လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ တိုင်းဒေသကြီး/ပြည်နယ်များအတွင်း ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်သဖြင့် ဓာတ်အားပြတ်ဧရိယာများကို ကြိုတင်အသိပေးပန်ကြားခြင်း
လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း အနေဖြင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း) နှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော် တို့၌ (၂၄-၁၀-၂၀၂၀) ရက်နေ့မှ (၃-၁၁-၂၀၂၀) ရက်နေ့တို့တွင် မြို့နယ်အလိုက် ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများ ထိန်းသိမ်း ပြုပြင်ခြင်း၊ သစ်ပင်သစ်ကိုင်း များ ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ပါသဖြင့် အောက်ဖော်ပြပါ နေရာများ တွင် ဓာတ်အားပြတ်တောက်မည် ဖြစ်ပါကြောင်း အသိပေးပန်ကြားအပ်ပါသည်-
Read More...
Post under by : လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း(ESE)
: 20-Oct-2020
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ လက်ပံခါးလှ(မြောက်တော)ရွာ လျှပ်စစ်မီးလင်းရေးအောင်ပွဲကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ အနောက်အုတ်ဖိုအုပ်စု၊ လက်ပံခါးလှ (မြောက်တော)ရွာ လျှပ်စစ်မီးလင်းရေးအောင်ပွဲကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၂၀) ရက်နေ့ (၁၅:၀၀) နာရီအချိန်တွင် အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။
Read More...
Post under by : ဝန်ကြီးရုံး
: 20-Oct-2020
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်ရှိ ကျေးရွာ(၃)ရွာအား နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားထပ်မံရရှိ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့တွင် အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း (NEP Phase -1) ဖြင့် ၁၁ ကေဗွီဓာတ်အားလိုင်း၊ ထရန်စဖော်မာများ တည်ဆောက်ပြီးစီးပြီဖြစ်၍ ဂွေးပင်ချောင်းကျေးရွာနှင့် ရွာသာအေး (၁) ကျေးရွာတို့အား (၁၉.၁၀.၂၀၂၀) ရက်နေ့တွင်လည်းကောင်း၊ (၂၀၁၉−၂၀၂၀) ဘတ်ဂျက်နှစ်ပါ ရွာသာအေး(၂) ကျေးရွာအား CT မီတာတပ်ဆင်၍ (၂၀.၁၀.၂၀၂၀) ရက်နေ့တွင်လည်းကောင်း နိုင်ငံတော် ဓာတ်အားစနစ်မှ ဓာတ်အားဖြန့်ဖြူးပေးခဲ့ပြီး အဆိုပါကျေးရွာ(၃)ရွာတွင် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။ ကျန်ရှိသော (NEP Phase -1) ပါကျေးရွာ(၅)ရွာနှင့် (၂၀၁၉−၂၀၂၀) ဘတ်ဂျက်နှစ်ပါ ကျေးရွာများအား လျှပ်စစ်ဓာတ်အားပို့လွှတ်နိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိပါသည်။
Read More...
Post under by : ဝန်ကြီးရုံး
: 20-Oct-2020
လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှခေါ်ယူသောအငယ်တန်းအင်ဂျင်နီယာ(၂) ရာထူး လူတွေ့ဖြေဆိုမည့်နေရာနှင့်ခုံနံပါတ်များစာရင်းကြေညာခြင်း
၁။ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၏ အငယ်တန်းအင်ဂျင်နီယာ(၂)ရာထူး လူတွေ့ဖြေဆိုမည့် နေရာနှင့်ခုံနံပါတ်များအသေးစိတ်စာရင်းနှင့် သတင်းပို့ဆက်သွယ်ရမည့်လူတွေ့အရည်အချင်းစစ်ဆေးမှု ကြီးကြပ်ရေးအဖွဲ့များ၏ ဖုန်းနံပါတ်များစာရင်းအား အောက်ပါအတိုင်းကြေညာအပ်ပါသည်-
Read More...
Post under by : လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း(ESE)
: 19-Oct-2020
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး (လျှပ်စစ်) ဦးခင်မောင်ဝင်း The World Bank မှ Lead Energy Specialist and Task Team Leader ဖြစ်သူ Mr. Sunil Kumar Khosla ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား Virtual Meeting ဖြင့် တွေ့ဆုံဆွေးနွေး
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(လျှပ်စစ်) ဦးခင်မောင်ဝင်းသည် The World Bank မှ Lead Energy Specialist and Task Team Leader ဖြစ်သူ Mr. Sunil Kumar Khosla ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၁၉) ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် ဒုတိယဝန်ကြီး၏ရုံးခန်း၌ Virtual Meeting ဖြင့် တွေ့ဆုံဆွေးနွေးခဲ့ ပါသည်။
Read More...
Post under by : ဝန်ကြီးရုံး
: 19-Oct-2020