The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

ပြည်သူ့လွှတ်တော်ကဏ္ဍ


မွန်ပြည်နယ်ရှိ လယ်ယာကဏ္ဍများ၊ စက်ရုံ၊ အလုပ်ရုံများ၊ ငါးဖမ်းစက်လှေများအတွက် စက်သုံးဆီကို တစ်မြို့နယ်လျှင် တစ်ဆိုင် သီးသန့်ရောင်းချပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
မွန်ပြည်နယ်၏ အဓိကစီးပွားရေးလုပ်ငန်းသည် ဆန်၊ စပါး၊ ဆား၊ ကြက်ပေါင်စေး(ခ) ရာဘာ၊ ကမ်းနီးကမ်းဝေး ငါးဖမ်းလုပ်ငန်းနှင့် အခြား ဥယျာဉ်၊ စိုက်ပျိုးရေးလုပ်ငန်းတို့ဖြစ်သည့် စိုက်ပျိုးမြေဧက ၁၈ သိန်းကျော်ရှိသည့်အနက်မှ ၅၇၀,၀၀၀ ကျော်သည် စပါးကိုစိုက်ပျိုးပါကြောင်း၊ ရာဘာစိုက်ပျိုးဧက ၅၀၀,၀၀ ကျော်ရှိပါကြောင်း၊ ကျန်ဧကသည် အခြားသီးနှံများ စိုက်ပျိုးကြပါကြောင်း၊ လာမည့်နှစ် စပါးရိတ်သိမ်းချိန်မှလည်းကောင်း ရာဘာလုပ်ငန်းများ အလုပ်စတင်နိုင်ရန် ကမ်းနီးကမ်းဝေး ငါးဖမ်း လုပ်ငန်းများအတွက် စက်သုံးဆီ လိုအပ်လျက်ရှိပါကြောင်း။


Read More...

: 17-Nov-2026
ရွှေတောင်မြို့နယ်၊ ပြည်တောင်တန်းရေနံမြေ-ကွေ့မအုပ်စုဆိပ်ကမ်းလမ်းအား အဆင့်မြှင့်တင်ပေးမည် ဆိုပါက ဒေသခံပြည်သူများက ကူညီပေးလိုပါသဖြင့် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်း နှင့်စပ်လျဉ်းသည့်မေးခွန်း
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ပြည်တောင်တန်းမှာ ရေနံ၊ သတ္တုတွင်းတို့ ထွက်ရှိခဲ့တဲ့အတွက်ကြောင့် အဆိုပါ ရေနံ၊ သတ္တုတို့အား ချက်လုပ်နိုင်ရန်အတွက် နိုင်ငံတွင်းရေနံချက်စက်ရုံများသို့ပေးပို့ရာမှ စရိတ်ကုန်ကျသက်သာပြီး လွယ်ကူစွာပို့ဆောင်နိုင်ရေး အတွက် ၁၉၆၆ ခုနှစ်တွင် ပြည်တောင်တန်းရေနံမြေမှ အနီးဆုံးဆိပ်ကမ်းရှိရာဖြစ်သည့် ရွှေတောင် မြို့နယ်၊ ကွေ့မကျေးရွာရှိ ဧရာဝတီမြစ်ဆိပ်ကမ်းတွင် ဆိပ်ကမ်းတည်ဆောက်ခြင်း၊ ကွေ့မရွာတွင် ရေနံ ဆိုင်ရာသိုလှောင်ရုံများတည်ဆောက်ပြီး ယာဉ်များသွားလာရန် ကွန်ကရစ်လမ်းများ တောက်လျှောက် ခင်းပေးခဲ့ပါကြောင်း၊ သို့ဖြစ်၍ အဆိုပါလမ်းတစ်လျှောက်ရှိ ကျွဲတလင်းအုပ်စုပိုင်ကျေးရွာများ၊ ဆိတ်ကြီး အုပ်စုပိုင်ကျေးရွာများနှင့် ကွေ့မအုပ်စုပိုင်ကျေးရွာများမှ လုပ်သားပြည်သူတို့မှ မြို့ပြသို့ဖြစ်စေ၊ ရေနံမြေတောင်ပေါ်လမ်းအတိုင်းသွားလာသည့်အခါ လျင်မြန်လွယ်ကူစွာ သွားလာနိုင်ခဲ့သည့်အပြင် ကွေ့မကျေးရွာတွင် တည်ဆောက်ဖွင့်လှစ်ထားသည့် ဆေးရုံ၊ အ.လ.က ကျောင်း၊ အ.ထ.က ကျောင်းများ သို့လည်း ပတ်ဝန်းကျင်ကျေးရွာရှိ ကျေးရွာများမှ လူနာများ၊ ကျောင်းသားများစွာ နေ့စဉ်လွယ်ကူစွာ တက်ရောက်သွားလာနိုင်ခဲ့ကြပါကြောင်း။


Read More...

: 17-Nov-2026
မြောက်ဥက္ကလာပမြို့နယ်တွင် ဓာတ်အားခွဲရုံအသစ်တစ်လုံးအား မည်သည့်ဘဏ္ဍာရေးနှစ်တွင် တည်ဆောက် ပေးမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
မြောက်ဥက္ကလာပ မြို့နယ်မှ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးကို 230KV လှော်ကားပင်မ ဓာတ်အား ခွဲရုံမှ 33 KV လှော်ကား Aa နှင့် Ab ဖီဒါကနေ ရယူသုံးစွဲနေခြင်းဖြစ်ပါကြောင်း၊ လှော်ကားမှ Aa ဖီဒါနှင့် မြို့နယ် ဓာတ်အားခွဲရုံကိုလည်းကောင်း၊ 33 KV Ab ဖီဒါနှင့် ဝေဘာဂီဓာတ်အားခွဲရုံကိုလည်းကောင်း ဓာတ်အားရယူ သုံးစွဲဖြန့်ဖြူး လျက်ရှိသည့်အပြင်၊ ရွှေပေါက်ကံစက်မှုဇုန်တွင် 33/11KV ဓာတ်အားခွဲရုံတစ်ရုံ ရှိပြီး မြောက်ဥက္ကလာပမြို့နယ်ရုံး ကို ချိတ်ဆက်ထားသည်ဟု သိရှိရပါကြောင်း။


Read More...

: 17-Nov-2026
လျှပ်စစ်မီးအား ၂၄ နာရီ အချိန်ပြည့်ပေးနိုင်ရန် ရေတို၊ ရေရှည်စီမံကိန်းများ ဆောင်ရွက်ထားမှု ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
က်ရှိအချိန်တွင် မြန်မာနိုင်ငံ၏လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနိုင်မှုသည် ဝန်နှင့်အား မမျှတမှုနှင့် ကြုံနေရဆဲဖြစ်ပါကြောင်း၊ လေ့လာတွေ့ရှိချက်အရ ၂၀၂၁ ခုနှစ်တွင် လျှပ်စစ်၏ လိုအပ်ချက်မှ ၃၉၉၇ မဂ္ဂါဝပ်ရှိပြီး ၂၀၂၆ ခုနှစ်၌ ၄၆၆၀ မဂ္ဂါဝပ်အထိတိုးလာသည်ကို တွေ့ရသည့်အတွက်ကြောင့် ငါးနှစ်အတွင်း ၁၀၀၀ နီးပါး၊ ၆၆၀ မဂ္ဂါဝပ်တိုးလာသည်ကို တွေ့ရှိရပါကြောင်း၊ မိမိတို့နိုင်ငံသည် အဓိကရေအားလျှပ်စစ်ကို ၅၀ ရာခိုင်နှုန်းနီးပါး မှီခိုနေရသည့်အနေအထားဖြစ်ပါကြောင်း၊ စွမ်းအင်လို အပ်ချက်သည် ဖွံ့ဖြိုးမှုတစ်ဆင့်တက်လာတိုင်းတွင် ပိုမိုလိုအပ်နေမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် တစ်နိုင်ငံလုံးလျှပ်စစ်ဓာတ်အားရရှိမှုအချိုးသည် ၇၁.၃၉ ရာခိုင်နှုန်းရရှိသုံးစွဲနေပြီ ဖြစ်သော် လည်း ဓာတ်အားလိုအပ်ချက်မှာ နှစ်စဉ် ၁၅ ရာခိုင်နှုန်းခန့် တိုးတက်လိုအပ်လျက်ရှိသည်ကို လည်းတွေ့ရှိရပါကြောင်း၊ လက်ရှိ ဓာတ်အားစနစ်မှာ ဓာတ်အားထုတ်လုပ်မှုအရင်းအမြစ် အချိုးအစား Generation Mix အနေဖြင့် အောက်ပါအတိုင်း တွေ့ရှိရမည်ဖြစ်ပါကြောင်း -


Read More...

: 12-Nov-2026
မေးခွန်း ဦးဝင်းဇော် ( ပင်းတယ မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပင်းတယမြို့နယ်အတွင်းရှိ ကျေးရွာ ၂၂ ရွာလျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ပင်းတယမြို့နယ် အတွင်းမှာရှိသည့် သိမ်ကုန်းကျေးရွာအုပ်စု၊ ညောင်ကောက်ကျေးရွာအုပ်စု၊ ညောင်ဝန်းကျေးရွာအုပ်စု၊အင်းငယ်ကျေးရွာအုပ်စု၊ မဲနယ်တောင်ကျေးရွာအုပ်စု အပါအဝင် သိမ်ကုန်း ကျေးရွာ ဓာတ်အားခွဲရုံအနီး ပတ်ဝန်းကျင်ကျေးရွာ ၂၁ ရွာအား လျှပ်စစ်မီးလင်းရေး နှင့်စပ်လျဉ်းပြီး မေးမြန်းသွားမည်ဖြစ်ပါကြောင်း။


Read More...

: 05-Nov-2026