The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ဆောင်းပါးများ


“ ရသေ့တောင်သာသည့်ကျွန်းဆီက…စာစီလို့ညွှန်းခဲ့မယ်”
မမေ့နောင် ကြာရှည်လွမ်းကြပေရော့ ရသေ့တောင် သာသည့်ကျွန်းဆီက စာစီလို့ ညွှန်းခဲ့မယ်။ ထူးလှပါရဲ့ တန်ခူးသမယ ဆန်းလသော်တာ တိုးထွက်ဆုံလို့မို့ ကိုးရက်အကြုံ ဂဠုန်နေ့မှာဖြင့် ယမုန်အကွေ့က ချစ်စရာသွေးချင်းတွေအတွက်ပေပ မေတ္တာ ပေးနှင်း ဝေဆက်ခဲ့ပြီပေါ့ ရွှေလက်တွေ ပတ်ရစ်တိုးနွယ်လို့ လျှပ်စစ်ကြိုးသွယ်။ မြို့ပုဏ္ဏာ တစ်ဖက်ကမ်းဆီက ဆက်တန်းကာ တာဝါတွေ အစီအရီလက်သည်သို့ DPTSC စိတ်ဓာတ်အားမာန်အစွမ်းတွေပေါ့ အညီအညီ လက်ကမ်းသွားကြတဲ့အပြင် စက်ယန္တရား အစုံအလင်နဲ့ ရဂုံတစ်ခွင် လယ်ပြင် တောင်စွယ် မြောင်းအကျယ်ငဲ့အပြင် ချောင်းအသွယ်သွယ်ကို တခုတ်တရ ဆိုရပါတော့ ဒုက္ခက ချိုခဲ့သည်.. အိုဘယ့် မဟီ သက်သေပေး။ ကျက်သရေဖြာ တက်နေပမာ အလင်းဆောင်လို့ ခပင်း နောင်မကြာပေါ့ အောင်ဇာတာ အောင်ခြာစည်ဝေလို့ ဪ..တန်ဆောင်ပမာ အရောင်အဝါတွေလည်း ပီစေဖို့ ညီချေတို့ရေ ကသိုဏ်းအစစ်အစစ် ဖွေတဲ့ဖွေတဲ့ပြီး ကိုင်း…သမိုင်းသစ်တွေရေး။


Read More...

: 09-Apr-2018
“ နိုင်ငံတော်ဓာတ်အားရောက်ပြီ…ရသေ့တောင်ဆီ”
၂၀၁၈ခုနှစ်၊ဧပြီလ(၁)ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့သို့ နိုင်ငံတော် ဓာတ်အားစနစ်မှ ဓာတ်အားစတင်သုံးစွဲနိုင်တော့မည်ဖြစ်ပေသည်။ ပုဏ္ဏားကျွန်း-ရသေ့တောင်-ဘူးသီးတောင်ကားလမ်းမကြီးတစ်လျှောက် ငွေရောင် တာဝါတိုင်ကြီးများကို ငွားငွားစွင့်စွင့် အစီအရီတွေ့နေရပေသည်။ ညီညာဖြောင့်တန်းသော ငွေမျှင်ငွေတန်း ဓာတ်ကြိုးကြီးများကိုလည်း ကြွားကြွားဝံ့ဝံ့ မြင်နေရပေမည်။ မင်္ဂလာရှိ လှသော အခါသမယပါပေတည်း။ “ နိုင်ငံတော်ဓာတ်အားရောက်ပြီ…ရသေ့တောင်ဆီ” ၂၀၁၈ခုနှစ်၊ဧပြီလ(၁)ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့သို့ နိုင်ငံတော် ဓာတ်အားစနစ်မှ ဓာတ်အားစတင်သုံးစွဲနိုင်တော့မည်ဖြစ်ပေသည်။ ပုဏ္ဏားကျွန်း-ရသေ့တောင်-ဘူးသီးတောင်ကားလမ်းမကြီးတစ်လျှောက် ငွေရောင် တာဝါတိုင်ကြီးများကို ငွားငွားစွင့်စွင့် အစီအရီတွေ့နေရပေသည်။ ညီညာဖြောင့်တန်းသော ငွေမျှင်ငွေတန်း ဓာတ်ကြိုးကြီးများကိုလည်း ကြွားကြွားဝံ့ဝံ့ မြင်နေရပေမည်။ မင်္ဂလာရှိ လှသော အခါသမယပါပေတည်း။ လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ်အထက်ပိုင်းရှိ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောဒေသများသို့ နိုင်ငံတော်ဓာတ်အားစနစ် ရောက်ရှိပို့လွှတ်နိုင်ရေး အတွက် ၂၃၀ကေဗွီပုဏ္ဏားကျွန်းပင်မဓာတ်အားခွဲရုံကြီးမှ တဆင့် ပုဏ္ဏားကျွန်း-ရသေ့တောင်-ဘူးသီးတောင်-မောင်တော ၆၆ကေဗွီဓာတ်အားလိုင်း (၆၄.၅)မိုင် နှင့် ဓာတ်အားခွဲရုံများ ဆက်လက်တည်ဆောက်လျှက်ရှိပေသည်။ ယခုအခါ အဆိုပါစီမံကိန်း၏ ပထမအဆင့် ဖြစ်သော ၆၆ကေဗွီ ပုဏ္ဏားကျွန်း-ရသေ့တောင် ဓာတ်အားလိုင်း(၂၂.၂)မိုင်နှင့် ၆၆/၁၁ကေဗွီ၊ ၅ အမ်ဗွီအေ ရသေ့တောင်ဓာတ်အားခွဲရုံတို့ တည်ဆောက်ခြင်းလုပ်ငန်းအားလုံး ပြီးစီးပြီဖြစ်၍ ၂၀၁၈ခုနှစ် ဧပြီလ(၁)ရက်နေ့တွင် ရသေ့တောင်မြို့သို့ နိုင်ငံတော်ဓာတ်အားစနစ် ရောက်ရှိတော့မည် ဖြစ်ပေသည်။ ယခင်က ဒီဇယ်အင်ဂျင်ဓာတ်အားပေးစက်များ ဖြင့် အချိန်ပိုင်းသာ လျှပ်စစ်မီးရရှိခဲ့သော ရသေ့တောင်မြို့သည် မကြာမီကာလတွင် ဓာတ်အား လိုသလောက် ပြည့်ပြည့်ဝဝ အသုံးပြုခွင့်ရရှိပေတော့မည်။ ယခုဆောင်ရွက်သည့်အဆင့်တွင် ပုဏ္ဏားကျွန်းမြို့သို့ ယခင်ကထက် ဓာတ်အား တိုးတက်ဖြန့်ဖြူးနိုင်ရန် ၆၆/၁၁ကေဗွီ ၂၀ အမ်ဗွီအေ ထရန်စဖော်မာကြီးတစ်လုံးကိုလည်း တစ်ပါတည်း တိုးချဲ့တပ်ဆင်ပေးနိုင်ခဲ့သည်။ ပုဏ္ဏားကျွန်း-ရသေ့တောင် ဓာတ်အားလိုင်းနှင့် ရသေ့တောင်ဓာတ်အားခွဲရုံ တည်ဆောက်ခြင်းစီမံကိန်းကို ၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် အကြိုအင်ဂျင်နီယာလုပ်ငန်း များ၊ တိုင်းတာခြင်းလုပ်ငန်းများကို စတင်ခဲ့သည်။ တည်ဆောက်ရေးလုပ်ငန်းများကိုကား ၂၀၁၇ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့သည်။ တည်ဆောက်ရေး လုပ်ငန်းများကို စီမံကိန်းလက်ကျန်ပစ္စည်းများဖြင့် ဆောင်ရွက်ခဲ့ရသည်။ - ၂ - သတ်မှတ်ထားသည့်အချိန်တိုကာလအတွင်း ပြီးစီးနိုင်ရေးအတွက် ဖောင်ဒေးရှင်းအဖွဲ့ (၆)ဖွဲ့၊ အင်အား ၁၂၀ ခန့်ဖြင့်လည်းကောင်း၊ တိုင်ဆင်အဖွဲ့ (၅)ဖွဲ့ အင်အား ၁၀၀ ခန့်ဖြင့် လည်းကောင်း၊ ကြိုးဆွဲအဖွဲ့ (၃)ဖွဲ့၊ အင်အား ၁၂၅ ခန့်ဖြင့်လည်းကောင်း၊ ခွဲရုံတည်ဆောက် ရေးအဖွဲ့(၂)ဖွဲ့ အင်အား(၃၀)ခန့်ဖြင့်လည်းကောင်း တစ်ပြိုင်တည်း ဆောင်ရွက်ခဲ့ရခြင်းဖြစ်ပေ သည်။ ရသေ့တောင်မြို့ကား ၂၄နာရီ မီးရရှိပေတော့မည်။ လျှပ်စစ်ဓာတ်အားအပြည့်အဝရရှိ သည်နှင့်အညီ ရသေ့တောင်ဒေသ၏ လူမှုစီးပွားဘ၀များကား မကြာမီ တိုးတက်ကောင်းမွန် လာတော့မည်မှာ မလွဲပေ။ ကျန်ရှိနေသေးသော ဘူးသီးတောင်၊ မောင်တောဒေသများသို့ တည်ဆောက်ရေးလုပ်ငန်းများသို့ ဓာတ်အားရရှိရေးအတွက် တည်ဆောက်ရေးလုပ်ငန်းများ ကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်လျှက်ရှိပေသည်။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ အတွင်း ဘူးသီးတောင်နှင့် မောင်တောသည်လည်း နိုင်ငံတော်ဓာတ်အားစနစ်၏ အသီးအပွင့် များကို ခံစားနိုင်ကြတော့မည်ဖြစ်သည်။ လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာနသည် နိုင်ငံတော်တစ်၀န်းလုံးတွင် လျှပ်စစ်ဓာတ်အား အပြည့်အဝနှင့် အဆက်မပြတ်ဖြည့်ဆည်းပေးနိုင်ရေးအတွက် နိုင်ငံတော်အစိုးရ၏ လမ်းညွှန် ချက်နှင့်အညီ စဉ်ဆက်မပြတ် ကြိုးပမ်းလျှက်ရှိသည်မှာ အထင်အရှားပင်ဖြစ်သည်။ တိုင်းဒေသကြီးများတွင်သာမက တိုင်းရင်းသား သွေးချင်းတို့၏ ပြည်နယ်များသို့ပါ နိုင်ငံတော်ဓာတ်အားစနစ် လွှမ်းခြုံရောက်ရှိနိုင်ရေး အတွက် ဆောင်ရွက်ပေးလျှက်လည်းရှိပါ သည်။ ထိုအထဲတွင် ရခိုင်ပြည်နယ်သည်လည်း တစ်ခုအပါအ၀င်ဖြစ်ပါသည်။ ယခင်က ရခိုင်ပြည်နယ်သို့ နိုင်ငံတော်ဓာတ်အားစနစ်မရောက်ရှိခဲ့ပါ။ ဒီဇယ်အင်ဂျင် ဓာတ်အားပေးစက်များဖြင့်သာ အချိန်ပိုင်းမျှ ဓာတ်အားပေးနိုင်ခဲ့ပါသည်။ သဘာ၀သယံဇာတ များ ပေါကြွယ်ဝလှသော်လည်း လျှပ်စစ်ဓာတ်အား အပြည့်အဝမရရှိခဲ့သော ရခိုင်ပြည်နယ်၏ လူမှုစီးပွားဘ၀များမှာလည်း တိုးတက်သင့်သလောက် မတိုးတက်နိုင်ခဲ့ပေ။ လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ်သို့ နိုင်ငံတော်ဓာတ်အားစနစ် မှ ဓာတ်အားပို့လွှတ်ပေးနိုင်ရေးအတွက် ၂၀၁၁ ခုနှစ်မှ စတင်၍ လေ့လာတိုင်းတာခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။ နှစ်အလိုက် တည်ဆောက်ပေးမည့် မဟာဗျူဟာများ ရေးဆွဲခဲ့ပါသည်။ တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၁၂ ခုနှစ်တွင် စတင်နိုင်ခဲ့ပေသည်။ ရခိုင်ပြည်နယ်နှင့် ဆက်စပ်လျှက်ရှိသော ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)ရှိ ၂၃၀ကေဗွီ ဥသျှစ်ပင်ဓာတ်အားခွဲရုံမှ ရခိုင်ပြည်နယ် တောင်ကုတ်မြို့သို့ ၂၃၀ကေဗွီ မဟာဓာတ်အားလိုင်း ကြီးစတင်တည်ဆောက်နိုင်ခဲ့ခြင်းသည်ကား ရခိုင်ပြည်နယ်လျှပ်စစ်သမိုင်း၏ ပြောင်းလဲခြင်း အစဟု ဆိုရမည်ဖြစ်ပေသည်။ - ၃ - လျှပ်စစ်နှင့်စွမ်းအင် ၀န်ကြီးဌာနလက်အောက်ရှိ ၀န်ထမ်းများ၏ ကြိုးစားအားထုတ် မှု၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှု၊ ဒေသခံပြည်သူလူထု၏ ပူးပေါင်းကူညီမှု၊ ဆက်စပ်၀န်ကြီးဌာနများ၏ ပေါင်းစပ်ကူညီမှု စသည်တို့ကြောင့် အောင်မြင်မှုများ ဆက်တိုက် ရရှိခဲ့သည်။ တစ်မြို့ပြီးတစ်မြို့ နိုင်ငံတော်လျှပ်စစ်ဓာတ်အား ရရှိခဲ့လေသည်။ တောင်ကုတ်မြို့သို့ ရောက်ရှိလာသော ၂၃၀ကေဗွီ ဓာတ်အားကို တောင်ကုတ်-မအီ ဓာတ်အားလိုင်းဖြင့် မအီမြို့သို့ ဆက်လက် တည်ဆောက်ခဲ့သည်။ မအီအရောက်တွင် လိုင်း နှစ်လိုင်းထပ်ခွဲသည်။ မအီမှ အမ်းနှင့် ပုဏ္ဏားကျွန်းတို့သို့ တစ်လိုင်း၊ မအီမှ ကျောက်ဖြူသို့ တစ်လိုင်းကို ကာလတိုအတွင်း အပြီး တည်ဆောက်နိုင်မှုကြောင့် ရခိုင်ပြည်နယ် တောင်ပိုင်းရော မြောက်ပိုင်းပါ နိုင်ငံတော် ဓာတ်အားစနစ် လွှမ်းခြုံရောက်ရှိခဲ့လေသည်။ မဟာဓာတ်အားလိုင်းများသာမက တောင်ကုတ်၊ ကျောက်ဖြူ၊ အမ်း နှင့် ပုဏ္ဏားကျွန်း မြို့များတွင် ၂၃၀ကေဗွီ ပင်မဓာတ်အားခွဲရုံကြီးများကိုလည်း တစ်ပြိုင်တည်းတည်ဆောက်ရ သေးသည်။ ထိုပင်မဓာတ်အားခွဲရုံကြီးများမှတဆင့် စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ သံတွဲ၊ရမ်းဗြဲမြို့များတွင် ၆၆ကေဗွီ ဓာတ်အားခွဲရုံများကိုလည်း တစ်ပြိုင်တည်း တည်ဆောက် ပေးခဲ့ရပြန်သည်။ တည်ဆောက်ချိန်(၃)နှစ်ခန့်ကာလအကြာ ၂၀၁၄ခုနှစ်၊ ဒီဇင်ဘာလအတွင်းတွင်ပင် တောင်ကုတ်၊ သံတွဲ၊ ကျောက်ဖြူ၊ အမ်း၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းနှင့် စစ်တွေ မြို့များသို့ ဆက်တိုက်လိုလိုပင် ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့တော့သည်။ ထိုကာလအတွင်းက တည်ဆောက်ခဲ့သမျှမှာ ၂၃၀ ကေဗွီ မဟာဓာတ်အားလိုင်းစုစုပေါင်း (၄၀၈.၂၅)မိုင်၊ ၂၃၀ကေဗွီ ပင်မဓာတ်အားခွဲရုံ(၄)ရုံ၊ ၆၆ကေဗွီ ဓာတ်အားလိုင်း(၃၅၄.၇၁)မိုင် နှင့် ၆၆ကေဗွီဓာတ်အားခွဲရုံ (၅)ရုံဖြစ်၏။ အဆိုပါစီမံကိန်းလုပ်ငန်းများအတွက် နိုင်ငံတော်ဘတ်ဂျက်မှ နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ(၂၈.၃၄၉)သန်း၊ အိန္ဒိယနိုင်ငံချေးငွေ အမေရိကန်ဒေါ်လာ(၆၄.၀၇)သန်း၊ တရုတ်နိုင်ငံမှ လှူဒါန်းငွေ အမေရိကန်ဒေါ်လာ(၁၀)သန်း၊ စုစုပေါင်း အမေရိကန်ဒေါ်လာ (၁၀၂.၄၁၉)သန်းခန့်ကုန်ကျခဲ့၏။ ပြည်တွင်းငွေကျပ်(၈၈)ဘီလီယံခန့်လည်း ကုန်ကျခဲ့သည်။ ဤမျှ များပြားလှသော စီမံကိန်းပမာဏကို (၃)နှစ်တာကာလအတွင်း ဆောင်ရွက်နိုင်ခဲ့ သည်မှာ ၀န်ကြီးဌာန၏ မကြုံစဖူးသော စံချိန်သစ်တစ်ခုပင်ဖြစ်ပေသည်။ ထိုမျှသာမကသေး၊ ရခိုင်ပြည်နယ်မှ ထွက်ရှိသည့် သဘာ၀ဓာတ်ငွေ့ကိုအသုံးပြု၍ စက်တပ်ဆင်အား (၁၀၀)မဂ္ဂါ၀ပ်ရှိသော ဓာတ်အားပေးစက်ရုံတစ်ရုံကိုလည်း ကျောက်ဖြူမြို့ တွင် တည်ဆောက်ပေးခဲ့ပြီးဖြစ်သည်။ - ၄ - ဆက်လက်၍ ၂၀၁၆ ခုနှစ်အတွင်း ၆၆ကေဗွီ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ တိုးချဲ့တည်ဆောက်ပေးခဲ့ပြီး မအီ၊ မင်းပြား၊ မြေပုံ၊ ပေါက်တောနှင့် ဂွမြို့နယ်များသို့ နိုင်ငံတော်ဓာတ်အားစနစ် ချိတ်ဆက်လွှမ်းခြုံဓာတ်အားပေးနိုင်ခဲ့ပေသည်။ ရခိုင်ပြည်နယ်သို့ ဓာတ်အားစနစ် ပိုမိုတိုးတက်ကောင်းမွန်စေရေးအတွက် ၂၃၀ကေဗွီ မန်း(မင်းဘူး)-အမ်း ဓာတ်အားလိုင်းကိုလည်း ဆက်လက်တည်ဆောက်၍ ဓာတ်အားချိတ်ဆက် ပေးနိုင်ခဲ့ပါသည်။ လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာန၏ ကြိုးပမ်းဆောင်ရွက်မှုများကား ဤမျှနှင့် ရပ်တံ့မသွား သေးပေ။ ရခိုင်ပြည်နယ်သည် ၂၀၁၂ ခုနှစ်ပတ်၀န်းကျင်က လမ်းပန်းဆက်သွယ်ရေး အလွန် ခက်ခဲခဲ့သည်။ တောင်ကုန်းတောင်တန်းများ ထူထပ်ပေါများလှသည်။ မိုးများသောအရပ် ဒေသဖြစ်ပြီး မြစ်ချောင်းအင်းအိုင်ကလည်း ပေါများလှသည်။ ပင်လယ်ဆားငံရေ၀င်ရောက်မှု ရှိပြီး ဒီရေအတက်အကျလည်း ရှိသည်။ တည်ဆောက်ရေးအဖွဲ့များအနေဖြင့် ကြီးမားလေးလံ လှသော ပစ္စည်းနှင့် စက်ကိရိယာများသယ်ပို့ခြင်း၊ တောင်ပေါ်နှင့် ဒီရေတောများတွင် တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ရခြင်းမှာ လွယ်ကူသည့်ကိစ္စမဟုတ်ပေ။ အလွန် ခက်ခဲပင်ပန်းခဲ့ကြ၏။ မည်သို့ပင်ဖြစ်စေ လျှပ်စစ်၀န်ထမ်းတို့၏ အတွေ့အကြုံ၊ ကျွမ်းကျင်မှု၊ ဇွဲလုံ့လဝီရိယတို့ ကြောင့် မည်မျှကြမ်းတမ်းသော အခက်အခဲများရှိစေကာမူ အောင်မြင်အောင် ကျော်လွှားနိုင်ခဲ့ သည်ပင်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်မှုအပေါ်တွင် များစွာ မူတည်ပေသည်။ လျှပ်စစ်နှင့် စွမ်းအင်၀န်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ်နည်းတူ အခြားသော ဒေသများကိုလည်း ဓာတ်အားစနစ်မှ ပို့လွှတ်ဖြန့်ဖြူးနိုင်ရေးအတွက် ရေတို ရေရှည် စီမံကိန်းများကို အကောင်အထည်ဖော်လျှက်ရှိသည်။ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် အတွင်း နိုင်ငံတစ်၀န်းရှိ အောက်ပါဒေသများသို့လည်း နိုင်ငံတော်ဓာတ်အားစနစ်ရောက်ရှိ နိုင်ရေးအတွက် ဓာတ်အားပို့လွှတ်ရေးစီမံကိန်းများဌာနက အစွမ်းကုန်ကြိုးပမ်းဆောင်ရွက် လျှက်ရှိပေသည်- * ၆၆ကေဗွီ ကျောက်ဖြူ-မဒဲဓာတ်အားလိုင်းဖြင့် မဒဲကျွန်းနှင့် ပတ်ဝန်းကျင်ဒေသများ သို့လည်းကောင်း * ၆၆ကေဗွီ မိုးကောင်း-ဖားကန့်လိုင်းဖြင့် ဖားကန့်မြို့နှင့် ပတ်ဝန်းကျင်ဒေသများ သို့လည်းကောင်း - ၅ - * ၂၃၀ကေဗွီ မော်လမြိုင်-မြ၀တီဓာတ်အားလိုင်းဖြင့် မြဝတီမြို့နှင့် ပတ်ဝန်းကျင် ဒေသများသို့ လည်းကောင်း * ၆၆ကေဗွီမြဝတီ-ကော့ကရိတ် ဓာတ်အားလိုင်းဖြင့် ကော့ကရိတ်နှင့် ပတ်ဝန်းကျင် ဒေသများသို့လည်းကောင်း * ၆၆ကေဗွီ ရာဇဂြိုဟ်-ကလေးဝ ဓာတ်အားလိုင်းဖြင့် ကလေးဝနှင့် ပတ်ဝန်းကျင် ဒေသများသို့လည်းကောင်း * ၆၆ကေဗွီ မော်လမြိုင်-သံဖြူဇရပ် ဓာတ်အားလိုင်းဖြင့် သံဖြူဇရပ်နှင့် ပတ်ဝန်းကျင် ဒေသများသို့လည်းကောင်း * ၆၆ကေဗွီ မြင်းခြံ-ငါန်းဇွန် ဓာတ်အားလိုင်းဖြင့် ငါန်းဇွန်မြို့နှင့် ပတ်ဝန်းကျင် ဒေသများသို့လည်းကောင်း * ၆၆ကေဗွီ ပုသိမ်-ငွေဆောင် ဓာတ်အားလိုင်းဖြင့် ငွေဆောင်မြို့နှင့် ပတ်ဝန်းကျင် ဒေသများသို့လည်းကောင်း * ၆၆ကေဗွီ ငရုတ်ကောင်း-ငရုတ်ကောင်းတောင် ဓာတ်အားလိုင်းဖြင့် ငရုတ်ကောင်းမြို့ နှင့် ပတ်ဝန်းကျင်ဒေသများသို့လည်းကောင်း အထက်ပါစီမံကိန်းများအပြင် မြန်မာနိုင်ငံ၏ ပထမဦးဆုံးဖြစ်သော ၅၀၀ကေဗွီ ဓာတ်အားလိုင်း အပါအဝင် နှစ်တိုနှစ်ရှည် စီမံကိန်းလုပ်ငန်း များစွာကိုလည်း တစ်ပြိုင်တည်း ဆောင်ရွက်လျှက်ရှိသည်။ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုတိုးတက်ရေး၊ ထုတ်လုပ်သမျှ လျှပ်စစ်ဓာတ်အားများကို နိုင်ငံတစ်နံတစ်လျားသို့ ပို့လွှတ်ရေး၊ ပို့လွှတ်သမျှ ဓာတ်အားကို ဓာတ်အားသုံးစွဲသူများထံအရောက် ဖြန့်ဖြူးပေးရေး၊ အရည်အသွေးကောင်းမွန်သော လျှပ်စစ်ဓာတ်အားဖြစ်စေရေး စသည့် ကြီးမားလှသော တာ၀န်များကို နေ့ညမပြတ် ကြိုးပမ်း ထမ်းဆောင်လျှက်ရှိပေသည်။ ယခုကဲ့သို့ မင်္ဂလာရှိလှသော ရသေ့တောင်မြို့ ဓာတ်အားရရှိမည့်အချိန်တွင် ပြည်သူလူထု တစ်ရပ်လုံးအနေဖြင့်လည်း လျှပ်စစ်နှင့် စွမ်းအင်၀န်ကြီးဌာန၏ စီမံကိန်း လုပ်ငန်းများတွင် ဝိုင်း၀န်းကူညီခြင်း၊ တည်ဆောက်ပြီး ဓာတ်အားလိုင်းများကို ရေရှည် တည်တံ့ခိုင်မြဲရေး အတွက် ဝိုင်း၀န်းစောင့်ရှောက်ခြင်းဖြင့် နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား တိုးတက်ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဌာနနှင့် လက်တွဲဆောင်ရွက် သင့်လှပါကြောင်း တိုက်တွန်းရေးသားအပ်ပါသည်။ မောင်လွမ်းနီ(ရေစကြို)


Read More...

: 30-Mar-2018
ဓာတ်အားပြတ်တောက်မှုနှင့် ပတ်သက်၍ (ဓာတ်အားစနစ် ပြတ်တောက်မှု - System Break အဆက်)
ဓာတ်အားစနစ် ဓာတ်အားပြတ်တောက်မှု (System Break) ဖြစ်ရခြင်း အကြောင်း……… မြန်မာနိုင်ငံ ဓာတ်အားစနစ်၏ အားနည်းချက်များ ပြုပြင်ရန် အချက်များကို ၂၀၁၆ ခုနှစ် မေလ ၄ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြခဲ့ရာ….. တိုက်တိုက်ဆိုင်ဆိုင်ပင် ၎င်းနေ့ညနေပိုင်းတွင်... ဓာတ်အားစနစ် ဓာတ်အားပြတ်တောက်မှု( System Break) ဖြစ်ရပြန်ပါသည်….. System Break ဖြစ်ကြောင်း..လျှပ်စစ်ဌာနဆိုင်ရာ Website များနှင့် Facebook များတွင် …System Break ဖြစ်၍… ဓာတ်အားပြတ်တောက်ရခြင်းဖြစ်ကြောင်း… အသိပေး ဖော်ပြထားချက် ကို ဖတ်ရသော ရန်ကုန်မှ မိတ်ဆွေရင်းတစ်ဦးက ..ယခုရက်ပိုင်း…မီးပျက်တာတွေမှာ …System Break ကြောင့်…မီးပျက်ပါကြောင်း..အသိပေးချက်တွေ ...များနေပါကြောင်း.... ဓာတ်အားမလုံ လောက်လို့ .. ဓာတ်အားပြတ်တောက်တာနဲ့.. System Break ဖြစ်ရတာတွေနဲ့ …နားမလည်နိုင် တော့ဘူးဟု… ပြောလာပါသည်။


Read More...

: 03-Jan-2018
ကျေးရွာများ လျှပ်စစ်ဓာတ်အားရရှိရေး ဆောင်ရွက်မှုများ
မြန်မာနိုင်ငံအနေဖြင့် ၂၀၁၆ ခုနှစ်မတိုင်မီကာလက ဓာတ်အားထုတ်လုပ်မှုသည် ၁၆၉၀ မဂ္ဂါဝပ်ရှိပြီး လျှပ်စစ်ဓာတ်အားသုံးစွဲမှု ရာခိုင်နှုန်းမှာ ၁၂% သာရှိပြီး ဓာတ်အား လုံလောက်မှုမရှိခြင်းကြောင့် မြို့၊ ကျေးရွာများ ဓာတ်အားတိုးချဲ့ပေးနိုင်မှု တိုးတက်မှု နည်းခဲ့ပါသည်။ ၂၀၁၆ ခုနှစ် နောက်ပိုင်းတွင် ရေအားလျှပ်စစ်စက်များဖြစ်သည့် ရွှေလီ၊ ရဲရွာ စက်ရုံများ လည်ပတ်ပြီးနောက် နိုင်ငံတော်အနေဖြင့် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား တိုးချဲ့ဖြန့်ဖြူးရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။ လျှပ်စစ်ဓာတ်အားတိုးချဲ့ဖြန့်ဖြူးပေးနိုင်ရေးအတွက် အခြေခံကျသော ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများကို ဦးစွာတည်ဆောက်ရပါသည်။ ဥပမာအားဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့၊ ကျေးရွာများဓာတ်အား ရရှိရေးအတွက် ၂၃၀ ကေဗွီ၊ ၆၆ ကေဗွီဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများကို ဦးစွာတည်ဆောက်ရပါသည်။ မြို့၊ ကျေးရွာ မီးလင်းရေးအတွက် ၁၁ ကေဗွီလိုင်း၊ ၁၁/၀.၄ ကေဗွီ ထရန်စဖော်မာ၊ ၄၀၀ ဗို့ဓာတ်အားလိုင်း တည်ဆောက်ခြင်းလုပ်ငန်းကို ဒုတိယအဆင့်အနေဖြင့် ဆက်လက်တည်ဆောက်ရခြင်းဖြစ်ပါသည်။ ၂၀၁၆ ခုနှစ်မှ ၂၀၁၁ ခုနှစ်ကာလတွင် ဘဏ္ဍာငွေ ရရှိမှုအရ ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများ တည်ဆောက်ခြင်း လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်ခဲ့ခြင်းကြောင့် ကျေးရွာတွင်းအရောက် လျှပ်စစ်မီးလင်းရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်မှု မရှိခြင်းဖြစ်ပါသည်။ သို့ရာတွင် ကျေးရွာများအနေဖြင့် မိမိရွာအနီး ရောက်ရှိနေသော ဓာတ်အားလိုင်းများမှတစ်ဆင့် ကျေးရွာမီးလင်းရေးကော်မတီအစီအစဉ်ဖြင့် ကိုယ့်အား ကိုယ်ကိုး ဓာတ်အားရယူမှုကို ခွင့်ပြုပေးခဲ့ပြီး မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးများက နည်းပညာပိုင်း ပံ့ပိုးကူညီခဲ့ပါသည်။ တစ်နည်းအားဖြင့် မိမိရွာအနား ရောက်နေသော ရေလွှတ်မြောင်းမှ ရေကို ဌာနက ဆောင်ရွက်ပေးမည့်အချိန်ကို မစောင့်ဘဲ မိမိကျေးရွာအတွင်း ရောက်ရှိအောင် ကျေးရွာအစီအစဉ်ဖြင့် မြောင်းဖောက်ယူခြင်း ဖြစ်ပါသည်။ ကျေးရွာမီးလင်းရေးများအနေဖြင့်လည်း ကျေးရွာအနီး ရောက်နေသော ဓာတ်အားလိုင်းမှတစ်ဆင့် ကျေးရွာအရောက် ၁၁ ကေဗွီလိုင်းနှင့် ထရန်စဖော်မာတပ်ဆင်ခြင်း၊ ရွာတွင်း ၄၀၀ ဗို့ ဓာတ်အားလိုင်းများ တည်ဆောက်ခြင်းဖြင့် ဓာတ်အားဆောလျင်စွာ ရရှိအောင် ဆောင်ရွက်ခြင်းဖြစ်ပါသည်။


Read More...

: 03-Jan-2018
လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ကြရာဝယ်
အငြိမ်းစားဘဝ အလုပ်ဌာနတွင် နှစ်ရှည်လများ လုပ်ကိုင်နေထိုင်မှု သံယောဇဉ်ကား မသေးလှပါ....လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတွင် ၃၅ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး ညွှန်ကြားရေးမှူး ရာထူးဖြင့် ၂၀၀၉ ခုနှစ်တွင် သက်ပြည့် အငြိမ်းစား ယူခဲ့ပါသည်....အငြိမ်းစားဘဝ အလုပ်သံယောဇဉ်၏ ချည်နှောင်မှုမှ ရုန်းမထွက်နိုင်.... တီဗွီ...ရေဒီယို....သတင်းစာ...ဂျာနယ်များတွင် လျှပ်စစ်ဌာနနှင့် ပတ်သက်ရာများ ပါရှိပါက ဂရုတစိုက် နားထောင် ဖတ်ရှုမိ၏...... ယခုတစ်လော...... လွှတ်တော်တွင် ဆွေးနွေးချက်များ.....ဂျာနယ်များတွင် ရေးသားချက်များသည် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လုပ်ငန်းများ အပေါ် ဝေဖန်ပြောဆိုမှု အမျိုးမျိုးဖြစ်ပေါ်နေသည်ကို တွေ့ရှိနေရသည့် အတွက် ဌာနရှိ မိမိ လုပ်ဖော် ကိုင်ဖက် တစ်ဦးထံ ဆက်သွယ်မေးမြန်းချက်များကို ပြည်သူသိရှိစေရန် ဖော်ပြခြင်း ဖြစ်ပါသည်.....


Read More...

: 03-Jan-2018