The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

နောက်ဆုံးရသတင်း


သတင်းထုတ်ပြန်ချက် ၂၀၁၈ ခုနှစ်၊ မေလ ၁၀ ရက်
သတင်းထုတ်ပြန်ခြင်း (၄/၂၀၁၈) အခမ်းအနားကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ နေပြည်တော်၌ (၁၀.၅.၂၀၁၈)ရက်နေ့ ၊ နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနား၌ ၁၃၂ ကေဗွီ ငှက်ပျောဒိုင်း ပင်မဓာတ်အားခွဲရုံတွင် Main Transformer တပ်ဆင်အင်အား တိုးမြှင့်ခြင်းလုပ်ငန်းဆောင်ရွက်မှု အခြေအနေ၊ ရွှေကျင်ရေအားလျှပ်စစ် ရေကာတာစီမံကိန်းကြောင့် ဒေသနေပြည်သူများ၏ နစ်နာမှုများအပေါ် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနမှ ထောက်ပံ့ကြေးများပေးအပ်ပြီးစီးမှုအခြေအနေ၊


Read More...

Post under by : ဝန်ကြီးရုံး
: 10-May-2018
  လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့်  စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်သည့် သတင်း
   လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက် မည့်  စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ မေလ ၁၀ ရက်နေ့၊ နံနက် (၀၇:၃၀) နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 10-May-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး H.E. Mr. Ichiro MARUYAMA အား လက်ခံတွေ့ဆုံ ဆွေးနွေး
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး H.E. Mr. Ichiro MARUYAMA အား ယနေ့မွန်းလွဲ (၁:၀၀) နာရီတွင် နေပြည်တော် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ၍ နှစ်နိုင်ငံအကြား လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍတွင် ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်ရေးအတွက် ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 08-May-2018
ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် တာဝန်ရှိသူများသည် သူဌေးရေအားလျှပ်စစ်စီမံကိန်း၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေနှင့် သံတွဲ ၆၆ ကေဗွီ (၁၀) အမ်ဗွီအေ နန်ချောင်းဓာတ်အားခွဲရုံတို့အား သွားရောက်ကြည့်ရှုစစ်ဆေး
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုတို့သည် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ဝင် လျှပ်စစ်၊စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံနှင့် တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၈ ခုနှစ် ၊ မေလ ၅ ရက်နေ့ ၊ မွန်းလွဲပိုင်းတွင် ရခိုင် ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့၏ အရှေ့မြောက်ဘက် (၁၂) မိုင်ခန့်အကွာ သူဌေးချောင်း ပေါ်တွင် ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အမှတ်(၄)တည်ဆောက်ရေး မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် သူဌေးရေအားလျှပ်စစ်စီမံကိန်း၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 06-May-2018
ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် တာဝန်ရှိသူများ သည် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း၏ သဘာဝဓာတ်ငွေ့ ထုတ်လုပ်ဖြန့်ဖြူးမှု အခြေအနေ အား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည့်သတင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု တို့သည် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ဝင် လျှပ်စစ်၊စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၁၈ ခုနှစ် ၊ မေလ ၅ ရက်နေ့ ၊ နံနက်ပိုင်းတွင် မြန်မာနိုင်ငံအနောက်ဘက် ရခိုင်ကမ်းလွန် လုပ်ကွက် အမှတ် A-1 နှင့် A-3 တို့ရှိ ရွှေကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်း၏ သဘာဝဓာတ်ငွေ့ထုတ်လုပ် ဖြန့်ဖြူးပေးနေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 05-May-2018