The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

နောက်ဆုံးရသတင်း


ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန ဒုတိယဦးစီးမှူးအဆင့် ရာထူးအနွယ်(၉)မျိုးမှ အမှုထမ်းရာထူး(၁၄၈) နေရာအတွက် လူတွေ့အောင်မြင်သူများစာရင်းထုတ်ပြန်ကြော်ငြာခြင်း
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန လက်အောက်တွင် လစ်လပ်လျက်ရှိသော လစာနှုန်းကျပ် (၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) တန်း၊ ဒုတိယ ဦးစီးမှူးအဆင့် ရာထူးအနွယ် (၉) မျိုးမှ အမှုထမ်းရာထူး (၁၄၈) နေရာတွင် ခန့်ထားရန် လူတွေ့ အောင်မြင်ခဲ့သူများ၏ စာရင်းကို အောက်ပါအတိုင်း ထုတ်ပြန်ကြေညာလိုက်သည်-


Read More...

Post under by : ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန(DHPI)
: 03-Feb-2023
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများ၏ မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုးပြိုင်ပွဲ ကျင်းပပြုလုပ်သည့်သတင်း
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများ၏ နှစ်စဉ်နှစ်တိုင်းကျင်းပမြဲဖြစ်သည့် မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုးပြိုင်ပွဲကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၌ ကျန်းမားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ် ၁၉ ရောဂါဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကျင်းပ ပြုလုပ်ရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အရာထမ်း၊ အမှုထမ်းများတက်ရောက်ကြပြီး ပျော်ရွှင်စွာ ပါဝင် ဆင်နွှဲခဲ့ကြပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 03-Feb-2023
သတင်းထုတ်ပြန်ချက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယခုလ ၂၈ ရက်နေ့၊ နံနက်ပိုင်း၌ ပြည်ထောင်စုနယ်မြေ (နေပြည်တော်) ရှိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ၃၃ ကေဗွီ ခွဲရုံ အမှတ် ၂ တွင် ထိန်းသိမ်းပြုပြင်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်သူများအတွက် တည်ငြိမ်၍ အရည်အသွေး ပြည့်ဝသော လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးပေးနိုင်ရေးအတွက် ဓာတ်အားလိုင်းအပြစ်နှင့် ဓာတ်အား လေလွင့်ပျောက်ဆုံးမှုများ လျော့နည်းကျဆင်းရေး အစဉ်တစိုက် ဆောင်ရွက်ကြရန် မှာကြားသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 01-Feb-2023
မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း အပတ်စဉ်မီတာခွဲဝေရရှိမှု၊ ထုတ်ပေးမှုနှင့် လက်ကျန်စာရင်း (၁၃.၁.၂၀၂၃ ) မှ (၁၉.၁.၂၀၂၃) ထိ
မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း အပတ်စဉ်မီတာခွဲဝေရရှိမှု၊ ထုတ်ပေးမှုနှင့် လက်ကျန်စာရင်း (၁၃.၁.၂၀၂၃ ) မှ (၁၉.၁.၂၀၂၃) ထိ


Read More...

Post under by : မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(MESC)
: 01-Feb-2023
သတင်းထုတ်ပြန်ချက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယခုလ ၂၇ ရက်နေ့၊ မွန်းလွဲပိုင်း၌ မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်ရှိ ပြည်ညောင် အပါချီဘိလပ်မြေစက်ရုံရှိ လျှပ်စစ်ဓာတ်အားပေးစနစ်များအား စစ်ဆေးပြီး နိုင်ငံတော်နှင့် ပြည်သူများ၏ ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးပေးနိုင်ရေးအတွက် ရုပ်ကြွင်းလောင်စာများအစား ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များမှ အကျိုးရှိရှိ လျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲခြင်းကို မြှင့်တင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 31-Jan-2023