The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

နောက်ဆုံးရသတင်း


သတင်းထုတ်ပြန်ချက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ သတ္တမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော် မင်္ဂလာအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ ရတနာခန်းမ၌ ကျင်းပပြုလုပ်ရာ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့် ဇနီး၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် ဇနီး၊ ဌာနဆိုင်ရာ အကြီးအကဲများတက်ရောက်၍ ကထိန်လျာသင်္ကန်း၊ ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 29-Oct-2022
သတင်းထုတ်ပြန်ချက်
သဘာဝအလျောက် ပေါကြွယ်ဝလျက်ရှိသည့် ရေရင်းမြစ်များအား အကျိုးရှိရှိ ထုတ်ယူ၍ နိုင်ငံတော်နှင့် ပြည်သူများ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရရှိနိုင်ရေး အလေးပေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရေအားလျှပ်စစ်စက်ရုံများသည် လျှပ်စစ် ဓာတ်အားထုတ်လုပ်စရိတ် အသက်သာဆုံးဖြစ်၍ Generation Mix အတွင်း Reliable Backbone ဖြစ်ခြင်း၊ စက်ရုံသက်တမ်းကြာရှည်ခြင်း၊ စိုက်ပျိုးရေ ပေးဝေနိုင်ခြင်း၊ ရေကြီးရေလျှံမှုများမှ ကာကွယ်ပေးနိုင်ခြင်း၊ သောက်သုံးရေရရှိစေခြင်း၊ ရေစီမံထိန်းသိမ်း အသုံးချနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိစေနိုင်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ပြောကြားသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 29-Oct-2022
ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်ရန်အတွက် နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံများအား ဆောင်ရွက်
ကမ္ဘာမြေပေါ်ရှိ ရုပ်ကြွင်းလောင်စာရင်းမြစ်များ (Non-renewable Resources) သည် နှစ်ကာလ ကန့်သတ်ချက်ဖြင့်သာ ထုတ်ယူသုံးစွဲနိုင်သည်ဖြစ်ပြီး တစ်ချိန်တွင် လျော့နည်းကုန်ခမ်း သွားမည်ဖြစ်ကြောင်း၊ သို့ဖြစ်ရာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အရင်းအမြစ်များမှ လျှပ်စစ် ဓာတ်အား ထုတ်ယူသုံးစွဲခြင်းသည်သာလျှင် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်တွင် နေရောင်ခြည်စွမ်းအင်ရင်းမြစ် ပေါကြွယ်ဝသဖြင့် Mega Solar Power Project များအား အောင်မြင်စွာ ဆောင်ရွက်ခြင်းသည် အထူးသင့်လျော်ကောင်းမွန်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ပြောကြားသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 27-Oct-2022
သတင်းထုတ်ပြန်ချက်
နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရန် အခရာကျသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (Micro ၊ Small and Medium Enterprise-MSME) လုပ်ငန်းများဆိုင်ရာ ဒေသကုန်ထုတ် စက်ရုံ၊ အလုပ်ရုံများ ပုံမှန်လည်ပတ်နိုင်ရန်နှင့် ပြည်သူများ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်တို့အတွက် တည်ငြိမ်ပြည့်ဝသော လျှပ်စစ်ဓာတ်အားများအား စဉ်ဆက်မပြတ် ပို့လွှတ်ဖြန့်ဖြူးပေးနိုင်သည့် နိုင်ငံ့လျှပ်စစ်ဝန်ထမ်းကောင်းများဖြစ်စေရေး တာဝန်များကို ကျေပွန် အောင် ကြိုးပမ်းထမ်းဆောင်ကြရန် လိုအပ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ပြောကြားသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 26-Oct-2022
သတင်းထုတ်ပြန်ချက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် နိုင်ငံတဝှမ်းဓာတ်အားလုံလောက်စွာ ဖြန့်ဖြူး ပေးနိုင်ရေးနှင့် နိုင်ငံတော်အတွက် လိုအပ်လျက်ရှိသည့် လျှပ်စစ်ဓာတ်အားကို ပြည့်မီအောင် ဖြည့်ဆည်းပေးနိုင်ရေးအတွက် ရနိုင်သမျှသောစွမ်းအင်အရင်းအမြစ်မျိုးစုံမှ ဓာတ်အား ထုတ်လုပ်မှုပုံစံမျိုးစုံဖြင့် လျှပ်စစ်ဓာတ်အား အမြန်ဆုံးတိုးတက်ထုတ်လုပ်နိုင်ရေးကို စီမံ ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ စီမံဆောင်ရွက်လျက်ရှိသည်များအနက်မှ ရှမ်းပြည်နယ် (တောင်ပိုင်း) ကျိုင်းတောင်းမြို့၏ အနောက်တောင်ဘက်(၁၄)မိုင်ခန့်အကွာ၊ နမ့်တိန်ချောင်း ပေါ်တွင် ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အမှတ်(၅) တည်ဆောက်ရေးမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အထက်ကျိုင်းတောင်း ရေအားလျှပ်စစ် စီမံကိန်းသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း ၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၂ ခုနှစ် ၊ အောက်တို ဘာလ ၂၃ ရက်နေ့တွင် သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 24-Oct-2022