The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

နောက်ဆုံးရသတင်း


လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လျှပ်စစ်စွမ်းအားလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
ယခုလ (၄) ရက်နေ့၊ နံနက်ပိုင်း၌ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် အဆင့်မြင့်အရာရှိများ လိုက်ပါလျက် ရန်ကုန်မြို့၊ Junction Square ရှိ တပ်ဆင်ပြီး စွမ်းအား ၃၇၂ ကီလိုဝပ်နှင့် တပ်ဆင်ဆဲ စွမ်းအား ၆၁.၅၆ ကီလိဝပ်ရှိသည့် Rooftop Solar Photovoltaic (PV) System များအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး ရန်ကုန်လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်းမှ အမှုဆောင် အရာရှိချုပ် ဦးကျော်သူနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးမျိုးဝင်းတို့က ဖြည့်စွက်ရှင်းလင်း တင်ပြကြသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 07-Oct-2022
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ယခုလ (၂) ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ ဖြူးချောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံသို့ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေး
နိုင်ငံတော်နှင့် ပြည်သူများအား ရေရှည်စဉ်ဆက်မပြတ် ဖွံဖြိုးတိုးတက်မှုကို ပေးစွမ်းနိုင်ရေး ဦးတည်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ Generation Mix အတွင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများသည် Reliable Backbone ဖြစ်ကြောင်း၊ သို့ဖြစ်ရာ ၎င်းစက်ရုံများ၏ ဓာတ်အားထုတ်လုပ်စွမ်းရည်မြင့်မားရေးကို အစဉ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ထို့အတူ ဌာနရှိ ဝန်ထမ်းများ၏ စွမ်းရည်များအား အစဉ်မြှင့်တင်သွားရန် လိုအပ်ကြောင်း ယခုလ (၂) ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ ဖြူးချောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံသို့ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးစဉ်


Read More...

Post under by : ဝန်ကြီးရုံး
: 06-Oct-2022
ဒုတိယဝန်ကြီးဒေါက်တာအောင်ဇေယျနှင့်အဖွဲ့သည် ယခုလ (၂) ရက်နေ့၊ နံနက်ပိုင်း၌ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာ သီရိမြို့နယ်ရှိ ရေအားလျှပ်စစ်အကောင်ထည်ဖော်ရေးဦးစီးဌာန၊ ဒီဇိုင်းနှင့်ပုံထုတ်ဌာနခွဲ၊ ရေ၊ မြေ၊ ကွန်ကရစ်စမ်းသပ်ရေးနှင့် အရည်အသွေးထိန်းသိမ်းရေးရုံး ကို ကြည့်ရှုစစ်ဆေး
နိုင်ငံတော် အကျိုး၊ ပြည်သူများ၏ အကျိုးကို အဓိက ရည်ရွယ်လျက် Sustainable Hydropower များကို ဌာနရှိဝန်ထမ်းများ၏ အကောင်းဆုံးစွမ်းရည်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရေအားလျှပ်စစ်တည်ဆောက်ရေး ဆိုင်ရာ ရေလှောင်တမံ၊ ရေလွှဲဆည်၊ ရေပိုလွှဲ၊ လက်တံမြောင်း၊ အဆောက်အဦများသည် ခေတ်မီဒီဇိုင်းဖြစ်စေကာ အရည်အသွေး ပြည့်မီ၍ လုံခြုံစိတ်ချရမှုရှိရန်နှင့် လုပ်ငန်းခွင်သုံး ပစ္စည်းများအား နိုင်ငံတကာစံချိန်စံညွှန်းနှင့် ကိုက်ညီမှု ရှိ/မရှိ စမ်းသပ်စစ်ဆေးရမည် ဖြစ်ကြောင်း၊ လက်ရှိ တာဝန်ခံများက မျိုးဆက်သစ်ဝန်ထမ်းငယ်များအား လက်ဆင့်ကမ်း လေ့ကျင့်ပျိုးထောင်သွားရန်နှင့် အနာဂတ်တွင် တည်ဆောက်ရန်ရှိသည့် ရေအားလျှပ်စစ် စီမံကိန်းများအတွက် ကြိုတင်၍ သုတေသနလုပ်ငန်းများ အမြဲမပြတ် ဆောင်ရွက်၍ ရလဒ် များအား လုပ်ငန်းများ ဆောင်ရွက်ချိန်တွင် ပိုမိုကောင်းမွန်အောင် အံဝင်ခွင်ကျ အသုံးချရန် လိုအပ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ပြောကြားသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 05-Oct-2022
ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ယခုလ (၁) ရက်နေ့ မွန်းလွဲပိုင်း၌ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိ မြို့နယ်ရှိ ပေါင်းလောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံအား ကြည့်ရှုစစ်ဆေး
ယခုလ (၁) ရက်နေ့ မွန်းလွဲပိုင်း၌ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိ မြို့နယ်ရှိ ပေါင်းလောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံတွင် ဌာနဆိုင်ရာ တာဝန်ရှိသူ များနှင့်အတူ စက်ရုံလည်ပတ်မောင်းနှင်နေမှု၊ တာဘိုင် Guide Vane ပြုပြင်နေမှု၊ Stator နှင့် Rotor တို့အား Insulation Painting ပြုလုပ်ခြင်း၊ အမှတ် (၄)စက် ထိန်းချုပ်စနစ်မှ Software Upgrading ပြုလုပ်နေမှု အခြေအနေများအား စစ်ဆေးကြည့်ရှု


Read More...

Post under by : ဝန်ကြီးရုံး
: 04-Oct-2022
ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် အဖွဲ့သည် ယခု အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်း၌ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိ မြို့နယ်ရှိ နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစနစ်များအား စစ်ဆေး
မြို့ပြဒေသရှိ နေအိမ်များ၊ ဟိုတယ်များ၊ စျေးဝယ်စင်တာများ၊ ကားပါကင်များ၊ စက်မှုဇုန်များရှိ စက်ရုံ၊ အလုပ်ရုံများ စသည်တို့၏ ခေါင်မိုးများပေါ်တွင် နေရောင်ခြည်စွမ်းအင်သုံး Rooftop Solar Photovoltaic (PV) System များအား တပ်ဆင်အသုံးပြုခြင်းဖြင့် အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများအား ဖွံ့ဖြိုးတိုးတက်စေခြင်း၊ Solar System အတွက် မြေနေရာပေးရန် မလိုအပ်ဘဲ လျှပ်စစ်ဓာတ်အားထုတ်ယူသုံးစွဲနိုင်ခြင်း၊ ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခြင်း၊


Read More...

Post under by : ဝန်ကြီးရုံး
: 03-Oct-2022