The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

နောက်ဆုံးရသတင်း


သတင်းထုတ်ပြန်ချက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးသောင်းဟန်သည် ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့်အတူ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၅)ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ ပေါင်းလောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ ဓာတ်အားပေးစက်များ မောင်းနှင် ဓာတ်အားထုတ်လုပ်နေမှု၊ ပေါင်းလောင်းရေလှောင်တမံ ရေပိုလွှဲ ပြင်ဆင်တည်ဆောက်မည့် အခြေအနေနှင့် Advanced Metering Infrastructure (AMI) Control Center ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 05-Nov-2022
သတင်းထုတ်ပြန်ချက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၂၀၂၂ ခုနှစ်၊ ကထိန်သင်္ကန်း ဆက်ကပ် လှူဒါန်းပွဲအခမ်းအနား ကျင်းပစဉ်အတွင်း တည်ငြိမ်ပြည့်ဝသော လျှပ်စစ်ဓာတ်အားများ လုံလောက်စွာ စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေးနှင့် လျှပ်စစ်သုံးစွဲမှုများ အဆင်ပြေစေရေး တို့အတွက် ဝန်ထမ်းများက စီမံချက်အတိုင်း မိမိတို့ ဆောင်ရွက်ရမည့် လုပ်ငန်းများကို အထူးတာဝန်တစ်ရပ်အနေဖြင့် ကျေပွန်စွာ ထမ်းဆောင်ကြရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ပြောကြားသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 02-Nov-2022
သတင်းထုတ်ပြန်ချက်
နိုင်ငံတော်တွင် ပေါကြွယ်ဝလျက်ရှိပြီး သဘာဝအလျောက် ပြန်လည် ပြည့်ဖြိုးမြဲ ဖြစ်သည့် ရေအားရင်းမြစ်များမှ နိုင်ငံတော်နှင့် ပြည်သူများ၏လျှပ်စစ်ဓာတ်အားလိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရေး အကျိုးရှိရှိထုတ်ယူသုံးစွဲနိုင်ရန်အတွက် တည်ဆောက်ရေးလုပ်ငန်းများအား လျာထားချက်များအတိုင်း ပြီးစီးအောင် ကြိုးပမ်း ဆောင်ရွက်ကြရန်နှင့် ဝန်ထမ်းများ၏ အင်ဂျင်နီယာစွမ်းရည်များအား ပိုမိုမြှင့်တင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ပြောကြားသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 01-Nov-2022
သတင်းထုတ်ပြန်ချက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၂ ခုနှစ် ၊ အောက်တိုဘာလ ၃၀ ရက်နေ့ ၊ နံနက်ပိုင်းတွင်  လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ သံတွဲခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံး၌ သံတွဲခရိုင် အတွင်းရှိ ခရိုင်/ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာများ၊ မြို့နယ်လျှပ်စစ်မှူးများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ရခိုင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားတိုးမြှင့် ဖြန့်ဖြူးပေးနိုင်ရေး၊ ဓာတ်အား ပြတ်တောက်မှု လျော့နည်းကျဆင်းရေးနှင့် ဓာတ်အားစနစ် တည်ငြိမ် တိုးတက်ကောင်းမွန် စေရေးတို့အတွက်  လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 30-Oct-2022
သတင်းထုတ်ပြန်ချက်
ယနေ့ကျင်းပသည့် လျှပ်စစ်မီးလင်းရေးဖွင့်ပွဲသည် နိုင်ငံတော်မှ ပြည်သူများအပေါ် ထားရှိသည့် မွန်မြတ်သော စေတနာကို ကောင်းစွာ ထင်ဟပ်လျက်ရှိနေကြောင်း၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ထုတ်လုပ်သည့် ဓာတ်အားများအား မဟာဓာတ်အားလိုင်း များဖြင့် ပို့လွှတ်ကာ ဓာတ်အားခွဲရုံများ၊ ဓာတ်အားဖြန့်ဖြူးရေးလိုင်းများမှတစ်ဆင့် ပြည်သူများ၏ လက်ဝယ်အရောက် လျှပ်စစ်ဓာတ်အား ရောက်ရှိသုံးစွဲနိုင်ရေး အလေးပေး ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့ စတင်သုံးစွဲနိုင်ပြီဖြစ်သည့် လျှပ်စစ်ဓာတ်အားများဖြင့် ကျေးရွာရှိ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်နိုင်အောင် မုချဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ယခုလ (၂၆) ရက်နေ့ နံနက်ပိုင်း၌ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် ဘော်ကျေးရွာအုပ်စု၊ ဘော်ကျေးရွာ လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်စဉ် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ထည့်သွင်းပြောကြားခဲ့သည်။


Read More...

Post under by : ဝန်ကြီးရုံး
: 30-Oct-2022