ တည်ဆောက်ရေးလုပ်ငန်းရှင်များ တက်ရောက်နိုင်ပါကြောင်း နှင့် တက်ရောက်မည် ဖြစ်ပါက အမည်စာရင်းပေးသွင်းနိုင်ပါကြောင်း ဖိတ်ကြားအပ်ပါသည် -
Read More...
Post under by : လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း(ESE)
: 29-Aug-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် မြန်မာ-တရုတ် နှစ်နိုင်ငံ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးများအား တက်ရောက်ပြီး ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် မြန်မာ-တရုတ် နှစ်နိုင်ငံလျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဘရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးများသို့ တက်ရောက်ခဲ့ပြီး ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၂၆)
Read More...
Post under by : ဝန်ကြီးရုံး
: 26-Aug-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု၊ပို့လွှတ်မှု၊ ဖြန့်ဖြူးမှုဆိုင်ရာကဏ္ဍများအား လေ့လာ ဆွေးနွေးသည့်သတင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင် ဦးဆောင်သောမြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ယူနန်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု၊ ပို့လွှတ်မှု၊ဖြန့်ဖြူးမှုတို့အား ထိမ်းသိမ်းကွပ်ကဲနေသော Yunan Power Grid Company Limited ၏Control Center သို့ရောက်ရှိခဲ့ရာ China Southern Power Grid Co. Ltd ၏ Vice President Mr. Bi Ya Xiong နှင့် တာဝန်ရှိသူများက Control Center အတွင်းလိုက်လံရှင်းလင်းပြသခဲ့ပါသည်။ ယူနန်ပြည်နယ်၌ စက်တပ်ဆင်အင်အား ၈၇၀၀၀ မဂ္ဂါဝပ်ကျော်ရှိပြီး၊ ရေအားလျှပ်စစ် ၇၂ ရာခိုင်နှုန်း၊ အပူစွမ်းအင်မှ ၁၆ ရာခိုင်နှုန်း၊ လေအား ၉ ရာခိုင်နှုန်း၊ နေစွမ်းအင် ၃ ရာခိုင်နှုန်းဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်လျက်ရှိကြောင်း၊ ယူနန်ပြည်နယ်အတွင်းမဂ္ဂါဝပ် ၄ သောင်းကျော်သုံးစွဲပြီး၊ ကျန်လျှပ်စစ်ဓာတ်အားကို ပြည်နယ် များသို့ပေးပို့လျက်ရှိကြောင်းသိရပါသည်။ ယူနန်ပြည်နယ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အနေဖြင့် မဟာမဲခေါင်ဒေသတွင်း နိုင်ငံများနှင့်လျှပ်စစ်ဓာတ်အား ကုန်သွယ်ရေးအတွက် အဓိက ကျသော ပြည်နယ်တစ်ခုဖြစ်ပြီး၊ လာအို၊ဗီယက်နမ်နိုင်ငံတို့နှင့် အပြန်အလှန် လျှပ်စစ်ဓာတ်အား များ ပို့လွှတ်လျက်ရှိပြီး၊ မြန်မာနိုင်ငံနှင့်လည်းပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကို ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။
Read More...
Post under by : ဝန်ကြီးရုံး
: 25-Aug-2018