၂၃၀ ကေဗွီ မြောင်းတကာပင်မဓာတ်အားခွဲရုံ၊ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရန်အတွက် ဓာတ်အားပိတ်မည့် အစီအစဉ်နှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးပန်ကြားချက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်ဓာတ်အားစနစ်အတွင်း ဝန်အားမျှတ တည်ငြိမ်စွာဖြင့် စဉ်ဆက်မပြတ် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးနိုင်ရန်အတွက် ပင်မဓာတ်အားခွဲရုံများနှင့် ဓာတ်အားလိုင်းများကို ထိန်းသိမ်းပြုပြင်ခြင်းနှင့် လိုအပ်ပါက အသစ်တိုးချဲ့ တည်ဆောက်ခြင်းစသည့် လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ၂၃၀ ကေဗွီ မြောင်းတကာပင်မဓာတ်အားခွဲရုံ ရှိ အပူချိန်မြင့်တက်မှုဖြစ်ပေါ်နေသော ဓာတ်အားလွှတ်ကြားခံပစ္စည်းများကို အစားထိုးလဲလှယ်ရန် ၂၀၂၆ ခုနှစ်၊ သြဂုတ်လ (၃၀) ရက်နေ့၊ (၁၀:၀၀) နာရီမှ (၁၅:၀၀) နာရီအထိ အချိန် (၅) နာရီကြာခန့် ဓာတ်အားပိတ်ဆောင်ရွက်မည်ဖြစ်ပါ၍ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အချို့ မြို့/မြို့နယ်များ၊ ရပ်ကွက်များနှင့် ကျေးရွာများ ယာယီဓာတ်အားပြတ်တောက်နေမည် ဖြစ်ကြောင်း၊ ဓာတ်အားပြတ်ဧရိယာများရှိ ဓာတ်အားသုံးစွဲသူ မိဘပြည်သူများကို သက်ဆိုင်ရာ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံးများမှတစ်ဆင့် ကြိုတင်အသိပေးထားပြီးဖြစ်ပါကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနမှ သတင်းရရှိပါသည်။
Read More...