သတင်းထုတ်ပြန်ချက်
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လျှပ်စစ် စွမ်းအားဝန်ကြီးဌာနမှ အကောင်အထည်ဖော်တည်ဆောက်ပြီးစီးခဲ့သည့် မန္တလေးတိုင်း ဒေသကြီး၊ မြစ်သားမြို့နယ်ရှိ တောင်တော်ကွင်း ၂၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၂၉) ရက်နေ့၊ နံနက်(၁၀:၃၀) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ တေစိုးကျေးရွာ အနီးရှိ အဆိုပါဓာတ်အားပေးစက်ရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
Read More...
Post under by : ဝန်ကြီးရုံး
: 29-Dec-2022
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင်ဦးမောင်ကို မန္တလေးတိုင်းဒေသကြီးမိတ္ထီလာခရိုင် မလှိုင်မြို့နယ်တွင် ၃၃/၁၁ ကေဗွီ(၅)အမ်ဗွီအေလယ်တာကောင်းဓာတ်အားခွဲရုံဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ မိတ္ထီလာခရိုင် မလှိုင်မြို့နယ်တွင် ၃၃/၁၁ကေဗွီ(၅)အမ်ဗွီအေလယ်တာကောင်းဓာတ်အားခွဲရုံဖွင့်ပွဲအခမ်းအနားကိုယနေ့နံနက်ပိုင်းကအဆိုပါဓာတ်အားခွဲရုံတွင်ကျင်းပရာမန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဝဏ္ဏကျော်ထင်ဦးမောင်ကို၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ကျေးရွာအသီးသီးမှ မီးလင်းရေးဆောင်ရွက်နေကြသူများနှင့် ရပ်မိရပ်ဖများ၊ ဖိတ်ကြားထားသူများတက်ရောက်ကြသည်။
Read More...
Post under by : မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(MESC)
: 29-Dec-2022
သတင်းထုတ်ပြန်ချက်
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားများအား အသွင်သဏ္ဍာန်ရော အနှစ်သာရပါ ပြည့်ဝအောင် နိုင်ငံတော်အဆင့် ခမ်းနားထည်ဝါစွာ ကျင်းပပြုလုပ်မည်ဖြစ်ရာ ယင်းကာလအတွင်း လျှပ်စစ်ဓာတ်အားများ မပြတ်တောက်စေရေးနှင့် တည်ငြိမ်ပြည့်ဝစွာ ပို့လွှတ်ဖြန့်ဖြူးနိုင်ရေးအတွက် စီမံချက်အတိုင်း လုပ်ငန်းများကို လစ်ဟာမှု မရှိအောင် အထူးအရေးကြီး တာဝန်တစ်ရပ်အနေဖြင့် ကျေပွန်စွာ ထမ်းဆောင်ကြရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ပြောကြားသည်။
Read More...
Post under by : ဝန်ကြီးရုံး
: 27-Dec-2022
သတင်းထုတ်ပြန်ချက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျှက် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း လျှပ်စစ်ကဏ္ဍ ဆိုင်ရာ လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
Read More...
Post under by : ဝန်ကြီးရုံး
: 24-Dec-2022
သတင်းထုတ်ပြန်ချက်
နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် နှစ်စဉ်တိုးတက်သုံးစွဲလျက်ရှိသည့် အတွက် အဆိုပါတိုးတက်သုံးစွဲလာမည့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ပြည့်ပြည့်ဝဝ ဖြည့်ဆည်းပေးနိုင်ရေး လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် အပါအဝင် ရနိုင်သမျှသောစွမ်းအင် အရင်းအမြစ်မျိုးစုံမှ ဓာတ်အားထုတ်လုပ်မှုပုံစံမျိုးစုံဖြင့် လျှပ်စစ်ဓာတ်အား အမြန်ဆုံးတိုးတက်ထုတ်လုပ်နိုင်ရေး အထူးအလေးထား၍ စီမံဆောင်ရွက် လျက်ရှိရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အတူ ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ တပ်ကုန်းကျေးရွာအနီးရှိ ကညင်ရေလှောင်တမံတွင် ရေအားလျှပ်စစ်နှင့် နေရောင်ခြည်စွမ်းအင်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မည့်အခြေအနေတို့အား သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
Read More...
Post under by : ဝန်ကြီးရုံး
: 23-Dec-2022