The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

နောက်ဆုံးရသတင်း


သတင်းထုတ်ပြန်ချက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဌာနမှ တာဝန်ရှိသူများ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် အတူ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်အတွင်းရှိ တီကျစ် ကျောက်မီးသွေးသုံးရေနွေးငွေ့ ဓာတ်အားပေးစက်ရုံအား ဩဂုတ်လ(၂၈)ရက်နေ့တွင်လည်းကောင်း၊ တောင်ကြီးခရိုင်အတွင်းရှိ ဓာတ်အားခွဲရုံများမှ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှုအခြေများအား ဩဂုတ်လ(၂၉)ရက်နေ့တွင် လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 30-Aug-2026
Digital Smart မီတာအသစ်များကို Website မှ လျှောက်ထားခြင်းအပေါ် ဌာနမှ ဝန်ဆောင်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေများအား အသိပေးကြေညာခြင်း
၁။       လျှပ်စစ်ဓာတ်အားသုံးစွဲလိုသော်လည်း မီတာမရှိသေးသည့် မိဘပြည်သူများအနေဖြင့် အိမ်သုံး အပြင် စီးပွားရေး/စက်မှုလုပ်ငန်းများအတွက်ပါ လိုအပ်သည့် Digital Smart မီတာအသစ်များကို နိုင်ငံတော် အစိုးရထံမှ ဌားရမ်းအသုံးပြုရာတွင် လျင်မြန်စွာရရှိနိုင်ရန်နှင့် တစ်ဆင့်ခံပွဲစားများ၊ ဝန်ထမ်းများ၏ ပါဝင်ပတ်သက်မှုများမှ ကင်းဝေးစေပြီး အချိန်နှင့်စရိတ်စကများ သက်သာစေရန် ရည်ရွယ်၍ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့မှစ၍ Website မှတစ်ဆင့် ရုံးချုပ်သို့ လျှောက်ထား နိုင်မည်ဖြစ်ကြောင်းနှင့် ဌာနမှသတ်မှတ်ချက်ဖြင့် ကိုက်ညီသော လျှောက်ထားမှုများအတွက် သတ်မှတ်ကြေး ပေးသွင်းရာတွင် ကြီးကြပ်ခ၊ မီးသွယ်ခ၊ မီးဆက်ခအပါအဝင် ပေးသွင်းရမည့်နှုန်းထား များသည် ယခင်အတိုင်း ပြောင်းလဲခြင်းမရှိဘဲ ပေးသွင်းရမည်ဖြစ်ကြောင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် နိုင်ငံပိုင် သတင်းစာများတွင် အသိပေးကြေညာခဲ့ပြီးဖြစ်ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 29-Aug-2026
လျှပ်စစ်ဓာတ်အားသုံးစွဲသူ မိဘပြည်သူများသို့ အသိပေးမေတ္တာရပ်ခံခြင်း
၁။   လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှုများ လျော့နည်းပပျောက်စေရေးအတွက် စွမ်းဆောင်ရည်ကျဆင်းနေသည့် မီတာများနှင့် အသုံးပြုသက်တမ်း နှစ် ၂၀ ကျော်နေသည့် မီတာများအား လဲလှယ်ပေးခြင်းတို့အပြင် လျှပ်စစ်ဓာတ်အားသုံးစွဲလိုသော်လည်း မီတာမရရှိသေးသည့် မိဘပြည်သူများအနေဖြင့် လိုအပ်သည့် လျှပ်စစ်မီတာ အသစ်များကို လျင်မြန်စွာရရှိနိုင်ရန်နှင့် တစ်ဆင့်ခံပွဲစားများ၊ ဝန်ထမ်းများ၏ ပါဝင် ပတ်သက်မှုများမှ ကင်းဝေးစေပြီး အချိန်နှင့် စရိတ်စကများ သက်သာစေရန် ရည်ရွယ်၍ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့မှစ၍ Website မှတစ်ဆင့် ရုံးချုပ်သို့ တိုက်ရိုက်လျှောက်ထားခြင်းများကိုလည်း စတင်ဆောင်ရွက်ပေး လျက်ရှိပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 15-Aug-2026
Digital Smart မီတာအသစ်များကို Website မှ လျှောက်ထားရာတွင် ပေးသွင်းရမည့် နှုန်းထားများအား အသိပေးကြေညာခြင်း
၁။       လျှပ်စစ်ဓာတ်အားသုံးစွဲလိုသော်လည်း မီတာမရှိသေးသည့် မိဘပြည်သူများအနေဖြင့် အိမ်သုံး အပြင် စီးပွားရေး/စက်မှုလုပ်ငန်းများအတွက်ပါ လိုအပ်သည့် Digital Smart မီတာအသစ်များကို နိုင်ငံတော် အစိုးရထံမှ ဌားရမ်းအသုံးပြုရာတွင် လျင်မြန်စွာရရှိနိုင်ရန်နှင့် တစ်ဆင့်ခံပွဲစားများ၊ ဝန်ထမ်းများ၏ ပါဝင်ပတ်သက်မှုများမှ ကင်းဝေးစေပြီး အချိန်နှင့်စရိတ်စကများ သက်သာစေရန် ရည်ရွယ်၍ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့မှစ၍ Website မှတစ်ဆင့် ရုံးချုပ်သို့ လျှောက်ထားနိုင်မည်ဖြစ်ကြောင်း မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် နိုင်ငံပိုင်သတင်းစာများတွင် ကြေညာခဲ့ပြီးဖြစ်ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 13-Aug-2026
လျှပ်စစ်ဓာတ်အား လေလွင့်ဆုံးရှုံးမှု မရှိစေရေးအတွက် ဓာတ်အားဖြန့်ဖြူးရေးစနစ်အား Digital စနစ်သို့ ကူးပြောင်းနိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်မှုလုပ်ငန်းတို့အား ကြည့်ရှုစစ်ဆေး
 လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်ဓာတ်အား လေလွင့်ဆုံးရှုံးမှု လျော့နည်း ပပျောက်စေရန်အတွက် ဓာတ်အားဖြန့်ဖြူးရေးစနစ်အား Digital စနစ်သို့ ကူးပြောင်းနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်မှုလုပ်ငန်းဖြစ်သည့် စွမ်းဆောင်ရည်ကျဆင်းနေသည့် မီတာ များနှင့် အသုံးပြုသက်တမ်း နှစ် ၂၀ ကျော်နေသည့် မီတာများအား လဲလှယ်ပေးခြင်း၊ မီတာ အသစ် သုံးစွဲလိုသူများကို မီတာများ လျင်မြန်စွာတပ်ဆင်ပေးနိုင်ရန်အတွက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် တာဝန်ရှိသူများ လိုက်ပါပြီး ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိ မြို့နယ်ရှိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ မီတာစမ်းသပ်စစ်ဆေးရေးဌာနခွဲနှင့် ပစ္စည်း စီမံခန့်ခွဲရေးဌာနခွဲ စတိုအတွင်း Digital Smart Meter များအား စနစ်တကျထိန်းသိမ်းထားရှိမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။


Read More...

Posted under : ဝန်ကြီးရုံး
: 12-Aug-2026