လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Lee Sang-hwa အား လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်နိုင်ရေးကိစ္စရပ်များအတွက် သီးခြားစီ ဆွေးနွေးခဲ့သည့်သတင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Lee Sang-hwa နှင့် ကိုယ်စားလှယ်အဖွဲ့အား ၁၃-၃-၂၀၁၈ ရက်၊ အင်္ဂါနေ့၊ (၁၀ : ၀၀)နာရီအချိန်တွင် ရုံးအမှတ်(၂၇)၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
Read More...
Post under by : ဝန်ကြီးရုံး
: 13-Mar-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ၅၀၀ ကေဗွီ ဘုရားကြီး ဓာတ်အားခွဲရုံ တည်ဆောက်မည့် မြေနေရာ၊ ဇောင်းတူရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံနှင့် ကမာနတ်ဓာတ်အားခွဲရုံများအား ကြည့်ရှုစစ်ဆေးသည့်သတင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် နှင့် တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၈ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန် - မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် - ၄၀ အနီးရှိ ၅၀၀ ကေဗွီ ဘုရားကြီးဓာတ်အားခွဲရုံ တည်ဆောက်မည့်မြေနေရာသို့ ရောက်ရှိရာ တာဝန်ရှိသူများမှ ဓာတ်အားခွဲရုံမြေနေရာရရှိရေး ဆောင်ရွက်ထားမှုအခြေအနေနှင့် ဓာတ်အားခွဲရုံတည်ဆောက်မည့်အခြေအနေတို့အား ရှင်းလင်း တင်ပြမှုအပေါ် ဒုတိယဝန်ကြီးမှ ဖြည့်စွက်တင်ပြပြီး ပြည်ထောင်စုဝန်ကြီးမှ လိုအပ်ချက်များ လမ်းညွှန်မှာကြားခဲ့ပါသည်။
Read More...
Post under by : ဝန်ကြီးရုံး
: 10-Mar-2018
ခေါင်လန်ဖူးမြို့ လျှပ်စစ်ဓာတ်အားပိုမို တိုးမြှင့်ရရှိသုံးစွဲနိုင်ရေး
လျှပ်စစ်စွမ်းအင်ကို သက်ရှိတို့ အကျိုးဖြစ်ထွန်းမှုအတွက် နည်းလမ်းအမျိုးမျိုးဖြင့် ထုတ်ယူ သုံးစွဲလျက်ရှိကြသည်။ ယခုအခါ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့ ကဏ္ဍမျိုးစုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်ဓာတ်အား ပိုမိုတိုးမြှင့် သုံးစွဲနိုင်ရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ခဲ့မှုများနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးစောဝင်းမောင်နှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ရေးသားတင်ပြလိုက်ရပါသည်။
Read More...
Post under by : လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း(ESE)
: 09-Mar-2018
မြန်မာ-တရုတ်-ဘင်္ဂလားဒေ့ရှ် ၃ နိုင်ငံအကြား လျှပ်စစ်ဓာတ်အားကုန်သွယ်ရေးအတွက် ဝန်ကြီးအဆင့် အစည်းအဝေးကျင်းပပြုလုပ်သည့်သတင်း
မြန်မာ - တရုတ် - ဘင်္ဂလားဒေ့ရှ် ၃ နိုင်ငံအကြား လျှပ်စစ်ဓာတ်အားကုန်သွယ်ရေးအတွက် ၂၀၁၈ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် မတ်လ ၉ ရက်နေ့ ဝန်ကြီးအဆင့် အစည်းအဝေးတို့ကို နေပြည်တော် Horizon Lake View Hotel ၌ ကျင်းပပြုလုပ် ခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားစွမ်းအင်အုပ်ချုပ်ရေးအဖွဲ့ (National Energy Administration - NEA) ၏ Vice Administrator ဖြစ်သူ H.E. Mr. Li Fanrong၊ ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံ လျှပ်စစ်စွမ်းအင်နှင့် သတ္တုအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီး H.E. Dr. Tawfiq-e-ElahiChowdhury BB နှင့် စွမ်းအင်ဆိုင်ရာအဆင့်မြင့် အရာရှိကြီး များ တက်ရောက်ခဲ့ကြပါသည်။
Read More...
Post under by : ဝန်ကြီးရုံး
: 09-Mar-2018
“လေးမြို့ (၁) ရေအားလျှပ်စစ် စီမံကိန်းဆိုင်ရာ ဖြစ်မြောက်နိုင်စွမ်း လေ့လာမှု အစီရင်ခံစာ”နှင့်ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်သည့်သတင်း
“လေးမြို့ (၁) ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ ဖြစ်မြောက်နိုင်စွမ်းလေ့လာမှုအစီရင် ခံစာ” နှင့်ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ မတ်လ ၈ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ M Gallary ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲအခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင် သာယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးဆလိုင်းအိုက်ဆက်ခင်၊ အမြဲတမ်းအတွင်းဝန်၊ ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာန/လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Oliver RICHARD နှင့် တာဝန်ရှိသူများ၊ လေးမြို့ (၁) ရေအား လျှပ်စစ်စီမံကိန်းအား အကျိုးတူပူးပေါင်းဆောင်ရွက်မည့် ပြင်သစ်နိုင်ငံ TRACTEBEL ENGINEERING S.A. ၊ ENGIE Group ၊ FASEP Club Guests တို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။
Read More...
Post under by : ဝန်ကြီးရုံး
: 08-Mar-2018