The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

နောက်ဆုံးရသတင်း


တင်ဒါပိတ်ရက် ပြောင်းလဲပြင်ဆင်သတ်မှတ်ခြင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ Web Portal (www.moee.gov.mm) တွင် ထည့်သွင်းကြေငြာ၍ တင်ဒါခေါ်ယူခဲ့သော လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေး ဦးစီးဌာနမှ လှော်ကားပင်မဓာတ်အားခွဲရုံရှိ 230/33/11 kV, 20 MVA Single Phase Transformer (3) Nos နှင့် မန္တလေးမြို့ရှိ စက်မှုဇုန် (၂) ပင်မဓာတ်အားခွဲရုံတွင် 132/33 kV, 15 MVA Three Phase Transformer (1) No တို့အား ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းဆောင်ရွက်ရန်အတွက် တင်ဒါခေါ်ယူခဲ့ခြင်းအား တင်ဒါပိတ်ရက်ကို လုပ်ငန်း လိုအပ်ချက်အရ (၁၈ - ၇-၂၀၁၈) ရက်နေ့အား (၂၀-၇-၂၀၁၈) ရက်နေ့သို့ (၂) ရက် တိုးမြှင့်၍ ပြောင်းလဲပြင်ဆင်အပ်ပါသည်။


Read More...

Posted under : လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန(DPTSC)
: 17-Jul-2018
၂၃၀ ကေဗွီ ကျိုက်လတ်ဓာတ်အားခွဲရုံမှ ဓာတ်အားစတင်ဖြန့်ဖြူး
၁။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ဧရာဝတီတိုင်းဒေသကြီးအတွင်း လျှပ်စစ် ဓာတ်အား ပိုမိုဖြန့်ဖြူးပေး နိုင်ရေးအတွက် ၂၃၀ကေဗွီ လှိုင်သာယာ-ကျိုက်လတ်ဓာတ်အားလိုင်း (၅၂.၂၆) မိုင်၊ ၂၃၀/၆၆/၁၁ကေဗွီ၊ (၁၀၀) အမ်ဗွီအေနှင့် ၆၆/၃၃ကေဗွီ၊ (၃၀) အမ်ဗွီအေ ကျိုက်လတ်ဓာတ်အား ခွဲရုံတည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၁၄ ခုနှစ်မှ စတင်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ပြီး (၂၈-၆-၂၀၁၈) ရက်နေ့တွင် လှိုင်သာယာ-ကျိုက်လတ်ဓာတ်အား လိုင်းမှတဆင့် ကျိုက်လတ်ဓာတ်အားခွဲရုံသို့ ဓာတ်အားပို့လွှတ်ပြီး ကျိုက်လတ်ဓာတ်အားခွဲရုံ၏ ၂၃၀/၆၆/ ၁၁ကေဗွီ၊ (၁၀၀) အမ်ဗွီအေ ထရန်စဖော်မာအား ဓာတ်အားစတင်ပို့လွှတ်ခဲ့ပါသည်။


Read More...

Posted under : လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန(DPTSC)
: 29-Jun-2018
လက်ရှိဓာတ်အားစနစ်နှင့် အနာဂါတ်ဓာတ်အားစနစ်ပြပုံ
လက်ရှိဓာတ်အားစနစ်နှင့် အနာဂါတ်ဓာတ်အားစနစ်ပြပုံ


Read More...

Posted under : လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန(DPTSC)
: 17-May-2018
၂၃၀ကေဗွီပုဏ္ဏားကျွန်းဓာတ်အားခွဲရုံတွင် 66/11kV, 20MVA Transformer ဓာတ်အားပို့လွှတ်ပြီးစီးကြောင်း
ရခိုင်ပြည်နယ် လျှပ်စစ်ဓာတ်အားတိုးတက်ဖြန့်ဖြူးနိုင်ရေးအတွက် ၆၆/၁၁ ကေဗွီ ၂၀ အမ်ဗွီအေ ထရန်စဖော်မာတစ်လုံးအား ၂၃၀ ကေဗွီ ပုဏ္ဏားကျွန်းခွဲရုံတွင် (၁-၁၀-၂၀၁၇) ရက်နေ့မှ စတင်၍ တည်ဆောက် ဆောင်ရွက်ခဲ့ရာ (၂၁-၁၂-၂၀၁၇) ရက်နေ့တွင် ဆောင်ရွက် ပြီးစီး၍ အဆိုပါနေ့ (၁၂ : ၀၄) နာရီ အချိန်တွင် ဓာတ်အားပို့လွှတ်ခဲ့ပြီးဖြစ်ပါသည်။


Read More...

Posted under : လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန(DPTSC)
: 03-Jan-2018