သတင်းထုတ်ပြန်ချက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံ၊ Russian State Atomic Energy Corporation “ROSATOM” တို့ပူးပေါင်း ဆောင်ရွက်မည့် စီမံကိန်းများဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၃)ရက်နေ့၊ ၁၁:၀၀ နာရီအချိန်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
Read More...
Post under by : ဝန်ကြီးရုံး
: 13-Dec-2022
သတင်းထုတ်ပြန်ချက်
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်ဓာတ်အားရရှိရေးသည် အဓိကကျသည့် အခန်းကဏ္ဍ၌ပါဝင်နေသဖြင့် နိုင်ငံတဝန်း ဓာတ်အားလုံလောက်စွာ ဖြန့်ဖြူးပေးရန် ရရှိနိုင် သမျှသော စွမ်းအင်အရင်းအမြစ်မျိုးစုံမှ ဓာတ်အားထုတ်လုပ်နိုင်ရန် ပြည်တွင်း/ပြည်ပမှ ရင်းနှီး မြှုပ်နှံမှုများ ဆောင်ရွက်နိုင်ရန် ရုရှား-မြန်မာ နှစ်နိုင်ငံပူးပေါင်း၍ စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်မှုအစီအစဉ်အရ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ROSATOM မှကိုယ်စားလှယ် နှင့်အဖွဲ့သည် နေပြည်တော်ကောင်စီနယ်မြေအတွင်း (၉-၁၂-၂၀၂၂)ရက်နေ့တွင် စီမံကိန်း လုပ်ငန်းနေရာများသို့ လေ့လာကြည့်ရှုမှုတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။
Read More...
Post under by : ဝန်ကြီးရုံး
: 09-Dec-2022
သတင်းထုတ်ပြန်ချက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Russian State Atomic Energy Corporation “ROSATOM” တို့ပူးပေါင်းဆောင်ရွက်မည့် စီမံကိန်းများဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၈)ရက်နေ့၊ ၁၃:၃၀ နာရီ အချိန်တွင် လျှပ်စစ် စွမ်းအားဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စု ဝန်ကြီး၊ ဦးသောင်းဟန် တက်ရောက်၍ နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။
Read More...
Post under by : ဝန်ကြီးရုံး
: 08-Dec-2022
သတင်းထုတ်ပြန်ချက်
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားများ ကျင်းပစဉ်ကာလအတွင်း လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ်ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများအား လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့၊ မွန်းလွဲပိုင်းတွင် ဧည့်သည်တော်များ တည်းခိုမည့်နေရာ၊ ဂုဏ်ပြုညစာစားပွဲအခမ်းအနား ကျင်းပပြုလုပ်မည့်နေရာ၊ ဗိုလ်ရှုသဘင်အခမ်းအနားကျင်းပပြုလုပ်မည့် နေရာနှင့် ဂုဏ်ပြု ယာဉ်များ၊ ပြခန်းများနှင့် တိုင်းရင်းသားရိုးရာအစားအစာ ဆိုင်ခန်းများခင်းကျင်းရောင်းချမည့် နေရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
Read More...
Post under by : ဝန်ကြီးရုံး
: 07-Dec-2022
သတင်းထုတ်ပြန်ချက်
နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် နှစ်စဉ်တိုးတက်သုံးစွဲလျက်ရှိသည့် အတွက် အဆိုပါတိုးတက်သုံးစွဲလာမည့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ပြည့်ပြည့်ဝဝ ဖြည့်ဆည်းပေးနိုင်ရေး လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် အပါအဝင် ရနိုင်သမျှသောစွမ်းအင် အရင်းအမြစ်မျိုးစုံမှ ဓာတ်အားထုတ်လုပ်မှုပုံစံမျိုးစုံဖြင့် လျှပ်စစ်ဓာတ်အား အမြန်ဆုံးတိုးတက်ထုတ်လုပ်နိုင်ရေး အထူးအလေးထား၍ စီမံဆောင်ရွက် လျက်ရှိရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်နှင့် လယ်ဝေး မြို့နယ်အတွင်းရှိ လျှပ်စစ်ဓာတ်အား တိုးတက်ထုတ်ယူရရှိနိုင်ရန် အသေးစားရေအားလျှပ်စစ် နှင့် အခြားလျှပ်စစ်ဓာတ်အားပေးစက်ရုံများတည်ဆောက်နိုင်မည့် နေရာများသို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
Read More...
Post under by : ဝန်ကြီးရုံး
: 03-Dec-2022