The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

နောက်ဆုံးရသတင်း


၆၆ကေဗွီ ပုသိမ် - ငွေဆောင် ဓာတ်အားလိုင်း(၁၄.၉၂)မိုင် တည်ဆောက်ပြီးစီးပြီဖြစ်
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်နှင့် ငွေဆောင်မြို့နယ်များရှိ ဒေသခံပြည်သူ များ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားကို ရရှိသုံးစွဲနိုင်ရေး၊ ဗို့အားပြည့်ဝစွာ သုံးစွဲနိုင်ရေးတို့အတွက် ၆၆ကေဗွီ ပုသိမ် - ငွေဆောင် ဓာတ်အားလိုင်း (၁၄.၉၂)မိုင် နှင့် ၆၆/၁၁ ကေဗွီ (၅) အမ်ဗွီအေ ငွေဆောင်ဓာတ်အားခွဲရုံတည်ဆောက်ရေးစီမံကိန်း အား (၉.၂.၂၀၁၆) ရက်နေ့မှစ၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ (၂၁.၁၂.၂၀၁၈) ရက်နေ့ တွင် ပြီးစီးခဲ့သဖြင့် ငွေဆောင်မြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာ (၁၅) ရွာရှိ အိမ်ထောင်စု ပေါင်း (၄၈၁၇) စုသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပါသည်။


Read More...

Posted under : လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန(DPTSC)
: 02-Jan-2019
၆၆ ကေဗွီ မော်လမြိုင် - သံဖြူဇရပ် ဓာတ်အားလိုင်း(၄၀.၄၈)မိုင်၊ ၆၆ကေဗွီ သံဖြူဇရပ်ဓာတ်အားခွဲရုံနှင့် မော်လမြိုင် ဓာတ်အားခွဲရုံ Switch Bay Extension တို့မှ ဓာတ်အားစတင်ပို့လွှတ်ဖြန့်ဖြူးမှု အခြေအနေ
၆၆ ကေဗွီ မော်လမြိုင် - သံဖြူဇရပ် ဓာတ်အားလိုင်း(၄၀.၄၈)မိုင် ၊ ၆၆/၃၃/၁၁ ကေဗွီ (၂၀) အမ်ဗွီအေ သံဖြူဇရပ်ဓာတ်အားခွဲရုံ နှင့် မော်လမြိုင် ဓာတ်အားခွဲရုံတွင်  66 kV Switch Bay တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းများအား ၂၀၁၆ ခုနှစ်မ


Read More...

Posted under : လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန(DPTSC)
: 12-Dec-2018
၆၆ကေဗွီ မြင်းခြံ - ငါန်းဇွန် ဓာတ်အားလိုင်း(၀.၆၇) မိုင်၊ ၆၆/၁၁ကေဗွီ ( ၁၀ )အမ်ဗွီအေ ငါန်းဇွန် ဓာတ်အားခွဲရုံတည်ဆောက်ခြင်းလုပ်ငန်း
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့သို့ နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားပြည့်ဝစွာ ဖြန့်ဖြူးပေးနိုင်ရေးအတွက် ၆၆ကေဗွီ မြင်းခြံ - ငါန်းဇွန်ဓာတ်အားလိုင်း (၀.၆၇)မိုင် နှင့် ၆၆/၁၁ ကေဗွီ (၁၀) အမ်ဗွီအေ ငါန်းဇွန် ဓာတ်အားခွဲရုံ တည်ဆောက်ရေး စီမံကိန်းအား (၇.၃.၂၀၁၆) ရက်နေ့တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ဓာတ်အားလိုင်း အား (၃၁.၅.၂၀၁၈) ရက်နေ့တွင် လည်းကောင်း ၊ ဓာတ်အားခွဲရုံအား (၁.၈.၂၀၁၈)ရက်နေ့ တွင်လည်းကောင်း ဆောင်ရွက် ပြီးစီးခဲ့ပြီး ငါန်းဇွန်ဒေသတဝိုက်ရှိ မြို့ (၁) မြို့၊ ကျေးရွာ (၁၅၈) ရွာ၊ အိမ်ထောင်စုပေါင်း (၂၇၀၂၉) စု သို့ နိုင်ငံတော်ဓာတ်အားစနစ်မှ (၂၄)နာရီ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပါသည်။


Read More...

Posted under : လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန(DPTSC)
: 15-Nov-2018
၆၆ကေဗွီ ရသေ့တောင် - ဘူးသီးတောင် ဓာတ်အားလိုင်း(၃၃)မိုင်၊ ၆၆/၁၁ကေဗွီ ( ၅ ) အမ်ဗွီအေ ဘူးသီးတောင် ဓာတ်အားခွဲရုံတည်ဆောက်ခြင်းလုပ်ငန်း
ရခိုင်ပြည်နယ် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောဒေသရှိ ပြည်သူများ လူမှုဘဝ တိုးတက်ရေးမှာ  လိုအပ်သော လျှပ်စစ်ဓာတ်အားကို နိုင်ငံတော်ဓာတ်အားစနစ်မှ ရရှိ သုံးစွဲ နိုင်ရေး ၆၆ကေဗွီ ပုဏ္ဏားကျွန်း - ရသေ့တောင် - ဘူးသီးတောင် - မောင်တော ဓာတ်အားလိုင်း (၆၄.၃၁)မိုင်နှင့် ၆၆ကေဗွီ ဓာတ်အားခွဲရုံများတည်ဆောက်ရေးစီမံကိန်းအား အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ပထမ အဆင့်အနေဖြင့် ၆၆ကေဗွီ ပုဏ္ဏားကျွန်း - ရသေ့တောင် ဓာတ်အားလိုင်း(၂၂.၂၁)မိုင်၊ ပုဏ္ဏားကျွန်းဓာတ်အားခွဲရုံ တိုးချဲ့တည်ဆောက် ခြင်းနှင့် ၆၆/၁၁ကေဗွီ (၅)အမ်ဗွီအေ ရသေ့တောင်ဓာတ်အားခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်း များ ပြီးစီး၍ (၁၅.၃.၂၀၁၈) ရက်နေ့မှစ၍ ရသေ့တောင်ဓာတ်အားခွဲရုံမှ ရသေ့တောင်မြို့ပေါ် အိမ်ထောင်စုပေါင်း (၁၅၃၀)စု နှင့် ဘူးသီးတောင်မြို့ပေါ်ရှိ  အိမ်ထောင်စု(၃၃၇၄)စု သို့ နိုင်ငံတော်ဓာတ်အားစနစ်မှ (၂၄)နာရီ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့ပြီးဖြစ်ပါသည်။


Read More...

Posted under : လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန(DPTSC)
: 15-Nov-2018
တင်ဒါပိတ်ရက် ပြောင်းလဲပြင်ဆင်သတ်မှတ်ခြင်း ကမာနတ်ပင်မဓာတ်အားခွဲရုံ)
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ Web Portal (www.moee.gov.mm) တွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၀) ရက်နေ့တွင် ထည့်သွင်းကြေငြာ၍ တင်ဒါခေါ်ယူခဲ့သော လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ ကမာနတ်ပင်မဓာတ်အားခွဲရုံရှိ


Read More...

Posted under : လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန(DPTSC)
: 15-Aug-2018