The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

နောက်ဆုံးရသတင်း


လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ ရေလှောင်တမံအတွင်း ရေဝင်ရောက်မှုနှင့် ဓာတ်အားထုတ်လုပ်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် အမြဲတမ်း အတွင်းဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ဇွန်လ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့၏ အရှေ့ဘက် (၂၆)မိုင်ခန့်အကွာ ပေါင်းလောင်းမြစ် ပေါ်တွင် တည်ဆောက်ထားသည့် အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ ရေလှောင်တမံအတွင်း ရေဝင်ရောက်မှုနှင့် ဓာတ်အားထုတ်လုပ်နေမှုအခြေအနေများအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 29-Jun-2026
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဘိုးဒေါနကုန်းကျေးရွာရှိ ပလတ်စတစ်လုပ်ငန်းတွင် တရားမဝင်လျှပ်စစ်ဓာတ်အားရယူသုံးစွဲထားခြင်းအား လျှပ်စစ်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် မသမာသောနည်းဖြင့် လျှပ်စစ်ဓာတ်အားရယူသုံးစွဲမှုများကို စောင့်ကြည့်စစ်ဆေးဖော်ထုတ်လျက်ရှိရာ (၁၆.၆.၂၀၂၆) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ် အတွင်း တရားမဝင်ဓာတ်အားသုံးစွဲမှုမရှိစေရေးနှင့် ယူနစ်ပျောက်ဆုံးမှု (Losses) လျော့နည်းကျဆင်းစေရေး အတွက် မြောက်ပိုင်းခရိုင်/မြို့နယ်များတွင် စီမံချက်အစုအဖွဲ့(၂၄)အဖွဲ့ဖြင့် ရှောင်တခင် အသေးစိတ်ဝင်ရောက် စစ်ဆေးခဲ့ရာ မှော်ဘီမြို့နယ်၊ ဘိုးဒေါနကုန်းကျေးရွာရှိ ပလတ်စတစ်လုပ်ငန်းတွင် အသုံးပြုထားသော မီတာမှာ Cover Seal နှင့် Terminal Seal များ ပြုပြင်ထားပြီး မီတာအတွင်း Control Circuit ခံ၍ လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 22-Jun-2026
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ မော်စကိုမြို့ရှိ Smart Meter ထုတ်လုပ်သည့်စက်ရုံသို့ သွားရောက် လေ့လာခြင်း
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေသည့် ခရီးစဉ်အတွင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၇ ရက် နေ့ မွန်းလွဲပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ရှိ Telematic Solution Co., Ltd. ၏  Smart Meter ထုတ်လုပ်ရေးစက်ရုံသို့ ရောက်ရှိရာ တာဝန်ရှိသူများမှ  စက်ရုံအတွင်း ဆောင်ရွက်နေမှု လုပ်ငန်း စဉ်များအား လိုက်လံရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ကိုယ်ပိုင်အဆင့်မြင့်နည်းပညာသုံး တပ်ဆင်ထုတ်လုပ်ထားသည့် Smart Meter စနစ်ကို မြန်မာနိုင်ငံတွင်လက်ရှိအသုံးပြုနေသည့် စနစ် တွင်ပေါင်းစပ်ပြီး အဆင့်မြှင့်တင်ရာ၌ လာရောက်ရင်းနှီးမြှုပ်နှံလိုသည့်အပေါ် ကြိုဆိုပါကြောင်းနှင့် နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်ခြင်းများ ပြုလုပ်လိုပါကြောင်း ပြန်လည်ဆွေးနွေးခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 07-Jun-2026
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ ၃၃ ကေဗွီ ဓာတ်အားခွဲရုံအမှတ်(၂)ရှိ ၃၃/၁၁ ကေဗွီ၊ ၁၀ အမ်ဗွီအေ ထရန်စဖော်မာလောင်ကျွမ်းမှုဖြစ်စဉ်နှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်
၁။ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ ၃၃ ကေဗွီ ဓာတ်အား ခွဲရုံအမှတ် (၂) ရှိ ၃၃/၁၁ ကေဗွီ၊ ၁၀ အမ်ဗွီအေ ထရန်စဖော်မာအမှတ်(၁)သည် ၂၀၂၆ခုနှစ်၊ မေလ ၂၁ ရက်နေ့ (၁၅:၄၂) နာရီတွင် ဓာတ်အားပြတ်တောက်ခဲ့ပြီး လျှပ်စစ်စမ်းသပ်ရေးဆိုင်ရာ စမ်းသပ်ချက် များအရ ထရန်စဖော်မာလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ဖော်ပြပါ ထရန် စဖော်မာလောင်ကျွမ်းမှုကို သိလျှင်သိခြင်း အဆိုပါ ထရန်စဖော်မာဖြင့် ဓာတ်အားဖြန့်ဖြူးထားသည့် အစိုးရဌာနရုံးများနှင့် အများပြည်သူဆိုင်ရာနေရာ အချို့အား ၎င်းဓာတ်အားခွဲရုံရှိ ကျန်ထရန်စဖော်မာ အမှတ် (၂) ဖြင့် ဝန်အားမျှ၍ လျှပ်စစ်ဓာတ်အား ယာယီပြန်လည်ဖြန့်ဖြူးပေးခဲ့ပါသည်။


Read More...

: 22-May-2026
သတင်းထုတ်ပြန်ချက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် အတွင်းရှိ ၆၆/၃၃/၁၁ ကေဗွီ သီပေါဓာတ်အားခွဲရုံနှင့် ကျောက်မဲမြို့နယ်အတွင်းရှိ ၃၃/၁၁ ကေဗွီ ဓာတ်အားခွဲရုံများ ပြန်လည်ပြုပြင်ပြီးစီးမှုအခြေအနေများအား မေလ ၁၇ ရက်နေ့တွင်လည်းကောင်း၊ မန္တလေး တိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်အတွင်းရှိ ၂၃၀ ကေဗွီ ပင်မဓာတ်အားခွဲရုံများမှ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှုအခြေအနေတို့အား မေလ ၁၈ ရက်နေ့တွင်လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 21-May-2026