လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး H.E. Mr. Ichiro MARUYAMA အား လက်ခံတွေ့ဆုံ ဆွေးနွေး
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး H.E. Mr. Ichiro MARUYAMA အား ယနေ့မွန်းလွဲ (၁:၀၀) နာရီတွင် နေပြည်တော် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ၍ နှစ်နိုင်ငံအကြား လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍတွင် ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်ရေးအတွက် ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။
Read More...
Post under by : ဝန်ကြီးရုံး
: 08-May-2018
ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် တာဝန်ရှိသူများသည် သူဌေးရေအားလျှပ်စစ်စီမံကိန်း၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေနှင့် သံတွဲ ၆၆ ကေဗွီ (၁၀) အမ်ဗွီအေ နန်ချောင်းဓာတ်အားခွဲရုံတို့အား သွားရောက်ကြည့်ရှုစစ်ဆေး
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုတို့သည် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ဝင် လျှပ်စစ်၊စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံနှင့် တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၈ ခုနှစ် ၊ မေလ ၅ ရက်နေ့ ၊ မွန်းလွဲပိုင်းတွင် ရခိုင် ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့၏ အရှေ့မြောက်ဘက် (၁၂) မိုင်ခန့်အကွာ သူဌေးချောင်း ပေါ်တွင် ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အမှတ်(၄)တည်ဆောက်ရေး မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် သူဌေးရေအားလျှပ်စစ်စီမံကိန်း၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
Read More...
Post under by : ဝန်ကြီးရုံး
: 06-May-2018
ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် တာဝန်ရှိသူများ သည် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း၏ သဘာဝဓာတ်ငွေ့ ထုတ်လုပ်ဖြန့်ဖြူးမှု အခြေအနေ အား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည့်သတင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု တို့သည် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ဝင် လျှပ်စစ်၊စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၁၈ ခုနှစ် ၊ မေလ ၅ ရက်နေ့ ၊ နံနက်ပိုင်းတွင် မြန်မာနိုင်ငံအနောက်ဘက် ရခိုင်ကမ်းလွန် လုပ်ကွက် အမှတ် A-1 နှင့် A-3 တို့ရှိ ရွှေကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်း၏ သဘာဝဓာတ်ငွေ့ထုတ်လုပ် ဖြန့်ဖြူးပေးနေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
Read More...
Post under by : ဝန်ကြီးရုံး
: 05-May-2018
အမှောင်ခွင်း၍ ပြည့်ဝင်ငွေတိုးစေမည့် လျှပ်စစ်နှင့်စွမ်းအင်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် စက်မှုလက်မှုလုပ်ငန်းများနှင့် ပြည်သူလူထုအတွက် လျှပ်စစ်ဓာတ်အား လိုအပ်ချက်များကို ဖြည့်ဆည်းဖြန့်ဖြူးပေးနိုင်ရေး၊ နိုင်ငံတော်ဓာတ်အားစနစ် တည်ငြိမ်ရေးနှင့် ဗို့အားပြည့်ဝစွာ ဖြန့်ဖြူးနိုင်ရေးအတွက် ဓာတ်အားပေးစက်ရုံများ၊ ဓာတ်အားလိုင်း များနှင့် ဓာတ်အားခွဲရုံများကို ဆောင်ရွက်အကောင်အထည်ဖော်ခြင်း၊ ပြည်သူများ လျှပ်စစ် ဓာတ်အားကို သက်သာစွာဖြင့် အဆင်ပြေစွာ ဝယ်ယူသုံးစွဲနိုင်ရေး ဆောင်ရွက်ခြင်းနှင့် နိုင်ငံအတွက် ဘဏ္ဍာ ငွေတိုးပွားစေမည့် စွမ်းအင်ထုတ်လုပ်ရေးနှင့် ရောင်းချရေး လုပ်ငန်းများ၊ ဖြန့်ဖြူးရေးနှင့် သွယ်ယူရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရ၏ဒုတိယ(၁)နှစ်တာအတွင်း ဆောင်ရွက်ပေးလျက် ရှိပါသည်။
Read More...
Post under by : ဝန်ကြီးရုံး
: 03-May-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင် ရန်ကုန်တိုင်းဒေသကြီး၊ အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်)၊ Parami Energy Services Co., Ltd. မှ ပြုပြင်မွမ်းမံခြင်းများဆောင်ရွက်နေသည့် LPG Terminal နှင့် သီလဝါဆိပ်ကမ်းဒေသ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏မြေကွက်အမှတ်၊ ၁၅/၁၆(A/B) ရှိ Elite Petrochemical Co., Ltd. တို့မှဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအားကြည့်ရှုစစ်ဆေးသည့်သတင်း
နေပြည်တော်၊ ၂၀၁၈ ခုနှစ်၊ဧပြီလ( ၂၈)ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်သည် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန်ဦးတင်မောင်ဦး၊ ဌာနအကြီးအကဲများနှင့် တာဝန် ရှိသူများလိုက်ပါလျက် ၂၀၁၈ ခုနှစ်၊ ဧပြီလ ၂၈ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ကြီးကြပ်မှု အောက်ရှိ အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်)သို့ရောက်ရှိရာ စက်ရုံဧည့်ရိပ်သာ၌ Parami Energy Services Co., Ltd. မှတာဝန်ရှိသူများမှ ပြည်ပမှ ရေနံဓာတ်ငွေ့ရည်ကို တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် Filling Station အားအဆင့် မြှင့်တင်မှု၊
Read More...
Post under by : ဝန်ကြီးရုံး
: 28-Apr-2018