The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

နောက်ဆုံးရသတင်း


သတင်းထုတ်ပြန်ချက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဌာနမှ တာဝန်ရှိသူများနှင့် အတူ ပဲခူးတိုင်းဒေသကြီး(အရှေ့)၊ တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာရုံးတွင် ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် ပတ်သက်၍ လမ်းညွှန်မှာကြားခြင်းအား စက်တင်ဘာလ (၁၂)ရက်နေ့တွင်လည်းကောင်း၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ အရှေ့ပိုင်းခရိုင် အတွင်းလုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် သာကေတမြို့နယ်၊ ၆၆/၃၃/၁၁ ကေဗွီ MOGE GIS ဓာတ်အားခွဲရုံမှ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှုအခြေများအား စက်တင်ဘာလ(၁၃)ရက်နေ့တွင် လည်းကောင်း လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 13-Sep-2026
System Breakdown ဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်သူသို့ အသိပေးပန်ကြားချက်
အကြမ်းဖက်သမားများ၏ ဖျက်ဆီးမှုကြောင့် ဓာတ်အားပေးစက်ရုံအချို့နှင့် ဓာတ်အားလိုင်း အချို့ပုံမှန်လည်ပတ်ပို့လွှတ်နိုင်မှုမရှိသည့် အခြေအနေတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်းများသည် ပြည်သူများ ဓာတ်အားအပြည့်အဝ ရရှိစေရေးအတွက် စွန့်လွှတ်စွန့်စား စိတ်များဖြင့် ဖျက်ဆီးခံထားရသည့် ဓာတ်အားပေးစက်ရုံများနှင့် ဓာတ်အားလိုင်းများပြုပြင်ခြင်း၊ ဆက်စပ်လျက်ရှိသည့် ဓာတ်အားလိုင်းများ ပြောင်းလဲချိတ်ဆက်ခြင်းများကို ပြည်သူများ၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုဖြင့် နေ့ညမပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 11-Sep-2026
သတင်းထုတ်ပြန်ချက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဌာနမှ တာဝန်ရှိသူများ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် အတူ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်အတွင်းရှိ တီကျစ် ကျောက်မီးသွေးသုံးရေနွေးငွေ့ ဓာတ်အားပေးစက်ရုံအား ဩဂုတ်လ(၂၈)ရက်နေ့တွင်လည်းကောင်း၊ တောင်ကြီးခရိုင်အတွင်းရှိ ဓာတ်အားခွဲရုံများမှ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှုအခြေများအား ဩဂုတ်လ(၂၉)ရက်နေ့တွင် လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 30-Aug-2026
Digital Smart မီတာအသစ်များကို Website မှ လျှောက်ထားခြင်းအပေါ် ဌာနမှ ဝန်ဆောင်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေများအား အသိပေးကြေညာခြင်း
၁။       လျှပ်စစ်ဓာတ်အားသုံးစွဲလိုသော်လည်း မီတာမရှိသေးသည့် မိဘပြည်သူများအနေဖြင့် အိမ်သုံး အပြင် စီးပွားရေး/စက်မှုလုပ်ငန်းများအတွက်ပါ လိုအပ်သည့် Digital Smart မီတာအသစ်များကို နိုင်ငံတော် အစိုးရထံမှ ဌားရမ်းအသုံးပြုရာတွင် လျင်မြန်စွာရရှိနိုင်ရန်နှင့် တစ်ဆင့်ခံပွဲစားများ၊ ဝန်ထမ်းများ၏ ပါဝင်ပတ်သက်မှုများမှ ကင်းဝေးစေပြီး အချိန်နှင့်စရိတ်စကများ သက်သာစေရန် ရည်ရွယ်၍ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့မှစ၍ Website မှတစ်ဆင့် ရုံးချုပ်သို့ လျှောက်ထား နိုင်မည်ဖြစ်ကြောင်းနှင့် ဌာနမှသတ်မှတ်ချက်ဖြင့် ကိုက်ညီသော လျှောက်ထားမှုများအတွက် သတ်မှတ်ကြေး ပေးသွင်းရာတွင် ကြီးကြပ်ခ၊ မီးသွယ်ခ၊ မီးဆက်ခအပါအဝင် ပေးသွင်းရမည့်နှုန်းထား များသည် ယခင်အတိုင်း ပြောင်းလဲခြင်းမရှိဘဲ ပေးသွင်းရမည်ဖြစ်ကြောင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် နိုင်ငံပိုင် သတင်းစာများတွင် အသိပေးကြေညာခဲ့ပြီးဖြစ်ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 29-Aug-2026
လျှပ်စစ်ဓာတ်အားသုံးစွဲသူ မိဘပြည်သူများသို့ အသိပေးမေတ္တာရပ်ခံခြင်း
၁။   လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှုများ လျော့နည်းပပျောက်စေရေးအတွက် စွမ်းဆောင်ရည်ကျဆင်းနေသည့် မီတာများနှင့် အသုံးပြုသက်တမ်း နှစ် ၂၀ ကျော်နေသည့် မီတာများအား လဲလှယ်ပေးခြင်းတို့အပြင် လျှပ်စစ်ဓာတ်အားသုံးစွဲလိုသော်လည်း မီတာမရရှိသေးသည့် မိဘပြည်သူများအနေဖြင့် လိုအပ်သည့် လျှပ်စစ်မီတာ အသစ်များကို လျင်မြန်စွာရရှိနိုင်ရန်နှင့် တစ်ဆင့်ခံပွဲစားများ၊ ဝန်ထမ်းများ၏ ပါဝင် ပတ်သက်မှုများမှ ကင်းဝေးစေပြီး အချိန်နှင့် စရိတ်စကများ သက်သာစေရန် ရည်ရွယ်၍ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့မှစ၍ Website မှတစ်ဆင့် ရုံးချုပ်သို့ တိုက်ရိုက်လျှောက်ထားခြင်းများကိုလည်း စတင်ဆောင်ရွက်ပေး လျက်ရှိပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 15-Aug-2026