၂၃၀ ကေဗွီ လှော်ကားပင်မဓာတ်အားခွဲရုံ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် ဓာတ်အားပိတ်မည့် အစီအစဉ်နှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးပန်ကြားချက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်ဓာတ်အားစနစ်အတွင်း ဝန်အားမျှတ တည်ငြိမ်စွာဖြင့် စဉ်ဆက်မပြတ် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးနိုင်ရန်အတွက် ပင်မဓာတ်အားခွဲရုံများနှင့် ဓာတ်အားလိုင်းများအား အခါအားလျော်စွာ ထိန်းသိမ်းပြုပြင်ခြင်းနှင့် လိုအပ်ပါက အသစ်တိုးချဲ့ တည်ဆောက်ခြင်းများကို ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၃၀ ကေဗွီ လှော်ကား ပင်မဓာတ်အားခွဲရုံရှိ အပူချိန်မြင့်တက်မှုဖြစ်ပေါ်နေသော ကြားခံလျှပ်ကူးပစ္စည်းအား အစားထိုး လဲလှယ်ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရန် အဆိုပါခွဲရုံရှိ ပင်မထရန်စဖော်မာ အမှတ် (၂) နှင့် ၃၃ ကေဗွီ ပင်မဖြန့်ဖြူးရေးလိုင်း အမှတ် (၂) တို့ကို ၂၀၂၆ ခုနှစ်၊ သြဂုတ်လ (၂၃) ရက်နေ့၊ (၁၂:၀၀) နာရီမှ (၁၅:၀၀)နာရီအထိ အချိန် (၃)နာရီကြာခန့် ဓာတ်အားပိတ် ဆောင်ရွက်သွားမည်ဖြစ်ရာ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မင်္ဂလာဒုံမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ လှည်းကူးမြို့နယ်နှင့် မှော်ဘီမြို့နယ်တို့ရှိ ရပ်ကွက်နှင့် ကျေးရွာများ၊ စက်မှုဇုန်များ၊ စက်ရုံ/ အလုပ်ရုံများ ဓာတ်အားပြတ်တောက်နေမည် ဖြစ်ပါ၍ ဓာတ်အားပြတ်ဧရိယာများရှိ ဓာတ်အားသုံးစွဲသူ မိဘပြည်သူများအား သက်ဆိုင်ရာ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးများမှတစ်ဆင့် ကြိုတင်အသိပေးထားပြီးဖြစ်ပါကြောင်း လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနမှ သတင်းရရှိပါသည်။
Read More...