The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

နောက်ဆုံးရသတင်း


NUG လက်ဝေခံ PDF အကြမ်းဖက်သောင်းကျန်းသူများမှ ၁၃၂ ကေဗွီ ဘီလူးချောင်း(၂)-တီကျစ် ဓာတ်အားလိုင်းနှင့် ၆၆ ကေဗွီ အောင်လံ-သရက် ဓာတ်အားလိုင်း တာဝါတိုင်များ ဖောက်ခွဲဖျက်ဆီးမှုနှင့် ၆၆ ကေဗွီ မင်းတပ်-မတူပီ ဓာတ်အားလိုင်းကြိုး ပစ်ခတ်ဖျက်ဆီးမှု အခြေအနေများအား သတင်းထုတ်ပြန်ခြင်း
၁။  လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ပြည်သူလူထု၏ လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အား ကို နည်းမျိုးစုံဖြင့် တိုးမြှင့်ထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ စီမံဆောင်ရွက်နေ သော်လည်း ယခုကာလများတွင် ပြည်သူလူထု၏လိုအပ်ချက်ကို လုံလောက်အောင် ဖြည့်ဆည်းပေး နိုင်မှုမရှိသဖြင့် ထုတ်လုပ်ပေးနိုင်မှုကိုအခြေခံ၍ မျှတစွာခွဲဝေခံစားရရှိနိုင်ရန် စီမံဆောင်ရွက်ဖြန့်ဖြူး လျက်ရှိပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 14-Dec-2022
သတင်းထုတ်ပြန်ချက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၏ တိုင်းဒေသကြီး/ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၄)ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်တွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ ရဲရွာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 14-Dec-2022
သတင်းထုတ်ပြန်ချက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံ၊ Russian State Atomic Energy Corporation “ROSATOM” တို့ပူးပေါင်း ဆောင်ရွက်မည့် စီမံကိန်းများဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၃)ရက်နေ့၊ ၁၁:၀၀ နာရီအချိန်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 13-Dec-2022
သတင်းထုတ်ပြန်ချက်
  နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်ဓာတ်အားရရှိရေးသည် အဓိကကျသည့် အခန်းကဏ္ဍ၌ပါဝင်နေသဖြင့် နိုင်ငံတဝန်း ဓာတ်အားလုံလောက်စွာ ဖြန့်ဖြူးပေးရန်  ရရှိနိုင် သမျှသော စွမ်းအင်အရင်းအမြစ်မျိုးစုံမှ ဓာတ်အားထုတ်လုပ်နိုင်ရန် ပြည်တွင်း/ပြည်ပမှ ရင်းနှီး မြှုပ်နှံမှုများ ဆောင်ရွက်နိုင်ရန် ရုရှား-မြန်မာ နှစ်နိုင်ငံပူးပေါင်း၍ စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်မှုအစီအစဉ်အရ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့်  ROSATOM မှကိုယ်စားလှယ် နှင့်အဖွဲ့သည် နေပြည်တော်ကောင်စီနယ်မြေအတွင်း (၉-၁၂-၂၀၂၂)ရက်နေ့တွင် စီမံကိန်း လုပ်ငန်းနေရာများသို့ လေ့လာကြည့်ရှုမှုတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 09-Dec-2022
သတင်းထုတ်ပြန်ချက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Russian State Atomic Energy Corporation “ROSATOM” တို့ပူးပေါင်းဆောင်ရွက်မည့် စီမံကိန်းများဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၈)ရက်နေ့၊ ၁၃:၃၀ နာရီ အချိန်တွင် လျှပ်စစ် စွမ်းအားဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စု ဝန်ကြီး၊ ဦးသောင်းဟန် တက်ရောက်၍ နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 08-Dec-2022