မကွေးတိုင်းဒေသကြီး၊ ကျောက်ထုမြို့နယ်အတွင်းရှိ ကျေးရွာ (၆)ရွာ နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားထပ်မံရရှိ
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ကျောက်ထုမြို့နယ်တွင် အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း (NEP Phase-1) ဖြင့် ၁၁ ကေဗွီဓာတ်အားလိုင်းနှင့် ထရန်စဖော်မာ တည်ဆောက် ပြီးစီး၍ ပန်းဆန်ကျေးရွာကို (၁၅.၁၀.၂၀၂၀) ရက်နေ့တွင် ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ပြီး၊ ယင်းကျေးရွာနှင့် ဆက်စပ်လျက်ရှိသော ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် မကွေးတိုင်းဒေသကြီး ခွင့်ပြု ရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် တေးကျေးရွာကို (၁၆.၁၀.၂၀၂၀) ရက်နေ့တွင်လည်းကောင်း၊ စံကျေးရွာကို (၁၇.၁၀.၂၀၂၀) ရက်နေ့တွင်လည်းကောင်း၊ သရက်ချဉ်ကျေးရွာ၊ နသိုကျေးရွာနှင့် အကြည်ပန်းပလွန်းကျေးရွာတို့ကို (၁၉.၁၀.၂၀၂၀) ရက်နေ့တွင်လည်းကောင်း နိုင်ငံတော် ဓာတ်အားစနစ်မှ ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ပြီး လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။
Read More...
Post under by : ဝန်ကြီးရုံး
: 19-Oct-2020
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့၊ ဖုန်ကုန်းကျေးရွာအုပ်စု၊ ဖုန်ကုန်းလမ်းဆုံတွင် မီးလင်းရေးအောင်ပွဲ ကျင်းပပြုလုပ်.
မန္တလေးတိုင်းဒေသကြီး၊ တကောင်းမြို့၊ ဖုန်ကုန်းကျေးရွာအုပ်စု၊ ဖုန်ကုန်းလမ်းဆုံတွင် ၂၀၁၉-၂၀၂၀ တိုင်းဒေသကြီးဘတ်ဂျက်အစီအစဉ်ဖြင့် တည်ဆောက်သော 11/0.4 kV, 100 kVA ထရန်စဖော်မာ မီးလင်းရေးအောင်ပွဲအား (၁၉.၁၀.၂၀၂၀) ရက်နေ့ (၁၇:၃၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
Read More...
Post under by : ဝန်ကြီးရုံး
: 19-Oct-2020
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာ (၄) ရွာအား အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP Phase -1) ဖြင့် မီးလင်းရေးဆောင်ရွက်
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ မယ်ဇလီတန်း၊ သိမ်ကုန်း၊ မရိုးကုန်းနှင့် ရွှေပေးကျေးရွာတို့အား NEP Phase -1 စီမံကိန်းဖြင့် ဓာတ်အားရရှိမှုအတွက် မီးလင်းရေးအောင်ပွဲ အခမ်းအနားကို ၁၈.၁၀.၂၀၂၀ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
Read More...
Post under by : ဝန်ကြီးရုံး
: 18-Oct-2020
ကျေးရွာလျှပ်စစ်မီးလင်းရေးဖွင့်ပွဲ ကျင်းပပြုလုပ်
ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်၊ ထနောင်းကုန်းကျေးရွာအုပ်စု၊ ကျီစုအရှေ့ ကျေးရွာလျှပ်စစ်မီးလင်းရေးဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာလ(၁၅)ရက်နေ့ ညနေ (၁၅:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်လူစွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးအောင်ကြည်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းဟန်၊ ခရိုင်လျှပ်စစ် မန်နေဂျာ ဦးအေးမင်းဝင်း၊ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးမျိုးမြင့်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
Read More...
Post under by : ဝန်ကြီးရုံး
: 17-Oct-2020
ရုံးလုပ်ငန်းဌာနများတွင် COVID-19 ရောဂါကာကွယ်ရန်အတွက် အဆင်သင့်ဖြစ်နေစေရန် လုပ်ဆောင်ရမည့် နည်းလမ်းများ (Version 1.0)
ရုံးလုပ်ငန်းဌာနများတွင် COVID-19 ရောဂါကာကွယ်ရန်အတွက် အဆင်သင့်ဖြစ်နေစေရန် လုပ်ဆောင်ရမည့် နည်းလမ်းများ (Version 1.0)
Read More...
Post under by : ဝန်ကြီးရုံး
: 17-Oct-2020