The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

နောက်ဆုံးရသတင်း


သတင်းထုတ်ပြန်ချက်
လာမည့် နွေရာသီကာလအတွင်း ပြည်သူများအတွက် တည်ငြိမ်ပြည့်ဝသော လျှပ်စစ် ဓာတ်အားများ လုံလောက်စွာ ထုတ်လုပ်ပေးနိုင်ရေး အလေးပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သို့ဖြစ်ရာ ယခုကာလမှစ၍ ရေလှောင်တမံအတွင်း ရေများအား စုဆောင်းထားရှိရမည် ဖြစ်ကြောင်း၊ ရေအားလျှပ်စစ်တာဘိုင်နှင့် ဂျင်နရေတာများအား ဓာတ်အားထုတ်လုပ်ချိန်တွင် စွမ်းရည်မြင့်မားစွာ ထုတ်လုပ်နိုင်ရေးအတွက် ကြိုတင်ပြုပြင်၍ အသင့်ပြင်ဆင်ထားရန် လိုအပ်ကြောင်း၊ ယင်းသို့ စက်စွမ်းရည်များ မြှင့်တင်သလို ဝန်ထမ်းများ၏ အင်ဂျင်နီယာ နည်းပညာစွမ်းရည်များအား မြှင့်တင်ကြရန်နှင့် ကြီးကြပ်သူများက မျိုးဆက်သစ် ဝန်ထမ်း ငယ်များအား မွေခံထိုက်စေဖြစ်စေရေးအတွက် အစဉ်လေ့ကျင့်ပျိုးထောင်သွားကြရန် အထူး လိုအပ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ပြောကြားသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 16-Oct-2022
သတင်းထုတ်ပြန်ချက်
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့၌ ကျင်းပပြုလုပ်လျက်ရှိသည့် ရုရှားစွမ်းအင် ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာဖိုရမ်သို့တက်ရောက်ရန် ရောက်ရှိနေသော လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးသောင်းဟန်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးမျိုးမြင့်ဉီးတို့သည် ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဉီးလွင်ဉီးနှင့်အတူ ၁၃.၁၀.၂၀၂၂ ရက်နေ့ နံနက်ပိုင်းတွင် ရုရှားနိုင်ငံ Novatek ကုမ္ပဏီမှ Chairman of the Management Board ဖြစ်သူ Mr. Leonid Mikhelson ဉီးဆောင်သောအဖွဲ့အား မြန်မာနိုင်ငံတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေ တူးဖော်ထုတ်လုပ်ရေးကိစ္စများတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ဆွေးနွေးခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 16-Oct-2022
သတင်းထုတ်ပြန်ချက်
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့၌ ကျင်းပပြုလုပ်သည့် ရုရှားစွမ်းအင်​​​​​​​ ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာဖိုရမ်သို့တက်ရောက်ရန် ရောက်ရှိနေသော လျှပ်စစ် စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးသောင်းဟန်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးမျိုးမြင့်ဉီးတို့သည် ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဉီးလွင်ဉီးနှင့်အတူ ၁၂-၁၀-၂၀၂၂ ရက်နေ့ နံနက်ပိုင်းတွင် ဖိုရမ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီးနောက် ရုရှားကုမ္ပဏီများမှ ခင်းကျင်းပြသထားသည့် ပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 13-Oct-2022
ရခိုင်ပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပံ့ပိုးပေးနိုင်းရေး လျှပ်စစ်စွမ်းအားကဏ္ဍအား ပိုမိုမြှင့်တင်ဆောင်ရွက်သွားမည်။
ရခိုင်ပြည်နယ်အတွင်း ၁၀-၁၀-၂၀၂၂ ရက်နေ့က တရုတ်-မြန်မာ လျှပ်စစ်စွမ်းအားကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု၏ အောင်မြင်မှု မှတ်တိုင်တစ်ခုဖြစ်သည့် ကျောက်ဖြူ ၁၃၅ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံ စက်စတင်စမ်းသပ်လည်ပတ်နိုင်ခဲ့ပြီး ဖြစ်ရာ ကျောက်ဖြူ အထူးစီးပွားရေးဇုန်၊ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ၊ Eco-tourism လုပ်ငန်းများနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးပေးနိုင်ရေးအတွက် လျှပ်စစ်စွမ်းအားကဏ္ဍကို ပိုမိုမြှင့်တင် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပြန်လည်ဝင်ရောက်လာမည့် နေရပ်စွန့်ခွာသူများအတွက် လျှပ်စစ်ဓာတ်အား လုံလောက်စွာ သုံးစွဲနိုင်စေရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရန်၊ လေအားလျှပ်စစ်အရင်းအမြစ်ကောင်းမွန်သဖြင့် လေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံစီမံကိန်းများအား အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ သူဌေးရေအားလျှပ်စစ်စီမံကိန်း ပြီးစီးပါက နိုင်ငံတော် ဓာတ်အားစနစ်နှင့် ချိတ်ဆက်နိုင်ရေး စီမံဆောင်ရွက်ရန်၊ နိုင်ငံ့ဝန်ထမ်းကောင်းများအဖြစ် ကျင့်ကြံဆောင်ရွက်ရန် လိုအပ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ပြောကြားသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 13-Oct-2022
သတင်းထုတ်ပြန်ချက်
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့၌ ကျင်းပပြုလုပ်မည့် (Russian Energy Week International Forum) ရုရှားစွမ်းအင်ရက်သတ္တပတ်အပြည်ပြည်ဆိုင်ရာဖိုရမ်သို့ တက်ရောက်ရန် ရုရှားနိုင်ငံ၊ မော်စကိုမြို့သို့ရောက်ရှိနေသော လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးသောင်းဟန်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးမျိုးမြင့်ဉီးတို့သည် ရုရှားနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဉီးလွင်ဉီးနှင့်အတူ ဖိုရမ်ကျင်းပရေးကော်မတီဉက္ကဋ္ဌ၏ အတွင်းရေးမှူးဖြစ်သူ မစ္စတာ အလက်ဇန်းဒါး ရှာတီရော့နှင့် အဖွဲ့အား ၁၀.၁၀.၂၀၂၂ ရက်နေ့ ညနေပိုင်းတွင် မော်စကိုမြို့ရှိ Crowne Plaza Hotel တွင် အလွတ်သဘော တွေ့ဆုံဆွေးနွေး ခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 12-Oct-2022