The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

နောက်ဆုံးရသတင်း


သတင်းထုတ်ပြန်ချက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် International Solar Alliance (ISA) ၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ကော်မတီဝန်ကြီးအဆင့် ပဉ္စမအကြိမ်အစည်းအဝေးသို့တက်ရောက်ရန် ဖိတ်ကြားချက်အရ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့တွင် အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)နိုင်ငံ၊ အဘူဒါဘီမြို့သို့ ရောက်ရှိခဲ့ကြပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 25-Jul-2023
သတင်းထုတ်ပြန်ချက်
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ရောက်ရှိနေသော လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ရခိုင် ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာရုံး၌ မိုခါမုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသရှိ ကျေးရွာ များတွင် ပျက်စီးသွားသည့် ၁၁ကေဗွီနှင့် ၄၀၀ဗို့ ဓာတ်အားလိုင်းများ ပြန်လည်တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေကြသည့် အဖွဲ့များနှင့် တွေ့ဆုံ၍ လုပ်ငန်းညိှနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 21-Jul-2023
သတင်းထုတ်ပြန်ချက်
ရခိုင်ပြည်နယ် ၊ စစ်တွေမြို့တွင်ရောက်ရှိနေသော လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၊ ဒုတိယ ဝန်ကြီး ဦးအေးကျော်သည် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့ နေ့လည်ပိုင်းတွင် မင်းပြားမြို့သို့ ရောက်ရှိပြီး မင်းပြားမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၌ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ငွေကောက် ကောင်တာတွင် မီးသုံးသူပြည်သူများက လျှပ်စစ်ဓာတ်အားခ လာရောက်ပေးဆောင်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ညနေပိုင်းတွင် မြောက်ဦးမြို့သို့ရောက်ရှိရာ မြောက်ဦးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံး၌ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 19-Jul-2023
သတင်းထုတ်ပြန်ချက်
 လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦသောင်းဟန်သည်  ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့၊ နံနက်ပိုင်းတွင် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (ရုံးချုပ်)၊ အစည်းအဝေးခန်းမ၌ မန္တလေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ပေးထားမှု၊ လျှပ်စစ်ဓာတ်အားလျော့နည်းပပျောက်မှု၊ ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု၊ ဓာတ်အားခကောက်ခံရရှိမှုနှင့် ဘဏ္ဍာရေးဆိုင်ရာ အလွဲသုံးစားမှုများ မဖြစ်ပေါ်စေရေးတို့နှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ် လျှပ်စစ်မန်နေဂျာ/ လျှပ်စစ် အင်ဂျင်နီယာများ၊ ဘဏ္ဍာရေးတာဝန်ခံများနှင့် ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 15-Jul-2023
သတင်းထုတ်ပြန်ချက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများအတွင်း ရှိ မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသည့် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းကို အရှိန်အဟုန်ဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက် ရှိရာ စစ်တွေမြို့၊ ပုဏ္ဏားကျွန်းမြို့၊ ကျောက်တော်မြို့၊ မြောက်ဦးမြို့၊ မင်းပြားမြို့၊ မြေပုံမြို့၊ ရသေ့တောင်မြို့နှင့် ပေါက်တောမြို့ ရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအချို့အား (၇.၆.၂၀၂၃) ရက်၊ (၁၈.၆.၂၀၂၃) ရက်၊ (၂၃.၆.၂၀၂၃) ရက်နှင့်(၅.၇.၂၀၂၃) ရက်နေ့စသည့်  အသီးသီး ရက် များတွင် ဓာတ်အားစနစ်မှ ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 13-Jul-2023