The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

နောက်ဆုံးရသတင်း


မန္တလေးတိုင်းဒေသကြီးအတွင်း အောင်မြေသာစံမြို့နယ်၊ အိုးဘိုရပ်ကွက်တွင် ဓာတ်အားဖြန့်ဖြူးထားသည့် ၃၃ ကေဗွီ အိုးဘိုခွဲရုံ ပြန်လည်ပြုပြင်မှုအခြေအနေနှင့် လျှပ်စစ်ဓာတ်အားတိုးတက်ဖြန့်ဖြူးနိုင်ရန်အတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် ဓာတ်အားခွဲရုံများအား ကြည့်ရှုစစ်ဆေးသည့်သတင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်သည် လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန နှင့် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၈ ခုနှစ်၊ မေလ(၂၅)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးအတွင်း အောင်မြေသာစံမြို့နယ်၊ အိုးဘိုရပ်ကွက်တွင် ဓာတ်အားဖြန့်ဖြူးထားသည့် ၃၃/၁၁ ကေဗွီ အိုးဘိုခွဲရုံ သို့ ရောက်ရှိခဲ့ပါသည်။၃၃/၁၁ ကေဗွီ၊ အိုးဘိုခွဲရုံမှာ ဓာတ်အားလိုင်းအပြစ်ကြောင့် (၂၃-၅-၂၀၁၈) ရက်နေ့ (၁၅:၂၀)နာရီတွင် ၂၀ အမ်ဗွီအေ ထရန်စဖော်မာမှ ဆီများပန်း၍ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ရပ်ကွက်(၆)ခုမှာ ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပွားခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 25-May-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်မှ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံ သံအမတ်ကြီး H.E. Mr. Prof. Dr. Iza အား လက်ခံတွေ့ဆုံ ဆွေးနွေးသည့် သတင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် မြန်မာနိုင်ငံ ဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံ သံအမတ်ကြီး H.E. Mr. Prof. Dr. Iza အား ယနေ့မွန်းလွဲ (၃:၁၅)နာရီတွင် နေပြည်တော် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ၍ နှစ်နိုင်ငံအကြား လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍတွင် ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်ရေးအတွက် ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 21-May-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာလုပ်ငန်းများကြည့်ရှုစစ်ဆေးသည့်သတင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဒုတိယ ဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၈ ခုနှစ် ၊ မေလ ၂၀ ရက်နေ့၊ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း အသုံးချသုတေသနဌာနခွဲနှင့် ရေအားလျှပ်စစ်အကောင် အထည်ဖော်ရေးဦးစီးဌာန၊ လှော်ကား၊ စက်မှုယန္တရားဌာနခွဲတို့အား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 20-May-2018
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ သီလဝါဆိပ်ကမ်းဒေသရှိ Elite Terminal အပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတားနှင့် ရေနံဓာတ်ငွေ့ရည်သိုလှောင်ကန် ဖွင့်လှစ်ခြင်းအခမ်းအနား ကျင်းပပြုလုပ်
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ သီလဝါဆိပ်ကမ်းဒေသရှိ Elite Terminal အပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတားနှင့် ရေနံဓာတ်ငွေ့ရည်သိုလှောင်ကန် ဖွင့်လှစ်ခြင်းအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ မေလ ၁၉ ရက်နေ့၊ နံနက်(၀၈:၃၀)နာရီတွင် သီလဝါ ဆိပ်ကမ်းဒေသရှိ Elite Petrochemical Co.,Ltd. ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 19-May-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် စွမ်းအင်ကဏ္ဍဆိုင်ရာ စီမံကိန်းလုပ်ငန်းဆောင်ရွက်မည့်အခြေအနေများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် စွမ်းအင်ကဏ္ဍ ဆိုင်ရာ လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ မေလ ၁၇ ရက်နေ့၊ နံနက် (၀၉:၀၀)နာရီတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇) ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 18-May-2018