The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

နောက်ဆုံးရသတင်း


NUG လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများမှ ၂၃၀ ကေဗွီ ဘီလူးချောင်း(၂)-ရွှေမြို့ ဓာတ်အားလိုင်းနှင့် ၆၆ ကေဗွီ ပိန္နဲတော ဓာတ်အားခွဲရုံတို့အား ဖောက်ခွဲဖျက်ဆီးမှု အခြေအနေများအား သတင်းထုတ်ပြန်ခြင်း
၁။  လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ပြည်သူလူထု၏ လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အား ကို နည်းမျိုးစုံဖြင့် တိုးမြှင့်ထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ စီမံဆောင်ရွက်နေ သော်လည်း ယခုကာလများတွင် ပြည်သူလူထု၏လိုအပ်ချက်ကို လုံလောက်အောင် ဖြည့်ဆည်းပေး နိုင်မှုမရှိသဖြင့် ထုတ်လုပ်ပေးနိုင်မှုကိုအခြေခံ၍ မျှတစွာခွဲဝေခံစားရရှိနိုင်ရန် စီမံဆောင်ရွက်ဖြန့်ဖြူး လျက်ရှိပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 03-Jan-2023
ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်းသို့ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးလျက်ရှိသော ၂၃၀ ကေဗွီ တောင်ငူ-သာယာကုန်း ဓာတ်အားလိုင်း၏ တာဝါတိုင်(၁)တိုင် ဖောက်ခွဲဖျက်ဆီးခံရမှုနှင့် သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံများမှ ဓာတ်အားထုတ်လုပ်ပေးနိုင်မှုအခြေအနေအား သတင်းထုတ်ပြန်ခြင်း
၁။      လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ၂၀၂၃ ခုနှစ် နှစ်သစ်ကိုကြိုဆိုသည့် အခမ်းအနားများ ကျင်းပချိန်အတွင်း လျှပ်စစ်ဓာတ်အားမပြတ်တောက်ရေး ကြိုးပမ်းဆောင်ရွက်နေချိန် ရန်ကုန်တိုင်း ဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)သို့ လျှပ်စစ်ဓာတ်အား (၂၅၀) မဂ္ဂါဝပ်ခန့် ပို့လွှတ် ဖြန့်ဖြူးပေးလျက်ရှိသော ၂၃၀ ကေဗွီ တောင်ငူ-သာယာကုန်း မဟာဓာတ်အားလိုင်း၏ ပဲခူးတိုင်း ဒေသကြီးအရှေ့ပိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့အနီးရှိ တာဝါတိုင်(၁)တိုင်ကို NUG လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများမှ (၁-၁-၂၀၂၃) ရက်နေ့ (၀၁:၀၀) နာရီ၌  ဖောက်ခွဲ ဖျက်ဆီးခဲ့၍ တာဝါတိုင် တိမ်းစောင်းသွားခဲ့သဖြင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဝန်ထမ်းများသည် (၁-၁-၂၀၂၃) ရက်နေ့ (၁၃:၀၀) နာရီမှ စတင်ကာ တာဝါတိုင်လဲကျ၍ ဓာတ်အားပြတ်တောက်မှု မဖြစ် ပေါ်စေရေး အမြန်ဆုံးပြင်ဆင်ဆောင်ရွက်လျက်ရှိပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 01-Jan-2023
သတင်းထုတ်ပြန်ချက်
 ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ နှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲ ကံစမ်းမဲဖွင့်ဖောက်ခြင်း၊ စတုဒီသာဖြင့် ကျွေးမွေးဧည့်ခံခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးများ၏ ဒေသရိုးရာအစားအစာများဖြင့် ကျွေးမွေးဧည့်ခံခြင်း၊ ဒေသထွက် အမှတ်တရပစ္စည်းများရောင်းချခြင်းနှင့် နိုင်ငံကျော် အဆိုတော် များမှ တေးသံသာများဖြင့် ဧည်ခံဖျော်ဖြေခြင်း အခမ်းအနားများကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 30-Dec-2022
သတင်းထုတ်ပြန်ချက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့် မန္တလေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုတို့သည်  ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့၊ မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်ရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၊ သပြေဝ ၂၃၀ ကေဗွီ ပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိရာ အစည်းအဝေးခန်းမ၌ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသူရအောင်ဘိုက ၅၀၀ ကေဗွီ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်းလုပ်ငန်းများအား ရှင်းလင်းတင်ပြပါသည်။ ထို့နောက် ဓာတ်အားထိန်းချုပ်ခန်း အတွင်း (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သပြေဝ ၂၃၀ ကေဗွီ ပင်မဓာတ်အားခွဲရုံမှ တောင်ငူ ၂၃၀ ကေဗွီ ပင်မဓာတ်အားခွဲရုံသို့ ၅၀၀ ကေဗွီ ကံကောင်း (မိတ္ထီလာ)-စပါးကြွယ်(တောင်ငူ) ဓာတ်အားလိုင်းဖြင့် ဓာတ်အားချိတ်ဆက် ပို့လွှတ်ပေးရန်အတွက် ပြည်ထောင်စုဝန်ကြီးမှ Control Panel အား စက်ခလုပ်နှိပ်၍ စတင် ပို့လွှတ်ပေးပြီး ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှု အခြေအနေအား လှည့်လည်ကြည့်ရှုခဲ့ကြ ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 29-Dec-2022
သတင်းထုတ်ပြန်ချက်
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လျှပ်စစ် စွမ်းအားဝန်ကြီးဌာနမှ အကောင်အထည်ဖော်တည်ဆောက်ပြီးစီးခဲ့သည့် မန္တလေးတိုင်း ဒေသကြီး၊ မြစ်သားမြို့နယ်ရှိ တောင်တော်ကွင်း ၂၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၂၉) ရက်နေ့၊  နံနက်(၁၀:၃၀) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ တေစိုးကျေးရွာ အနီးရှိ အဆိုပါဓာတ်အားပေးစက်ရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 29-Dec-2022