The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

နောက်ဆုံးရသတင်း


လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဓာတ်အားခွဲရုံများနှင့် တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံတို့အား ကြည့်ရှုစစ်ဆေးသည့်သတင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၈ခုနှစ်၊ ဇူလိုင်လ (၈)ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်တောင်ပိုင်း အေးသာယာမြို့ရှိ ၆၆/၃၃/၁၁ ကေဗွီ အောင်သပြေ ဓာတ်အားခွဲရုံနှင့် အောင်ပန်းမြို့ရှိ ၆၆/၃၃ ကေဗွီ ဓာတ်အားခွဲရုံများသို့ရောက်ရှိပြီး ဓာတ်အား ထိန်းချုပ်ခန်းအတွင်း ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှုနှင့် Switchyard အတွင်းရှိ ထရန်စဖော်မာ များအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးပို့ရာတွင်


Read More...

Post under by : ဝန်ကြီးရုံး
: 08-Jul-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် ကယားပြည်နယ် လွိုင်ကော်ပင်မဓာတ်အားခွဲရုံနှင့် ရှမ်းပြည်နယ်အတွင်းရှိ ဓာတ်အားခွဲရုံများအား ကြည့်ရှုစစ်ဆေးသည့်သတင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် ၂၀၁၈ခုနှစ်၊ ဇူလိုင်လ (၇) ရက်နေ့ နံနက်ပိုင်းတွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊ ၁၃၂ ကေဗွီ လွိုင်ကော်ပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိရာ ဓာတ်အား ခွဲရုံမှူးမှ ဓာတ်အားခွဲရုံဆိုင်ရာ အချက်အလက်များ၊ ဓာတ်အားလက်ခံဖြန့်ဖြူးပေးထားမှု အခြေအနေနှင့် ဓာတ်အားပြတ်တောက်မှု လျှော့နည်းရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေ အနေတို့အားလည်းကောင်း၊ မဟာဓာတ်အားလိုင်းမှူးမှ ဓာတ်အားလိုင်းများ ထိန်းသိမ်း ဆောင်ရွက်ထားမှုများအားလည်းကောင်း ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးမှ လုပ်ငန်း များဆောင်ရွက်ရာတွင် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ ဓာတ်အားခွဲရုံပစ္စည်း များအား ပုံမှန်စစ်ဆေး ဆောင်ရွက်သွားရန်နှင့် စစ်ဆေးမှုမှတ်တမ်းများအား စနစ်တကျ ပြုစုထားရန်၊ ဓာတ်အားလိုင်းများ ထိန်းသိမ်းပြုပြင်ဆောင်ရွက်ရာတွင်လည်း မှတ်တမ်း များအား ပြည့်စုံစွာ စနစ်တကျပြုစုထားရှိရန် လမ်းညွှန်မှာကြားခဲ့ပြီး ဓာတ်အားခွဲရုံအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 07-Jul-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင် ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်းရှိ ဓာတ်အားခွဲရုံများအား ကြည့်ရှုစစ်ဆေးသည့်သတင်း
ပြည်သူများ လျှပ်စစ်ဓာတ်အား တည်ငြိမ်ပြည့်ဝစွာရရှိရေးနှင့် ဓာတ်အားစနစ်ကြံ့ခိုင် ကောင်းမွန်စေရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်သည် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေး နှင့်ကွပ်ကဲရေးဦးစီးဌာနနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၈ခုနှစ်၊ ဇူလိုင်လ (၆) ရက်နေ့ညနေပိုင်းတွင် ရှမ်းပြည်နယ် ပင်လောင်းမြို့နှင့် ဖယ်ခုံမြို့တို့ရှိ ၃၃/၁၁ ကေဗွီ (၅) အမ်ဗွီအေ ဓာတ်အားခွဲရုံများသို့ ရောက်ရှိ စစ်ဆေးခဲ့ပြီး လျှပ်စစ်ဓာတ်အားများဗို့အား ပြည့်ဝစွာဖြန့်ဖြူးပေးနိုင်ရေးအတွက် ဓာတ်အားခွဲရုံရှိ Main Transformer များ၏ ဗို့အားအဝင်အထွက်များကို စိစစ်တွက်ချက်၍ Tapping အဆင့်မြင့်ခြင်း လုပ်ငန်းများကို ကျွမ်းကျင်ဝန်ထမ်းများနှင့် ဆောင်ရွက်ပေးခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 06-Jul-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် ဂရိတ်ဟော်ခမ်းအများပိုင်ကုမ္ပဏီလီမိတက်တို့အကြား လျှပ်စစ်ဓာတ်အားဝယ်ယူရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနား ကျင်းပသည့်သတင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနှင့် ဂရိတ်ဟော်ခမ်းအများပိုင် ကုမ္ပဏီလီမိတက် တို့အကြား လျှပ်စစ်ဓာတ်အားဝယ်ယူရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၅) ရက်နေ့ ညနေ(၀၆:၃၀)နာရီအချိန်တွင် နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 05-Jul-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်မှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ သြစတြီးယားနိုင်ငံ သံအမတ်ကြီး H.E. Dr. Eva Hager နှင့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ ဆွေးနွေးသည့် သတင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ သြစတြီးယားနိုင်ငံ သံအမတ်ကြီး H.E. Dr. Eva Hager နှင့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ (၁၄:၀၀) နာရီတွင် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 03-Jul-2018