The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

နောက်ဆုံးရသတင်း


MOGE Geological Forum 2018 ကျင်းပပြုလုပ်သည့် သတင်း 
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ကြီးမှူးပြီး ကုန်းတွင်းနှင့် ကမ်းလွန်လုပ်ကွက်များ၌ ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေထုတ်လုပ်ရေးလုပ်ငန်းများ ကို အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသော Total E & P , PETRONAS , PTTEP ကုမ္ပဏီ များနှင့်ပူးပေါင်း၍ MOGE Geological Forum 2018 အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် မင်္ဂလာသီရိ ဟိုတယ်၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။               အဆိုပါ အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ ဌာနဆိုင်ရာ အကြီးအကဲများ ၊ ပြည်တွင်းပြည်ပမှ ရေနံဘူမိဗေဒဆိုင်ရာပညာရှင်များ၊ ရေနံအင်ဂျင်နီယာများ၊ ဆက်စပ်ကဏ္ဍများမှ ပညာရှင်များ၊ ပြည်ပရေနံ ကုမ္ပဏီများမှ ပုဂ္ဂိုလ်များနှင့် တက္ကသိုလ်/ ကောလိပ်များမှ ပညာရှင်များ ဖိတ်ကြား ထားသူများ တက်ရောက်ကြပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 15-Mar-2018
သတင်းထုတ်ပြန်ချက် ၂၀၁၈ ခုနှစ်၊ မတ်လ ၁၄ ရက်
အခမ်းအနား၌ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ဆောင်ရွက်ဆဲ/ဆောင်ရွက်မည့်အစီအမံများ အပါအဝင် LNG ( Liquefied Natural Gas ) မှ လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၄ ခုကို NTP ဆောင်ရွက် ခဲ့သည့်အခြေအနေ၊ မဟာဓာတ်အားလိုင်းများ တည်ဆောက်နေသည့်အခြေအေန၊ အိမ်သုံးမီတာများ နှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေ၊ မီတာခနှုန်းထား ပြင်ဆင်ခြင်းနှင့်ပတ်သက်၍ အခြေခံကျသည့်အချက်များအား စဉ်စားတွက်ချက်မှုအခြေအနေ၊ မီတာများ နှင့်ပတ်သက်၍ Test Lab ဌာနများ၏ ဆောင်ရွက်ပုံအဆင့်ဆင့်၊ ကမ်းလွန်လုပ်ကွက် A-6 နှင့် AD-7 တို့မှ သဘာဝဓာတ်ငွေ့ထုတ်ယူနိုင်မည့်အခြေအနေ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုမိုထုတ်လုပ်နိုင်ရေး ဆောင်ရွက်ထားမှုအခြေအနေ


Read More...

Post under by : ဝန်ကြီးရုံး
: 14-Mar-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Lee Sang-hwa  အား လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်နိုင်ရေးကိစ္စရပ်များအတွက် သီးခြားစီ ဆွေးနွေးခဲ့သည့်သတင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Lee Sang-hwa နှင့် ကိုယ်စားလှယ်အဖွဲ့အား ၁၃-၃-၂၀၁၈ ရက်၊ အင်္ဂါနေ့၊ (၁၀ : ၀၀)နာရီအချိန်တွင် ရုံးအမှတ်(၂၇)၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 13-Mar-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ၅၀၀ ကေဗွီ ဘုရားကြီး ဓာတ်အားခွဲရုံ တည်ဆောက်မည့် မြေနေရာ၊ ဇောင်းတူရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံနှင့် ကမာနတ်ဓာတ်အားခွဲရုံများအား ကြည့်ရှုစစ်ဆေးသည့်သတင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် နှင့် တာဝန်ရှိသူများလိုက်ပါလျက်  ၂၀၁၈ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန် - မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် - ၄၀ အနီးရှိ ၅၀၀ ကေဗွီ ဘုရားကြီးဓာတ်အားခွဲရုံ တည်ဆောက်မည့်မြေနေရာသို့ ရောက်ရှိရာ တာဝန်ရှိသူများမှ ဓာတ်အားခွဲရုံမြေနေရာရရှိရေး ဆောင်ရွက်ထားမှုအခြေအနေနှင့် ဓာတ်အားခွဲရုံတည်ဆောက်မည့်အခြေအနေတို့အား ရှင်းလင်း တင်ပြမှုအပေါ် ဒုတိယဝန်ကြီးမှ ဖြည့်စွက်တင်ပြပြီး ပြည်ထောင်စုဝန်ကြီးမှ လိုအပ်ချက်များ လမ်းညွှန်မှာကြားခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 10-Mar-2018
ခေါင်လန်ဖူးမြို့ လျှပ်စစ်ဓာတ်အားပိုမို တိုးမြှင့်ရရှိသုံးစွဲနိုင်ရေး
လျှပ်စစ်စွမ်းအင်ကို သက်ရှိတို့ အကျိုးဖြစ်ထွန်းမှုအတွက် နည်းလမ်းအမျိုးမျိုးဖြင့် ထုတ်ယူ သုံးစွဲလျက်ရှိကြသည်။ ယခုအခါ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့ ကဏ္ဍမျိုးစုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်ဓာတ်အား ပိုမိုတိုးမြှင့် သုံးစွဲနိုင်ရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ခဲ့မှုများနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးစောဝင်းမောင်နှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ရေးသားတင်ပြလိုက်ရပါသည်။


Read More...

Post under by : လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း(ESE)
: 09-Mar-2018