The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

နောက်ဆုံးရသတင်း


သတင်းထုတ်ပြန်ချက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့် မန္တလေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုတို့သည်  ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့၊ မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်ရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၊ သပြေဝ ၂၃၀ ကေဗွီ ပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိရာ အစည်းအဝေးခန်းမ၌ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသူရအောင်ဘိုက ၅၀၀ ကေဗွီ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်းလုပ်ငန်းများအား ရှင်းလင်းတင်ပြပါသည်။ ထို့နောက် ဓာတ်အားထိန်းချုပ်ခန်း အတွင်း (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သပြေဝ ၂၃၀ ကေဗွီ ပင်မဓာတ်အားခွဲရုံမှ တောင်ငူ ၂၃၀ ကေဗွီ ပင်မဓာတ်အားခွဲရုံသို့ ၅၀၀ ကေဗွီ ကံကောင်း (မိတ္ထီလာ)-စပါးကြွယ်(တောင်ငူ) ဓာတ်အားလိုင်းဖြင့် ဓာတ်အားချိတ်ဆက် ပို့လွှတ်ပေးရန်အတွက် ပြည်ထောင်စုဝန်ကြီးမှ Control Panel အား စက်ခလုပ်နှိပ်၍ စတင် ပို့လွှတ်ပေးပြီး ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှု အခြေအနေအား လှည့်လည်ကြည့်ရှုခဲ့ကြ ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 29-Dec-2022
သတင်းထုတ်ပြန်ချက်
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လျှပ်စစ် စွမ်းအားဝန်ကြီးဌာနမှ အကောင်အထည်ဖော်တည်ဆောက်ပြီးစီးခဲ့သည့် မန္တလေးတိုင်း ဒေသကြီး၊ မြစ်သားမြို့နယ်ရှိ တောင်တော်ကွင်း ၂၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၂၉) ရက်နေ့၊  နံနက်(၁၀:၃၀) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ တေစိုးကျေးရွာ အနီးရှိ အဆိုပါဓာတ်အားပေးစက်ရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 29-Dec-2022
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင်ဦးမောင်ကို မန္တလေးတိုင်းဒေသကြီးမိတ္ထီလာခရိုင် မလှိုင်မြို့နယ်တွင် ၃၃/၁၁ ကေဗွီ(၅)အမ်ဗွီအေလယ်တာကောင်းဓာတ်အားခွဲရုံဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ မိတ္ထီလာခရိုင် မလှိုင်မြို့နယ်တွင် ၃၃/၁၁ကေဗွီ(၅)အမ်ဗွီအေလယ်တာကောင်းဓာတ်အားခွဲရုံဖွင့်ပွဲအခမ်းအနားကိုယနေ့နံနက်ပိုင်းကအဆိုပါဓာတ်အားခွဲရုံတွင်ကျင်းပရာမန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဝဏ္ဏကျော်ထင်ဦးမောင်ကို၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ကျေးရွာအသီးသီးမှ မီးလင်းရေးဆောင်ရွက်နေကြသူများနှင့် ရပ်မိရပ်ဖများ၊ ဖိတ်ကြားထားသူများတက်ရောက်ကြသည်။


Read More...

Post under by : မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(MESC)
: 29-Dec-2022
သတင်းထုတ်ပြန်ချက်
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားများအား အသွင်သဏ္ဍာန်ရော အနှစ်သာရပါ ပြည့်ဝအောင် နိုင်ငံတော်အဆင့် ခမ်းနားထည်ဝါစွာ ကျင်းပပြုလုပ်မည်ဖြစ်ရာ ယင်းကာလအတွင်း လျှပ်စစ်ဓာတ်အားများ မပြတ်တောက်စေရေးနှင့် တည်ငြိမ်ပြည့်ဝစွာ ပို့လွှတ်ဖြန့်ဖြူးနိုင်ရေးအတွက် စီမံချက်အတိုင်း လုပ်ငန်းများကို လစ်ဟာမှု မရှိအောင် အထူးအရေးကြီး တာဝန်တစ်ရပ်အနေဖြင့် ကျေပွန်စွာ ထမ်းဆောင်ကြရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ပြောကြားသည်။   


Read More...

Post under by : ဝန်ကြီးရုံး
: 27-Dec-2022
သတင်းထုတ်ပြန်ချက်
 လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျှက်  ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း လျှပ်စစ်ကဏ္ဍ ဆိုင်ရာ လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 24-Dec-2022